ဒီဇင်ဘာလ ၂၈ ရက်၊ ကြာသပတေးနေ့၊ ၂၀၂၃ ခုနှစ်

แชร์
ฝัง
  • เผยแพร่เมื่อ 26 ธ.ค. 2023
  • သမ္မာတရားရိပ်မြုံ (ဆရာဂျက်)
    နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်းအတွက်သမ္မာတရား
    ဒီဇင်ဘာလ ၂၈ ရက်၊ ကြာသပတေးနေ့၊ ၂၀၂၃ ခုနှစ်
    အခြေပြုကျမ်း - ဖိလိပ္ပိ ၄း ၄-၉
    လူအပေါင်းတို့ ရှေ့၌ သင်တို့၏ ဖြည်းညှင်းသော သဘောကို ထင်ရှားစေကြလော့။ သခင်ဘုရားသည် အနီးအပါး၌ ရှိတော်မူ၏။အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွန်းခြင်းနှင့်တကွ ဆုတောင်းပဌနာပြုသောအားဖြင့် သင်တို့ တောင်းပန်လိုသောအရာများတို့ကို ကြားလျှောက်ကြလော့။( ဖိလိပ္ပိ ၄: ၅-၆ )
    ####### ဒီနေရာမှာ ရှင်ပေါလုရဲ့ သတိပေးချက်ကို ဖတ်ရှုဆင်ခြင်နှလုံးသွင်းဘို့ နည်းလမ်းတွေရှိပါတယ်..
    ဒါပေမဲ့ ပေါလုရဲ့သြဝါဒစာများမှာ ပါတဲ့ သတိပေးချက်များရဲ့ ရှုထောင့်တခု က အခြားအခန်းငယ်များနဲ့ ဆက်စပ်စဉ်းစားခြင်းပါဘဲ...အခု ကျမ်းပိုဒ်ဖေါ်ပြချက်ကတော့ ရိုးရှင်းပါတယ်... သူတပါး ရှေ့မှာ နူးညံ့သိမ်မွေ့ခြင်းရှိပါ..
    ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ သခင်ဘုရားက ကျွန်တော်တို့နဲ့အတူရှိလို့ ဖြစ်တယ် .... ပတ်ဝန်းကျင်က ဘယ်လောက်ပင် ရိုင်းစိုင်းကြမ်းတမ်းနေပါစေ ...ကျွန်တော်တို့က ကြမ်းတမ်းရိုင်းစိုင်းလို့မရဘူး..
    ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က လောကသားတွေ မဟုတ်ဘဲ ဘုရားသားတွေ ဖြစ်လို့ပါ...သူတို့ကကျွန်တော်တို့ကို ကြမ်းတမ်းစွာဆက်ဆံရင်လည်း သခင်ဘုရားက ကိုယ်နဲ့အတူရှိလို့ စိတ်ပူစရာမလိုပါဘူး...ကျွန်တော်တို့ဘက်မှာရှိတဲ့သူက လောကသားတွေဘက်မှာရှိတဲ့ သူထက် သာ၍ အားကြီးပါတယ်👏👏👏👏👏👏👏👏
    ####### ဘုရားကကိုယ်နဲ့အတူရှိလို့ ဘာကိုမှ စိုးရိမ်စရာမလိုပါဘူး..ဘုရားသခင်ဆီမှာ သူ့ရဲ့သားသမီးတဦးချင်းစီအတွက် အစီအစဉ်တွေရှိပါတယ်...အဲ့ဒီအစီအစဉ် များကို အတိုင်းအတာတခုထိ ကျွန်တော်တို့သိနိုင်ပြီး သူ့ရဲ့ အစီအစဉ်အတိုင်း တနေ့ချင်းစီနဲ့ နေ့ရက်တိုင်း ကျွန်တော်တို့ လိုက်လျှောက်ဘို့ ဘုရားသခင်အလိုရှိပါတယ်...ဒီလိုနဲ့ဘဲ ဘုရားသခင် ချမှတ်ပေးထားတဲ့ ပန်းတိုင်ကို ကျွန်တော်တို့ မြင်တွေ့ သိရှိလာနိုင်မှာဖြစ်ပါတယ်... ကျမ်းစာထဲက ပုဂ္ဂိုလ်တွေကိုလည်း ဒီလိုနည်းနဲ့ဘဲ ဘုရားသခင် ပို့ဆောင်ခဲ့တာဖြစ်ပါတယ်...အခက်အခဲ အတားအဆီးများရှိမယ်ဆိုရင်လည်း အောင်မြင်စွာကျော်ဖြတ်နိုင်ဘို့ ဘုရားသခင် ခွန်အားပေးမှာဖြစ်တယ်💥💥💥💥💥💥💥
    ####### အဘယ်အမှုကိုမျှစိုးရိမ်ခြင်းမရှိနဲ့ ဆိုတဲ့ စကားကိုစဉ်းစားကြည့်ပါ.... အဲ့ဒီလောက်ထိအာမခံတဲ့ ဘုရားဟာ ဘယ်လောက်ကြီးမြတ်တဲ့ ဘုရားဖြစ်မလဲ?
    သူဟာ အရာခပ်သိမ်းကို တတ်နိုင်တယ် ..... သူမတတ်နိုင်တဲ့ အမှုတခုမှ မရှိဘူး....ကျွန်တော်တို့ လုပ်ရမှာက အရာရာတိုင်းအတွက် သူ့ရဲ့ ကျေးဇူးတော်ကို ချီးမွန်းယုံဘဲ ရှိပါတယ်...နောက်ပြီး ဆုတောင်းရမယ်...ရှင်ပေါလုက ဒီလိုဘဲ အသက်ရှင်ခဲ့သလို ကျွန်တော်တို့လည်း ဒီလိုဘဲ အသက်ရှင်ရမယ်... ဒါဟာ အလကား လုပ်ခိုင်းနေတာမဟုတ်ဘူး
    ဒီလို အသက်ရှင်ခြင်းအားဖြင့် ရှင်ပေါလုရဲ့ ဘဝမှာ ဘုရားသခင်ရဲ့ တန်ခိုးတော်နဲ့ မေတ္တာတော်ကိုခံစားရသလို
    အဘယ်သူမျှ စဉ်းစားကြံစည်လို့တောင် မမှီနိုင်တဲ့ ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်းကို သူခံစားခဲ့ရပါတယ်...
    သူ့လိုဘဲ ကျွန်တော်တို့ကိုလည်း ခံစားစေချင်လို့ ခုလို တိုက်တွန်းနေတာဖြစ်ပါတယ် ❤️❤️❤️❤️❤️❤️❤️
    🤔🤔🤔🤔🤔🤔 ထပ်မံဆင်ခြင်ရန်.... ကြမ်းတမ်းရိုင်းစိုင်းသူများရှေ့မှာ သင် နှိမ့်ချစ္စာ နေခဲ့ဘူးပါသလား?
    🙏🙏🙏🙏🙏🙏 ဆုတောင်းရန်... အဖဘုရား...ကိုယ်တော်ပေးတဲ့ ငြိမ်သက်ခြင်း အတွက် ကျေးဇူးတင်ပါတယ်အဖ
  • เพลง

ความคิดเห็น • 3