ဒီဇင်ဘာလ ၃၀ ရက်၊ စနေနေ့၊ ၂၀၂၃ ခုနှစ်

แชร์
ฝัง
  • เผยแพร่เมื่อ 28 ธ.ค. 2023
  • သမ္မာတရားရိပ်မြုံ (ဆရာဂျက်)
    နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်းအတွက်သမ္မာတရား
    ဒီဇင်ဘာလ ၃၀ ရက်၊ စနေနေ့၊ ၂၀၂၃ ခုနှစ်
    အခြေပြုကျမ်းချက် - တရားဟောရာ ၃၁း၁-၈
    တဖန် ယောရှုကိုခေါ်၍ သင်သည် အားယူ၍ ရဲရင့်ခြင်း ရှိလော့၊ အကြောင်းမူကား တာ၀ရဘုရားသည် ဤလူတို့အားပေးခြင်းငှါ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပြည်သို့ သင်သည်သူတို့နှင့်အတူသွား၍ အမွေခံစေရမည်၊
    သင့်ရှေ့မှာ ထာဝရဘုရားသည် ကိုယ်တိုင် ကြွ၍ သင်နှင့် ရှိတော်မူလိမ့်မည်။သင့်ကို စွန့်တော်မမူ ပစ်ထားတော်မမူ
    မစိုးရိမ်နှင့် စိတ်မပျက် နှင့်ဟု က္ကုသရေလအမျိုးသား အပေါင်းတို့ရှေ့မှာ ပြောဆို၏။
    ( တရားဟော ၃၁: ၇-၈ )
    ######## အခုကျွန်တော်တို့ ဖတ်သွားတဲ့ ကျမ်းပိုဒ်ပါစာစကားများကတော့ မောရှေက လူတွေရှေ့မှာ ယောရှု ကို မှာကြားတဲ့ စကားဖြစ်ပါတယ်....ဒါက သိပ်အရေးကြီးတဲ့ မှာကြားမှု ဖြစ်လို့ ယောရှု သေချာမှတ်သားထားတယ်ဆိုတာထင်ရှားစွာတွေ့ရတယ်..ဘာကြောင့်လည်းဆိုတော့ မောရှေ မရှိတော့တဲ့ နောက်မှာ ယောရှု က က္ကုသရေလလူတွေရှေ့မှာဒီစကားကို ပြန်လည် ပြောကြားပါတယ်.. ယောရှု ၁:၆-၉ ကို ကြည့်ပါ... အမှန်လည်းနေ့ရက်တိုင်းမှာ ကျွန်တော်တို့လုပ်ဆောင်ရတဲ့ အလုပ်တွေရှိပါတယ်... စိတ်ထဲမှာ စိုးရိမ်ပူပန်ခြင်းနဲ့ ကြောက်ရွံ့ခြင်း ရှိနေရင် ဘာအလုပ်မှ လုပ်လို့ အဆင်ပြေမှာ မဟုတ်ဘူး ..... သွေးဆောင်ခြင်း...တိုက်ခိုက်ခြင်းခံရရင်လည်း အလွယ်တကူနဲ့ ကျရှုံးသွားမှာဖြစ်ပါတယ်😪😪😪😪
    ####### ဒါကြောင့် ဘုရားသခင်က အားယူ၍ ရဲရင့်ခြင်း ရှိပါလို့ ပြောနေတာဖြစ်တယ် .... သူက ကျွန်တော်တို့ကို ခွန်အားဘဲပေး အားဘဲ ပေးပြီး မင်းတို့ သွားတိုက်ခိုက်သိမ်းပိုက်ကြဆိုပြီး လွှတ်လိုက်တာမဟုတ်ပါဘူး...သူကိုယ်တိုင် ကျွန်တော်တို့နဲ့အတူ လိုက်တဲ့အပြင် ကျွန်တော်တို့ရှေ့ကသွားတဲ့ ဘုရားသခင်ဖြစ်ပါတယ်... ဘုရားသခင် ကျွန်တော်တို့နဲ့အတူရှိတယ်ဆိုတာကို ကျွန်တော်တို့ စိတ်ချမှုရှိရမယ်... ကျွန်တော်တို့နဲ့အတူ ဘုရားသခင်ရှိတဲ့အကြောင်းသူကလည်းသက်သေပြပါလိမ့်မယ်... ကျွန်တော်တို့ဘက်ကလည်း ကိုယ့်အားကိုယ်ကိုးတာမဟုတ်၊ အခြားလူများကို အားကိုးတာမဟုတ်ဘဲ ဘုရားသခင်ကိုသာ အားကိုးကြောင်း သက်သေပြရမှာဖြစ်ပါတယ်🗯️🗯️🗯️🗯️🗯️🗯️🗯️🗯️
    ######## ဘုရားသခင်အတူရှိလျက် ကူညီမစ ပေးခြင်း ဆိုတာ ခွန်အားနည်းသွားဘို့မဟုတ် အားနည်းသွားစရာအကြောင်းမရှိဘဲ ကျွန်တော်တို့မှာရှိသမျှခွန်အား ရဲ့ အရင်းအမြစ် ဖြစ်ပါတယ်... အောင်မြင်ခြင်းရဲ့ လှို့ဝှက်ချက် က ကြောက်ရွံ့မှုတွေအားလုံးကို ဖယ်ရှားပြီး ဘုရားသခင်ကိုသာလုံး၀အမှီပြုလျက် သူ့ကို ကျွန်တော်တို့ရဲ့ ဒိုင်းလွှား ကျွန်တော်တို့ရဲ့ လက်နက်ဖြစ်စေရမှာဖြစ်ပါတယ်... ဒီနေရာမှာ ဘုရားအတူပါရှိလို့ ဆိုပြီး ကျွန်တော်တို့ မာန်မာနတက် ထောင်လွှားနေရမှာမဟုတ်ဘဲ နှိမ့်ချစွာဖြင့် အသက်ရှင်ရမှာဖြစ်ပါတယ်....ရှင်ပေါလု က ၂ ကော ၁၂:၁၀ မှာ ( ငါသည် အားနည်းသောအခါ တန်ခိုးနှင့် ပြည့်စုံလျက်ရှိ၏ ) လို့ ပြောသလို ကျွန်တော်တို့ ပြောနိုင်တဲ့ သက်သေ ရှိရမှာဖြစ်ပါတယ်💥💥💥💥💥💥💥
    ######### ယနေ့ ကျွန်တော်တို့ကို လောကမှာ ဘုရားသခင်ထားထားတာဟာ ကစားဘို့ စားဘို့ ကိုယ့်အလိုဆန္ဒ ပြည့်စုံယုံသက်သက် ထားထားခြင်းမဟုတ်ပါဘူး... ဘုရားရဲ့ အလိုဆန္ဒပြည့်စုံဘို့ လောကမှာ ကျွန်တော်တို့ကို ထားထားတာဖြစ်ပါတယ်...ဘုရားသခင်ရဲ့အလိုတော်ကဘာလဲဆိုတော့ ( လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိဘို့ ဘုရားသခင်အလိုတော် ရှိပါတယ် ) က္ကုသရေလလူတွေကို အဲဂုတ္တုကျွန်ဘဝကနေ လွတ်မြောက်စေပြီး နို့နဲ့ ပျားရည်စီးရာ ခါနန်ပြည်သို့ ဘုရားသခင် ပို့ဆောင်ခဲ့သလို ယနေ့ လူတွေကိုလည်း အပြစ်ကျွန်ဘ၀က လွတ်မြောက်ပြီး ထာဝရကောင်းကင် ရွှေပြည်သို့ ဘုရားသခင် ပို့ဆောင်လိုပါတယ်....ထာ၀ရအသက်ရပြီဆိုရင်လည်း သမ္မာတရားနဲ့ အသက်ရှင်ဘို့ ဘုရားသခင်အလိုရှိပါတယ်..ဒီအတွက် ဘုရားသခင် ကျွန်တော်တို့ကို အသုံးပြုချင်တယ်..ဒါ့ကြောင့် ကျွန်တော်တို့ အသက်တာများကို ဘုရားသခင်အလိုရှိတဲ့ အလုပ်မှာ အသုံးပြုဘို့ ဆက်ကပ်ကြပါစို့❤️❤️❤️❤️❤️❤️
    🤔🤔🤔🤔🤔🤔 ထပ်မံဆင်ခြင်ရန်.... ကျွန်တော် အသက်ရှင်နေခြင်းဟာ ကိုယ့်အလိုဆန္ဒအတိုင်း အသက်ရှင်နေခြင်းလား❓❓❓
    🙏🙏🙏🙏🙏🙏 ဆုတောင်းရန်... အဖဘုရား...ကိုယ်တော့် အလိုတော်အတိုင်း အသက်ရှင်နိုင်ဘို့ ကျွန်တော့်ကို လမ်းပြပါ....ခွန်အားပေးပါ အဖ
  • เพลง

ความคิดเห็น • 2