ဒီဇင်ဘာလ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့ ၊ ၂၀၂၃ ခုနှစ်

แชร์
ฝัง
  • เผยแพร่เมื่อ 25 ธ.ค. 2023
  • သမ္မာတရားရိပ်မြုံ (ဆရာဂျက်)
    နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်းအတွက် သမ္မာတရား
    ဒီဇင်ဘာလ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့ ၊ ၂၀၂၃ ခုနှစ်
    အခြေပြုကျမ်း - ဆာလံ ၁၁၉း၁-၈
    သက်သေခံတော်မူချက်တို့ကို စောင့်၍ ကိုယ်တော်ကိုစိတ်နှလုံး အကြွင်းမဲ့ရှာသော သူတို့သည် မင်္ဂလာရှိကြ၏။ ( ဆာလံ ၁၁၉း၂ )
    ######## ဆာလံ ၁၁၉ ကို စိတ်ဝင်စားလို့ သေချာ ဖတ်ကြည့်မယ်ဆိုရင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော် သမ္မာတရားနဲ့ ပတ်သက်နေတာတွေ ကြီးဘဲ တွေ့ရမှာဖြစ်ပါတယ်... ဆာလံ ၁၁၉ ကို ဘယ်သူဘဲ ရေးရေး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တန်ဘိုးသိပ်ကြီးတယ်ဆိုတာနဲ့ နှုတ်ကပတ်တော်ကို နှလုံးသွင်းထားဘို့ သိပ်အရေးကြီးတယ်ဆိုတာကို တွေ့ရမှာဖြစ်တယ် ... ဆာလံ ၁၁၉ ရဲ့ အဓိကအချက်များက ...ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ကြားနာခြင်း ရှိရမယ်...နောက် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကိုဖတ်ရမယ် ...ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို လေ့လာရမယ်
    နောက်အဲ့ဒီနှုတ်ကပတ်တော်ကို မှတ်သားထားနိုင်ဘို့ ကျက်မှတ်ရမယ်...နောက်ဆုံးကတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဆင်ခြင်အောင်းမေ့နှလုံးသွင်းပြီး လက်တွေ့ ကျင့်သုံးဘို့ဖြစ်ပါတယ်👏👏👏👏👏👏
    ####### ဆာလံ ၁၁၉:၁-၈ အထိမှာတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို နာခံခြင်းကြောင့်ခံစားရမယ့် ကောင်းကြီးမင်္ဂလာများအကြောင်းကို ပြောထားတာဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်...ကျွန်တော်တို့ရဲ့ အသက်တာမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်လျှောက်လှမ်းရင် ဘ၀မှာ အပြစ်တင်ခွင့်နဲ့ ကင်းလွတ်ပြီး ကောင်းကြီး မင်္ဂလာကို ခံစားရမယ် ... ဘယ်အချိန်မှာ လိုက်လျှောက်မယ် ... ဘယ်တုန်းကဘယ်လိုလုပ်ခဲ့တယ်ဆိုတာနဲ့ မဆိုင်ဘဲ စိတ်နှလုံး အကြွင်းမဲ့ လိုက်လျှောက်ခြင်းနဲ့ မတရားမှုများ ရောနှောပါဝင်မှုမရှိခြင်းနဲ့ဘဲ ဆိုင်ပါတယ်....ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို နှုတ်ကပတ်တော်အားဖြင့် သိရှိလေလေ သူ့ကိုသာ၍ ကျေးဇူးတင်လေလေဖြစ်ပြီး ဘုရားသခင် က နာခံမှုရှိတဲ့ သူ့ရဲ့ သားသမီးများကို ပြုစုစောင့်ရှောက်ဘို့ သစ္စာနှင့် ပြည့်စုံတဲ့ ဘုရားဖြစ်ပါတယ်💥💥💥💥💥💥💥💥
    ####### အခြေပြုကျမ်းချက်မှာတွေ့ရတဲ့ အဓိက သွန်သင်ချက်ကတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကိုအကြွင်းမဲ့နာခံမှုရှိတဲ့ သူရဲ့ အသက်ရှင်နေထိုင်မှုပုံစံ ဟာ အရှက်တကွဲဖြစ်ခြင်းမရှိ ... အပြစ်တင်ခွင့်မရှိဘဲ မင်္ဂလာ
    ရှိတဲ့ အသက်ရှင်နေထိုင်မှုပုံစံဖြစ်တယ်ဆိုတာပါဘဲ....
    ဖတ်သွားတဲ့ ဆာလံ ၁၁၉:၂ ရဲ့ အဓိကသော့ချက်စကားလုံးများကတော့ ဘုရားသခင်ရဲ့ သက်သေခံချက်..စောင့်ရှောက်ခြင်း.. စိတ်နှလုံး အကြွင်းမဲ့ ... မင်္ဂလာရှိခြင်း စသည်တို့ဖြစ်ပါတယ်...ဘုရားသခင်ရဲ့ တရားလမ်းမှာ မတရားတာမရှိဘူး.. ဘုရားသခင်ရဲ့ တရားတော်ကိုနာခံမှုဟာ တရက်ပြီးတရက်သာ၍ဖွံ့ဖြိုးတိုးတက်လာရမှာဖြစ်တယ် ... နာခံလေလေ ဘုရားသခင် ကောင်းမြတ်ကြောင်း သာ၍သက်သေခံနိုင်လေလေ ဖြစ်လာမယ်..ဘုရားသခင်က သင့်ကို ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ဘူးဆိုတာကိုလည်း သာ၍ စိတ်ချလာမှာဖြစ်ပါတယ်❤️❤️❤️❤️❤️
    🤔🤔🤔🤔🤔🤔 ထပ်မံဆင်ခြင်ရန်.... ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က သင့်အတွက် ဘယ်လောက် တန်ဘိုးကြီးပါသလဲ?
    🙏🙏🙏🙏🙏🙏 ဆုတောင်းရန်.... အဖဘုရား...ကိုယ်တော်၏ လမ်းအတိုင်း လျှောက်နိုင်ဘို့ရန် ခွန်အားပေးပါ အဖ...
  • เพลง

ความคิดเห็น • 3

  • @dawtinttint2056
    @dawtinttint2056 6 หลายเดือนก่อน

    Amen. Amen. Teacherthank...you. Mayo.U...

  • @user-xs8zr9oz6j
    @user-xs8zr9oz6j 6 หลายเดือนก่อน

    Amen❤😊

  • @saiplaosau5694
    @saiplaosau5694 6 หลายเดือนก่อน

    Amen