ဒီဇင်ဘာလ ၂၉ ရက်၊ သောကြာနေ့၊ ၂၀၂၃ ခုနှစ်

แชร์
ฝัง
  • เผยแพร่เมื่อ 27 ธ.ค. 2023
  • သမ္မာတရားရိပ်မြုံ (ဆရာဂျက်)
    နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်းအတွက်သမ္မာတရား
    ဒီဇင်ဘာလ ၂၉ ရက်၊ သောကြာနေ့၊ ၂၀၂၃ ခုနှစ်
    အခြေပြုကျမ်း - ဆာလံ ၁၀၆း၁-၅
    ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွန်းကြလော့။ ( ဆာလံ ၁၀၆:၁ )
    ####### ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏ဆိုတဲ့ စကားဟာ ကျမ်းစာရဲ့ တမူထူးခြားတဲ့စာစောင်တွေထဲမှာလဲ ဖေါ်ပြထားတာကို တွေ့ရပါတယ်.....ဥပမာအားဖြင့် နာဟုံ ၁:၇ မှာ ( ထာဝရဘုရားသည် ကောင်းတော်မှု၏။ အမှုရောက်သောအခါ ရဲတိုက်ဖြစ်တော်မူ၏၊
    ခိုလှုံသောသူတို့ကို သိမှတ်တော်မှု၏။ )
    နာဟုံဟာ အင်မတန် ကြီးကျယ်တဲ့ နိနဝေမြို့ကြီး ပျက်စီးမှာကို ကြိုတင်ပရောဖက်ပြုခဲ့ပြီး သူပရောဖက်ပြုခဲ့တဲ့ အတိုင်း နိနဝေမြို့ကြီး စပျက်စီးတဲ့အချိန်မှာ ဘုရားသခင် ကောင်းမြတ်တယ်လို့ ထပြောခဲ့ပါတယ်.... ပတ်ဝန်းကျင်အခြေအနေ ဘယ်လောက် ဆိုးဆိုး ဘာဘဲဖြစ်နေနေနာဟုံအတွက်ကတော့ ဘုရားသခင် ကောင်းမြတ်တယ်⭐⭐⭐⭐⭐⭐⭐⭐⭐
    ######## ဘုရားသခင် ကောင်းမြတ်တယ်ဆိုတာ သိဘို့အတွက် အချိန်ယူရပါတယ်.... တကယ်ဘဲ ဘုရားသခင် လုပ်ပေးတဲ့ ကောင်းမြတ်ခြင်းကို လက်တွေ့ကြုံတွေ့ခံစားရခြင်းရှိမှ ဘုရားသခင် ကောင်းမြတ်တယ်လို့ ပြောနိုင်မှာ ဖြစ်ပါတယ်... ယနေ့ ယုံကြည်သူများကတော့ ဘုရားသခင် ကောင်းမြတ်ပါတယ်...ကျွန်တော့်အပေါ်မှာလို့ ဘုရားကျောင်းဝတ်ပြုစည်းဝေးတွေမှာ လွယ်လွယ်ကူကူကြွေးကြော်နေကြပါတယ်....ဒါပေမဲ့ တကယ်တမ်း အခြေအနေဆိုးတခုခုနဲ့ ကြုံရရင် ဘုရားကောင်းမြတ်တယ်လို့ ဝန်ခံနိုင်ပါ့မလား..သုံးစရာပိုက်ဆံ ပြတ်သွားရင်
    ဆန်အိုးထဲမှာဆန်မရှိတော့ရင် ဘုရားသခင်ကောင်းမြတ်ပါတယ် ကျွန်တော့်အပေါ်မှာလို့ ကြွေးကြော်ဝန်ခံနိုင်ပါ့မလား? ဒီလို ကြွေးကြော်နိုင်ဘို့အတွက် အချိန်ယူရမယ်....အတွေ့အကြုံရှိရမှာဖြစ်ပါတယ်💥💥💥💥💥
    ###### ဘုရားသခင်ဖန်ဆင်းစကသူကိုယ်တိုင် ကောင်းတယ်လို့ ပြောခဲ့တဲ့ ကမ္ဘာကြီးဟာ ယနေ့ လူတွေ ဆိုးဝါးလွန်းပြီး ဘုရားသခင်ကို ဂရုမစိုက် မယုံကြည်ကြလို့ ဖြစ်ချင်တိုင်းဖြစ်...ရှုပ်ရှက်ခတ်ပြီး အခြေအနေတွေ ဆိုးဝါးလှ ကာမကောင်းတော့ပါဘူး....ဘုရားသခင်မထိန်းချုပ်ဘူးလားလို့ မေးခွန်းထုတ်စရာ အခြေအနေဖြစ်ပါတယ်... ဒါပေမဲ့ ဒီလိုဖြစ်လိမ့်မယ်လို့ ဘုရားသခင်က ကြိုတင် ပြောခဲ့တာဖြစ်ပြီး ဒီလိုအခြအနေဆိုးတွေအတွက် ကြိုတင်ပြင်ဆင်ထားရမှာဖြစ်တယ်...နောက်တခုကတော့ လူတွေကလည်း ဒုက္ခရောက်မှဘုရားတကြာတာဖြစ်လို့ ခုလို ချိန်မျိုးမှာမှ ဧဝံဂေလိ တရားကြောင့် မြောက်များစွာသော လူတွေ ဘုရားသခင်ထံ ပြန်လှည့်လာကြပါပြီ...အရေးကြီးတာကတော့ ပတ်ဝန်းကျင် ရဲ့အဆိုးတွေကိုယ့်ကိုလာမလွှမ်းမိုးဘိုနဲ့ ဘုရားသခင်ကသာ ကိုယ့်ကို အချိန်တိုင်း လွှမ်းမိုးနေဘို့ဖြစ်ပါတယ်🗯️🗯️🗯️🗯️🗯️🗯️🗯️
    ######## ဘုရားသခင် က မနေ့ ယနေ့ နောင်ကာလ မပြောင်းလဲသလို သူ့ရဲ့ကောင်းမြတ်မှုကလည်းမနေ့ ယနေ့ နောင်ကာလ မပြောင်းလဲပါဘူး...ဆာလံ ၁၀၅ က က္ကုသရေလလူတွေအပေါ်မှာ ဘုရားသခင် ဘယ်လောက်ကောင်းမြတ်လဲဆိုတာကို မှတ်တမ်းတင်ထားပြီး ဆာလံ ၁၀၆ ကတော့ က္ကုသရေလလူတွေ ဘုရားသခင်အပေါ်မှာ ဘယ်လိုပုန်ကန်ခဲ့ကြသလဲဆိုတာ ဖေါ်ပြထားပါတယ်
    ဒီဆာလံ တွေကို ဖတ်ပြီး က္ကုသရေလလူမျိုးများကဲ့သို့ ကျွန်တော်တို့ ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းများကို ခံယူပြီး ဘုရားသခင်ကို ပုန်ကန်ခြင်းမပြုဘဲ အသက်ရှင်ကြပါစို့❤️❤️❤️❤️❤️❤️❤️❤️❤️
    🤔🤔🤔🤔🤔 ထပ်မံဆင်ခြင်ရန်..... တခါတရံ ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းများကို သင်မေ့လျှော့နေတဲ့ အချိန်များ ရှိပါသလား?
    🙏🙏🙏🙏🙏🙏🙏 အဖဘုရား....ကျွန်တော် အပေါ်မှာ ကိုယ်တော်ပြုသော ကောင်းမှုများအတွက် ကိုယ်တော်ကို ကျေးဇူးတင်ပါတယ်အဖ။
  • เพลง

ความคิดเห็น • 4