ဒီဇင်ဘာလ ၁၄ ရက်၊ ကြာသပတေးနေ့၊ ၂၀၂၃ ခုနှစ်

แชร์
ฝัง
  • เผยแพร่เมื่อ 12 ธ.ค. 2023
  • သမ္မာတရားရိပ်မြုံ (ဆရာဂျက်)
    နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်းအတွက်သမ္မာတရား
    ဒီဇင်ဘာလ ၁၄ ရက်၊ ကြာသပတေးနေ့၊ ၂၀၂၃ ခုနှစ်
    အခြေပြုကျမ်း - ၁ ကော ၁၃
    ရေများတို့သည် မေတ္တာကို မသတ်နိုင်၊ မြစ်ရေတို့သည် မလွှမ်းမိုးနိုင်။ (ရှောလမုန်သီချင်း ၈:၇ )
    ######## ဒီ ကျမ်းပိုဒ်ပါသမ္မာတရား ကတော့ မေတ္တာရဲ့ အရှိန်အဟုန် ကြီးမားလှပုံကို ဖေါ်ပြထားတာဖြစ်ပါတယ်.. ချစ်ခြင်းမေတ္တာမှာ ပါဝင်တဲ့ ဂုဏ်အင်္ဂါ လက္ခဏာတွေကိုတော့ ၁ ကော ၁၃ မှာ စုံလင်စွာ ဖေါ်ပြထားပြီး
    မေတ္တာဟာ သေခြင်းနဲ့အမျှ တန်ခိုးကြီးလှပါတယ်... မေတ္တာကို အချိန်ကသတ်လို့မရဘူး.. သဘာဝဘေး
    အန္တရယ်တွေက သတ်လို့မရဘူး ... မေတ္တာကို ငွေနဲ့ဝယ်လို့မရဘူး....ဘာကြောင့်လဲဆိုတော့ မေတ္တာက အခမဲ့ပေးတာဖြစ်လို့ပါဘဲ....အမြင့်ဆုံးဘုရင် နဲ့ အချမ်းသာဆုံး သူဋ္ဌေးလည်း မေတ္တာကို ဝယ်လို့မရဘူး..မေတ္တာကို ဘုရားသခင် က လူတိုင်းထံ အခမဲ့ပေးထားပြီး သူစီစဉ်ထားတဲ့ လမ်းကြောင်းများအတိုင်း စီးဆင်း စေတာ ဖြစ်ပါတယ်
    ဘုရားသခင်ပေးထားတဲ့ မေတ္တာကို သင့်ဇနီးသည်ထံ သင့်သားသမီးများထံ စီးဆင်းစေပါ🥰🥰🥰🥰🥰🥰
    ######## ဘုရားသခင် ရဲ့ မေတ္တာက လူတွေ ရဲ့ မေတ္တာနဲ့ မတူပါဘူး... မိဘတွေ သားသမီးတွေကိုချစ်တဲ့
    မေတ္တာ..လင်မယားတွေ သမီးရည်းစားတွေ ချစ်ကြတဲ့
    မေတ္တာ... မောင်နှမတွေ မိတ်ဆွေတွေ ချစ်ကြတဲ့ မေတ္တာ နဲ့ မတူပါဘူး....အဲ့ဒီလို မေတ္တာတွေထက် များစ္စာမြင့်မြတ်ကြီးကျယ်ပြီး ထာ၀ရ တည်ရှိနေတဲ့ မေတ္တာ အစဉ်အမြဲပေးနေတဲ့ မေတ္တာ ဖြစ်ပြီး ကျမ်းစာထဲမှာတော့ ဘုရားသခင်ရဲ့မေတ္တာ ကို အဂ္ဂပေ မေတ္တာလို့ ဖေါ်ပြပါတယ်...ဘယ်လိုအခြေအနေမျိုးကမှ ဘုရားရဲ့ မေတ္တာကို မတားဆီးနိုင်ပါဘူး....ချစ်ဖို့ရန်အတွက် လုံးဝ မထိုက်တန်တဲ့လူတွေကိုလည်း ဘုရားသခင်ကချစ်ပါတယ်....ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက် အသေခံတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်သည် ကို ထင်ရှားစွာ ပြတော်မူ၏လို့ ရောမ ၅:၈ မှာ ပြောထားပါတယ်..အချုပ်ခန်းထဲက လူဆိုးသူခိုးတွေကို ဘယ်သူမှ မချစ်သလို သူတို့ရဲ.အပြစ်ဒဏ်ကိုလည်း ဘယ်သူမှ ဝင်ခံပေးနိုင်မှာမဟုတ်ပေမဲ့ သခင်ယေရှုကတော့ သူတို့ကိုချစ်ပြီး သူတို့ရဲ့အပြစ်ဒဏ်ကို ဝင်ခံပေးချင်ပါတယ်..အပြစ်သားဖြစ်တဲ့ကာယကံရှင်ဘက်က အဲ့ဒီ မေတ္တာကို လက်ခံဘို့ဘဲ လိုပါတယ်✅✅✅✅✅✅
    ######## ဘုရားသခင်ရဲ့ မေတ္တာကို လက်ခံပြီး အဲ့ဒီ မေတ္တာနဲ့ လူတွေကိုချစ်ရင် အကျင့်တရားနဲ့ပြည့်စုံပြီ လို့လည်း ကျမ်းစာက ပြောပါတယ်....အလှူတွေကောင်းမှုကုသိုလ်တွေ ဘယ်လောက်ဘဲလုပ်လုပ် မေတ္တာမပါရင် အချည်းနှီးပါဘဲ...ကျမ်းစာက ဘယ်လောက်တောင် ပြောလဲဆိုရင် ချစ်ခြင်းမေတ္တာမှ တပါး အဘယ်အကြွေးမှ မတင်စေနဲ့တဲ့...အလုပ်ကိုအကြွေးမထားနဲ့ ... ငွေလည်း အကြွေးမပေးနဲ့..ဒါပေမဲ့ မေတ္တာကိုတော့ ပေးစရာရှိရင် ချက်ခြင်းပေးရမယ်ဆိုတဲ့သဘောပေါ့...ဒါကို လိုက်လျှောက်ရင် ဘုရားသခင်ထံမှ မေတ္တာကောင်းကြီးကို များစွာ ခံစားရမှာသေချာတယ်⭐⭐⭐⭐⭐⭐
    ####### ချစ်ခြင်းမေတ္တာကို လူတွေ နှစ်သက်ကြတာ ရယူခံစားချင်ကြတာကများပါတယ်...ဒါပေမဲ့ တကယ့် မေတ္တာစစ်ကတော့ ပေးကမ်းခြင်းပါဘဲ ...အဲ့ဒီလို ပေးကမ်းခြင်းမှာ အခြေခံတဲ့မေတ္တာမှာ သစ္စာရှိခြင်းတို့ ဂတိတည်ခြင်းတို့ အချိန်မဆွဲဘဲ လုပ်ဆောင်ပေးခြင်းတို့ နှိမ့်ချခြင်းတို့ ပါဝင်ပါတယ်..အဲ့ဒီလို ဘုရားသခင်ရဲ့ မေတ္တာကို ခံစားရတဲ့အခါမှာ ကိုယ်ကျင့် တရားကောင်းလာတာတွေ ကောင်းတဲ့ စရိုက်လက္ခဏာတွေ အသက်တာမှာနေ့စဉ် ပေါ်ထွက်လာတတ်ပါတယ်..လက်ဝါးကပ်တိုင်ကတော့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို အထင်ရှားဆုံး ပြသထားတဲ့နေရာပါဘဲ..ဒုစရိုက် အပြစ်ထဲမှာ သေနေတဲ့လူတွေဟာ ဘုရားသခင်ရဲ့ မေတ္တာကြောင့် အသက်ရှင်ရတယ်ဆိုတာ ကြီးမြတ်လှတဲ့ အခွင့်ထူးကြီးကို ခံစားရခြင်းဖြစ်ပါတယ်❤️❤️❤️❤️❤️❤️❤️❤️
    🤔🤔🤔🤔🤔🤔 ထပ်မံဆင်ခြင်ရန်.....သင့်ရဲ့ ပေါင်းသင်းဆက်ဆံရေးမှာ မေတ္တာ ပါရဲ့လား?
    🙏🙏🙏🙏🙏🙏 ဆုတောင်းရန်.... အဖဘုရား... လူတွေကို ကိုယ်တော့် မေတ္တာနဲ့ ချစ်တတ်ဘို့ လမ်းပြ ကူညီပါ အဖ
  • เพลง

ความคิดเห็น • 2