ဒီဇင်ဘာလ ၁၂ ရက်၊ အင်္ဂါနေ့ ၊ ၂၀၂၃ ခုနှစ်

แชร์
ฝัง
  • เผยแพร่เมื่อ 10 ธ.ค. 2023
  • သမ္မာတရားရိပ်မြုံ (ဆရာဂျက်)
    နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်းအတွက် သမ္မာတရား
    ဒီဇင်ဘာလ ၁၂ ရက်၊ အင်္ဂါနေ့ ၊ ၂၀၂၃ ခုနှစ်
    အခြေပြုကျမ်း - ဆာလံ ၁၃၉:၁-၆
    သို့သော်လည်း ငါသွားသောလမ်းကို သိတော်မူ၏။ ငယ်သောအရွယ်မှစ၍ ကြိမ်ဖန်များစွာ သူတပါးတို့သည် ငါ့ကို ညှင်းဆဲကြပြီ။ သို့သော်လည်း ငါ့ကို မနိုင်ကြ၊ ထွန်သော သူတို့သည် ငါ့ကျောပေါ်မှာထွန်၍ ရှည်သော ထွန်ကြောင်း တို့ကို ဖြစ်စေကြ၏။ (ယောဘ ၂၃:၁၀၊ ဆာလံ ၁၂၉း၂-၃)
    ####### ယနေ့အတွက် ခွန်အားယူမယ့် နှုတ်ကပတ်တော်သမ္မာတရား ကတော့ ကျမ်းပိုဒ် သုံးပိုဒ်ကို စုစည်းထားတာဖြစ်ပါတယ်..ပထမဦးဆုံး အခြေပြုကျမ်း ဆာလံ ၁၃၉း၁-၆ ကတော့ ဘုရားသခင်က ကျွန်တော်တို့ လူတဦးချင်းစီရဲ့ အကြောင်း ကို အကုန်သိတယ်ဆိုတာကို ဖေါ်ပြထားပါတယ်..သိတာမှ လူတယောက်ရဲ့ဆံပင် ဘယ်နှစ်ချောင်းရှိလဲဆိုတာက အစ ရေတွက်ထားတယ်လို့ ကျမ်းစာ က ပြောပါတယ်... များသောအားဖြင့် လူတွေဟာ ကိုယ့်အကြောင်း သူတပါး အကုန်သိမှာကို မကြိုက်ကြပါဘူး..ဘာဖြစ်လို့လည်းဆိုတော့ သူတို့ မကြိုက်တာတွေ ကျွန်တော်တို့ တွေးတတ် ပြောဆိုတတ် လုပ်ကိုင်ထားတတ်လို့ပါဘဲ..... ဘုရားသခင်ကတော့ ကျွန်တော်တို့ မကောင်းတာ သိတယ်.... အပြစ်သားဖြစ်တယ်...အပြစ်ရှိတယ်ဆိုတာ သိပြီး ..ကျွန်တော်တို့ကို အပြစ်ကလွတ်အောင် လုပ်ပေးမယ့် ဘုရားဖြစ်လို့ သူသိတာက ကျွန်တော်တို့ ဘဝအတွက် ပိုကောင်းပါတယ်✅✅✅✅
    ####### အလုံးစုံကို ဖန်ဆင်းတဲ့ ဘုရားသခင်ဆိုတာ အားလုံးကိုသိနေရမှာဖြစ်တယ်...အားလုံးကို မသိဘူးဆိုရင် သူက ဘုရားမဟုတ်တော့ပါဘူး.... ဒါကြောင့်လည်း ယောဘ ၂၃:၁၀ မှာ ငါသွားသော လမ်းကို ဘုရားသခင် သိတော်မူတယ်လို့ ယောဘက ဝန်ခံနေတာဖြစ်တယ် ... ယောဘက ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းသောအကျင့်ကို ရှောင်သူ၊ စုံလင် ဖြောင့်မတ်တဲ့သူ ဖြစ်တယ်
    ဘုရားသခင်ကလည်း ယောဘ သူ့ကို ဘယ်လောက်ထိ ယုံကြည်ကိုးစားလဲ?ဘယ်လောက်ထိ ရိုသေကြောက်ရွံ့လဲဆိုတာကို ပြချင်တယ်.. ဒါကြောင့် လူတယောက် အနေနဲ့ လုံးဝ ခံနိုင်ဘို့ခက်ခဲတဲ့ ဘေးဒုက္ခဆိုးတွေကို ယောဘ ခံစားရဘို့ ဘုရားသခင်ခွင့်ပြုလိုက်တယ်...အဲ့လို ဘေးဒုက္ခဆိုးတွေ ခံစားရ...တကိုယ်လုံးအနာစိမ်းတွေ ပေါက်တော့ သူ့မိန်းမကတောင် နင့်ဘုရားကို စွန့်ပြီး သွားသေလိုက်တော့ လို့ပြောပေမဲ့ သူ ဘုရားသခင် ကို မစွန့်ဘဲ ဆုတောင်းမြဲ ဆုတောင်းနေတယ်... နောက်ဆုံးတော့ ဘုရားသခင် ကို မစွန့်ပစ်တဲ့ အကျိုးကျေးဇူးတွေကို သူခံစားရပြီး သူ့ရဲ့ ရှေ့ဖြစ်ဟန်ထက် နောက် ဖြစ်ဟန် က သာ၍ကောင်းကြီးခံစားရပါတယ်🥰🥰🥰🥰🥰
    ####### ဆာလံ ၁၂၉:၂ ကတော့ က္ကုသရေလလူမျိုးတွေ အစပိုင်းမှာ ခံစားခဲ့ရတဲ့ ကျွန်အဖြစ် ညှင်းပန်းနှိပ်စက်ခံရခြင်းများကို ပုံဆောင်တာဖြစ်ပါတယ်..ဒါပေမဲ့ ဘယ်လောက်ညှင်းဆဲနှိပ်စက်သတ်ဖြတ် ခံရပေမဲ့ က္ကုသရာလလူမျိုးတွေ အပြီးတိုင် ချေမှုန်း မခံရဘူး ..ကမ္ဘာပေါ်ကပျောက်မသွားဘူး..ယခုထိ ဘုရားသခင်ရဲ့ လူမျိုးတော်အဖြစ် ကမ္ဘာ့အလယ်မှာ ဝင့်ကြွားစွာ ရပ်တည်နေတယ်..ဒါက သူတို့နဲ့အတူ ဘုရားသခင်ရှိနေကြောင်း လူတွေသိဘို့ဘဲဖြစ်ပါတယ်.. အသင်းတော်ကလည်း ဒီအတိုင်းပါဘဲ .. ဘယ်လောက်ဘဲညှင်းဆဲနှိပ်စက်ခံရပါစေ...ကမ္ဘာပေါ်က ပျောက်သွားမှာ မဟုတ်ပါဘူး..ဘာကြောင့်လည်းဆိုတော့ အသင်းတော်က ခရစ်တော်တည်းဟူသော ထာဝရတည်တဲ့ ကျောက်ပေါ်မှာ သူကိုယ်တိုင်တည်ဆောက်ထားလို့ ဖြစ်ပါတယ်.. နောက် ဆာလံ ၁၂၉:၃ ကတော့ ကျွန်တော်တို့ လူသားတွေရဲ့အပြစ် များအတွက် သခင်ယေရှုရဲ့ကိုယ်ခန္ဓာမှာ နာကြင်စွာ ထိုးခြင်း နှိပ်စက်ခြင်း ရိုက်နှက်ခြင်း ခံစားရတာတွေကို ပုံဆောင်ထားတာဖြစ်ပြီး အဲ့ဒီ ဒဏ်ချက်တော်အားဖြင့် ကျွန်တော်တို့ အနာပျောက်ရတာဖြစ်ပါတယ်❤️❤️❤️❤️❤️❤️
    🤔🤔🤔🤔🤔 ထပ်မံဆင်ခြင်ရန်... သင့်အကြောင်း ဘုရားသခင် အားလုံးသိသောကြောင့် သင်ဘာအကျိုးကျေးဇူး ခံစားရပါသလဲ?
    🙏🙏🙏🙏🙏🙏🙏 ဆုတောင်းရန် ... အဖဘုရား...
    အရာခပ်သိမ်းကိုသိသော ကိုယ်တော်ရှေ့မှာ ငြိမ်ဝပ်စ္စာနေတတ်ဘို့ မစပါအဖ
  • เพลง

ความคิดเห็น • 1