ဒီဇင်ဘာလ ၁၈ ရက်၊ တနင်္လာနေ့ ၊ ၂၀၂၃ ခုနှစ်

แชร์
ฝัง
  • เผยแพร่เมื่อ 17 ธ.ค. 2023
  • သမ္မာတရားရိပ်မြုံ (ဆရာဂျက်)
    နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်းအတွက် သမ္မာတရား
    ဒီဇင်ဘာလ ၁၈ ရက်၊ တနင်္လာနေ့ ၊ ၂၀၂၃ ခုနှစ်
    အခြေပြုကျမ်း - ဆာလံ ၂၅: ဂ -၁၅
    ထာ၀ရဘုရား၏ လမ်းခရီးရှိသမျှတို့သည် ပဋိညာဉ်တရားတော်နှင့် သက်သေခံတော်မူချက်တို့ကို စောင့်ရှောက်သောသူတို့အား ကရုဏာနှင့် သစ္စာ ဖြစ်ကြသတည်း ။ (ဆာလံ ၂၅:၁၀ )
    ####### ဒီဆာလံကိုရေးတဲ့ ဒါဝိဒ် ဟာ မကြာခဏ ဒုက္ခရောက်သူ...မကြာခဏ တိုက်ခိုက်ခံရတဲ့သူ တဦး ဖြစ်ပါတယ်... သူ့ဘ၀က အင်မတန်ခက်ခဲပြီး ရှုတ်ထွေးလှပါတယ်...ဒါပေမဲ့ သူက ခက်ခဲ ရှုတ်ထွေးမှုတွေ တိုက်ခိုက်ခံရမှုတွေထဲက လွတ်မြောက်ဘို့ နဲ့ သာယာတဲ့နေရာတွေကို မရှာဖွေပါဘူး...ဘုရားသခင်ကိုသာ ရှာဖွေသူဖြစ်တယ် .. ဒါကြောင့် အခြေအနေ ဘယ်လောက်ဆိုးဆိုး သူ့ဝိညာဉ်ထဲမှာ အလင်းရှိတယ်....ဘုရားသခင် က သူ့ကို လမ်းပြတယ်..သူကလည်း ဘုရားစကားကို နားထောင်တယ်..တခါ တလေ သူမှားမိတဲ့အချိန် အပြစ် လုပ်မိတဲ့အချိန်တွေ ရှိပါတယ်..အဲ့ဒီလိုအချိန်မျိုးမှာလည်း ဝန်ချတောင်းပန်တယ်..အပြစ်များလှတဲ့သူ့ကို ခွင့်လွှတ်ဘို့ တောင်းပန်သလို နာမတော်ကိုတောက်ပြီး သူ့ကို ချမ်းသာပေးပါလို့လည်း ပြောတတ်တယ်... ဒါကြောင့် ဘုရားသခင်ထံမှ ကရုဏာနဲ့ သစ္စာကို ကြီးမားစွာ ခံစားရသူ ဖြစ်ပါတယ်..ဘုရားသခင်ကို နှလုံးသားထဲမှာ နေရာပေးလို့ ဘုရားသခင်က သူ့ကို အသုံးပြုတယ် ... သူ့အားဖြင့် ဘုရားသခင် ကြီးမားလှတဲ့ အမှုများစွာကို ပြုခဲ့ပါတယ်💥💥💥💥💥💥💥
    ######## သူရေးတဲ့ ဆာလံ အများစုက ရန်သူ တွေအကြောင်းဖြစ်ပေမဲ့ အဲ့ဒီ ရန်သူတွေကို ဘုရားသခင် အားဖြင့် သူအမြဲအနိုင်ယူပြီး ဘုရားအကြောင်း ကို လူတွေ သိသွားကြတာများပါတယ်...ဘုရားသခင်ရဲ့ လမ်းပြမှုနဲ့ ကွယ်ကာ မှုကိုလည်း သူအမြဲတမ်းတောင်းဆိုလေ့ရှိပြီး ဘုရားသခင်သာ သူ့ဘက်မှာ မရှိရင် သူ ကျရှုံးမယ်ဆိုတာ ကောင်းကောင်း နားလည်တယ်... ရန်သူတွေ အောင်ပွဲမခံရဘို့ နဲ့ သူရှက်ကြောက်ခြင်းမရှိဘို့ ဘုရားသခင်ထံမှာ သူခိုလှုံ တယ်...သူ အပြစ်ရှိပေမဲ့ ဘုရားသခင်ရဲ့ မေတ္တာနဲ့ သစ္စာခံစားရလို့ ဘုရားသခင်က ကောင်းသော သဘောနဲ့ ဖြောင့်မတ်တဲ့ သဘောရှိတယ်.သူ့ကို လမ်းပြတယ်..တရားလမ်းထဲသို့ သွေးဆောင်တယ်...သူ့ကို နှိမ့် ချတဲ့ သဘောရှိအောင် လုပ်ပေးတယ်ဆိုတာကိုလည်း သူဝန်ခံတယ်..သူကလည်း ဘုရားသခင်ကို သာ အစဉ် မြော်လင့်နေပြီး ဘုရားသခင်ကလွဲရင် ဘယ်သူ့ကိုမှ အားမကိုးဘူးဆိုတာ သိရပါတယ်....သူ တယောက်ထဲကိုဘဲ ဒုက္ခတွေထဲက ကယ်တင်တာမဟုတ်ဘဲ က္ကုသရေလ အမျိုးတွေကိုပါ ခပ်သိမ်းသောဒုက္ခထဲက ကယ်တင်တဲ့ ဘုရားသခင်ဖြစ်လို့ ပရိတ်သတ် အလယ်မှာ ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွန်းပြီး ဘုရားသခင်ကို အမြဲကိုးကွယ်သူ ဖြစ်ပါတယ်..ဘုရားသခင်ကို ကြောက်ရွံ့သောသူဖြစ်လို့ သူကိုးကွယ်တဲ့ဘုရားသခင် ဟာ ဘယ်လို ဘုရားဖြစ်တယ်ဆိုတာကိုလည်း လူတွေ သိသွားကြရပါတယ်❤️❤️❤️❤️❤️❤️
    🤔🤔🤔🤔🤔 ထပ်မံဆင်ခြင်ရန်... သင်ကိုးကွယ်တဲ့ဘုရားသခင် ဟာ အသက်ရှင်တဲ့ဘုရား...ကောင်းမြတ်တဲ့ ဘုရားဖြစ်တယ်ဆိုတာ သင့်ပတ်ဝန်းကျင်ကလူတွေ သိပါရဲ့လား?
    🙏🙏🙏🙏🙏🙏 ဆုတောင်းရန်... အဖဘုရား.. ကိုယ်တော်ကို မြော်လင့်ပါတယ် ရှက်ကြောက်ခြင်းမရောက်ဘို့ မစပါအဖ
  • เพลง

ความคิดเห็น •