ဒီဇင်ဘာလ ၂၃ ရက်၊ စနေနေ့၊ ၂၀၂၃ ခုနှစ်

แชร์
ฝัง
  • เผยแพร่เมื่อ 21 ธ.ค. 2023
  • သမ္မာတရားရိပ်မြုံ (ဆရာဂျက်)
    နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်းအတွက်သမ္မာတရား
    ဒီဇင်ဘာလ ၂၃ ရက်၊ စနေနေ့၊ ၂၀၂၃ ခုနှစ်
    အခြေပြုကျမ်းချက် - သုတ္တံ ၃၀:၅-၉
    ကိုယ်တော်ထံမှ ဆုနှစ်ပါးကို အကျွန်ုပ်တောင်းပါ၏။ အကျွန်ုပ် မသေမှီတိုင်အောင် ငြင်းတော်မမူပါနှင့်.. အကျွန်ုပ်မှ အနတ္တနှင့် မုသာကို ပယ်တော်မူပါ.. ဆင်းရဲခြင်းနှင့်ငွေရတတ်ခြင်းကို ပေးတော်မမူပါနှင့်... အသက်မွေးလောက်သော အစာကိုသာပေးတော်မူပါ။ (သုတ္တံ ၃၀:ဂ )
    ######## သုတ္တံကျမ်း ကို ရေးသားတဲ့သူဟာ ရှောလမုန်မင်းကြီးဖြစ်တယ်လို့ ယုံကြည်သူများသိကြပါတယ်...မှန်ပါတယ်.. ဒါပေမဲ့ သုတ္တံ ၂၅ ကနေ ၂၉ ထိက ယုဒရှင်ဘုရင် ဟေဇကိ ရဲ့ လူတွေ ကူးရေးတဲ့ ရှောလမုန်မင်းရဲ့ သုတ္တံစကားတွေဖြစ်ပါတယ်.... သူတို့ ဘာဖြစ်လို့ ရှောလမုန်မင်းရဲ့ သုတ္တံ စကားကို ကူးရေးရတာလဲဆိုတာ လေ့လာကြည့်တဲ့အခါ သူတို့ကိုယ်တိုင် ခေါင်းဆောင်တွေ ဖြစ်နေလို့ နောက်ပြီး ခေါင်းဆောင်တွေ အမှားမလုပ်မိစေဘို့ သတိပေးချင်လို့ ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်...ဒါဟာ ကောင်းပါတယ်... ဘာဖြစ်လို့လဲဆိုတော့ က္ကုသရေလလူမျိုးတွေကို ခေါင်းဆောင်တဲ့ ဘုရင်အများစုက တော်တော်လေးကို ဆိုးကြတဲ့ ဘုရင်တွေ ဖြစ်လို့ပါဘဲ😪😪😪😪😪😪😪
    ##### ရှောလမုန်မင်းကြီးသေသွားပြီးတဲ့နောက် တိုင်းပြည်ရဲ့ နယ် ၁၀ နယ် ကို ယေရောဗောင် အုပ်ချုပ်ပြီး ကျန်တဲ့ နယ် ၂ နယ်ကိုတော့ သူ့သားရောဗောင် အုပ်ချုပ်ပါတယ်..တိုင်းပြည်နှစ်ခြမ်းကွဲသွားပြီး ယုဒပြည်နဲ့က္ကုသရေလ ပြည်လို့ခေါ်ကြပါတယ်...ယေရောဗောင်မင်းသေပြီးတဲ့နောက် က္ကုသရေလပြည် ၁၀ နယ်ကို ဆက်အုပ်ချုပ်တဲ့ ဘုရင်အားလုံး ဆိုးတဲ့ ဘုရင်တွေကြီးဘဲ... ရှောလုဘုရင်လည်းကောင်းတဲ့ ဘုရင်မဟုတ်သလို ဒါဝိဒ်လည်းကောင်းတဲ့ ဘုရင် ဆိုပေမဲ့ အမှားတော့လုပ်ခဲ့တာပါဘဲ....ရှောလမုန်ကတော့ အစကောင်းပေမဲ့ နောက်ပိုင်း ဘုရားသခင်ကိုတောင် ဂရုမစိုက်တော့တဲ့ထိ ဆိုးခဲ့ပါတယ်❓❓❓❓❓
    ####### နောက်ပိုင်းမှာတော့ ကောင်းတဲ့ ဘုရင် ဆိုတာ လက်ချိုးရေတွက်လို့ရတဲ့ ထိ နည်းပါးသွားခဲ့ပါတယ်..
    သုတ္တံ ၃၀ ကတော့ ယာကေသား အာဂုရ က က္ကသေလ နဲ့ ဥကလကိုဆုံးမတဲ့တရားစကားဖြစ်တယ်လို့ အငယ် ၁ မှာ ရေးထားပါတယ် ..ဒါပေမဲ့ သူရေးတဲ့တရားစကားထဲမှာ ရှောလမုန်ရဲ့ဆုတောင်းချက်တွေပါနေတယ်...အခန်းငယ် ၇ ကနေ ၉ ထိက ဘုရားသခင်ကို ရှောလမုန်ဘုရင်ဖြစ်ကာစ တုန်းက ပြောတဲ့စကားတွေနဲ့ တူနေတယ်..ဘုရားသခင်က ရှောလမုန်ကို အိပ်မက်ထဲမှာ ထင်ရှားပြီး ငါပေးရမည့်ဆုကိုတောင်းပါလို့ပြောတဲ့အခါ ရှောလမုန်က ရွှေတွေ ငွေတွေ မတောင်းဘူး... တိုင်းသူပြည်သားတွေကို သူ့အဖေ ဒါဝိဒ်လို အုပ်ချုပ်နိုင်ဘို့ တရားစီရင်နိုင်ဘို့ကောင်းမကောင်းကို ပိုင်းခြားသိနိုင်တဲ့ ဥဏ်ကိုဘဲ ပေးပါလို့ ပြောတော့ ဘုရားသခင်က သဘောကျပြီး ဥဏ်ပညာကို ပေးတဲ့အပြင် ရှောလမုန် မတောင်းတဲ့ ဆုစည်းစိမ် ဂုဏ်အသရေကို ပေးလိုက်ပါတယ်💥💥💥💥💥💥
    ###### နောက်ပိုင်းမှာတော့ ရှောလမုန် လောက် ချမ်းသာတဲ့သူ ပညာရှိတဲ့သူ မရှိ ဘုရင်ကလည်း ဖြစ်နေတော့ သူလည်း မိန်းမတွေအများကြီး ယူပြီး အဲ့ဒီမိန်းမတွေရဲ့ဘုရားမဟုတ်တဲ့ ဘုရားတွေနောက်လိုက်သွားတော့တာပါဘဲ.... အစမှာသူတောင်းတဲ့ဆုတွေက မှန်တယ်..အနတ္တ နဲ့ မုသာကို သူ့ထံမှ ပယ်ပါ...ဆင်းရဲခြင်းနဲ့ ငွေရတတ်ခြင်းကို မပေးပါနဲ့...ဆင်းရဲရင်သူများပစ္စည်း တပ်မက်မိမယ်..ခိုးမိမယ် : ကြွယ်ဝရင် ဘုရားသခင်ကို ငြင်းပယ်မိလိမ့်မယ် ဆိုတာကို သူစိုးရိမ်တယ်...ဒါပေမဲ့ နောက်ဆုံးမှာတော့ သူ ဘုရားသခင်ကို ငြင်းပယ်ပြီး အရာရာဟာ အနတ္တပါဘဲ ဆိုတာ သိသွားရပါတယ်... ဒါပေမဲ့ ဘုရားသခင်က အနတ္တ မဟုတ်ပါဘူး....ထာ၀ရ ဖြစ်ပါတယ်👏👏👏👏👏👏👏👏👏👏👏👏
    🤔🤔🤔🤔🤔🤔 ထပ်မံဆင်ခြင်ရန်... သင့်ဘဝမှာ ဆင်းရဲခြင်း ချမ်းသာခြင်းထက် ဘာက ပိုအရေးကြီးတယ်လို့ထင်ပါသလဲ ?
    🙏🙏🙏🙏🙏🙏 ဆုတောင်းရန်.. အဖဘုရား.. အရာရာမှာ ကိုယ်တော့်ကို ဦးစားပေးတတ်ဘို့ သွန်သင်ပါ အဖ
  • เพลง

ความคิดเห็น • 2