ဒီဇင်ဘာလ ၂၄ ရက်၊ တနင်္ဂနွေနေ့၊ ၂၀၂၃ ခုနှစ်

แชร์
ฝัง
  • เผยแพร่เมื่อ 23 ธ.ค. 2023
  • သမ္မာတရားရိပ်မြုံ (ဆရာဂျက်)
    နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်းအတွက်သမ္မာတရား
    ဒီဇင်ဘာလ ၂၄ ရက်၊ တနင်္ဂနွေနေ့၊ ၂၀၂၃ ခုနှစ်
    အခြေပြုကျမ်း - ယာကုပ် ၁:၁၆-၂၅
    ကောင်းမြတ် စုံလင်သော ဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့၏ အဘထံတော်ကသက်ရောက်သည်ဖြစ်၍ အထက်အရပ်မှလာကြ၏၊ ထိုအဘသည် ရွေ့လျော့ တိမ်းယိမ်းခြင်းမရှိ၊ ပြောင်းလဲခြင်း အရိပ်နှင့် ကင်းလွတ်တော်မူ၏။ ( ယာကုပ် ၁: ၁၇ )
    ######## ဖတ်ရှုသွားတဲ့ ကျမ်းပိုဒ်နဲ့ အခြေပြုကျမ်းများကို ဆက်စပ်ဆင်ခြင်ကြည့်တဲ့အခါ ဆုကျေးဇူးနဲ့ပတ်သက်ပြီး နှစ်မျိုးကိုတွေ့ရပါတယ်... ဆုကျေးဇူး နဲ့ ဆုကျေးဇူးကို ပေးသူရဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်... များသောအားဖြင့် ယုံကြည်သူများက ဆုကျေးဇူးရရှိသူရဲ့ လှုပ်ရှားမှုများကိုသာ စောင့်ကြည့်လေ့ရှိကြပြီး ဒီ ဆုကျေးဇူးကို ပေးကမ်းသူရဲ့ လှုပ်ရှားမှု ကို ကြည်ရှုဘို့ မေ့လျော့နေလေ့ရှိကြပါတယ်... လူဆိုတာ ပြောင်းလဲတတ်ပါတယ်...ဆုကျေးဇူးကို ပေးကမ်းသူက ပြောင်းလဲခြင်းမရှိပါဘူး 👏👏👏👏👏👏👏👏👏
    ####### ယာကုပ်က ဘာသာရေးကိုင်းရှိုင်းခြင်းနဲ့ အပြောသက်သက်ဘဲရှိတဲ့ သနားကြင်နာခြင်းမျိုးကို မနှစ်သက်ပါဘူး.... သူက တကယ့်လက်တွေ့သမားဖြစ်ပြီး လုပ်ဆောင်မှုပါတဲ့ ယုံကြည်ခြင်းမျိုးကို နှစ်သက်သူဖြစ်ပါတယ်.... ဆုကျေးဇူးကိုတပ်မက်ပြီး ပေးနိုင်တဲ့ အဖဘုရားဆီမှာ တောင်း.... ရတော့ ဆုကျေးဇူးကို အသုံးချ ..ပေးတဲ့ ဘုရားကို ချီးမွန်းခြင်း နဲ့ အသိအမှတ်ပြုခြင်းက အပြောသက်သက်သာဖြစ်နေတယ်ဆိုရင်တော့ အဲ့ဒီဆုကျေးဇူး ရတဲ့သူဟာ အလင်းထဲမှာ မရှိတော့ပါဘူး...အရိပ်ထဲရောက်သွားပါပြီ..ရွှေ့လျော့သွားပါပြီ😪😪😪😪😪😪😪
    ####### အဲ့ဒီလို အရိပ်အမှောင်ထဲမှာ ဆုကျေးဇူးနဲ့အတူ လှုပ်ရှားနေခြင်းဟာ အဖဘုရားရဲ့ လှုပ်ရှားမှုမဟုတ်တော့ပါဘူး..လူရဲ့ လှုပ်ရှားမှုသက်သက်သာဖြစ်ပြီး ကောင်းမြတ်ခြင်းမရှိ စုံလင်ခြင်းမရှိ ဖြစ်သွားတတ်ပါတယ်...ဘုရားသခင်ထံမှ သူ့ရဲ့ မေတ္တာကြောင့်ရယူခံစားရခြင်းရှိသလို မေတ္တာနဲ့ ပြန်လည် ပေးကမ်းခြင်း ရှိရပါလိမ့်မယ်... လောဘ ဒေါသ မောဟတွေ အငြိုးအတေး ချည်နှောင်ခြင်းတွေနဲ့ ဘုရားပေးတဲ့ဆုကျေးဇူးကို အသုံးချလို့မရဘူးဆိုတာကို သတိထားရပါလိမ့်မယ်....ဘုရားသခင်ရဲ့ ပေးကမ်း မျှဝေခြင်းအမှုတော်ထဲမှာပါဝင်ခွင့်ရတာဟာ အခွင့်ထူးတရပ်ဖြစ်လို့ မိမိရဲ့အသက်တာထဲမှာ ဘုရားသခင်ကို ကျေးဇူးတင်ခြင်း အမြဲရှိနေသင့်ပါတယ်
    ဒီလိုအသက်တာကို ဘုရားနှစ်သက်ပါတယ်💥💥💥💥
    ####### သမ္မာကျမ်းစာထဲမှာ ဘုရားသခင်က ကောင်းမြတ် စုံလင်ခြင်းများကို အလင်းနဲ့အတူ ဖေါ်ပြပြီး
    မကောင်းမှုများကိုတော့ အမှောင်နဲ့အတူယှဉ်တွဲဖေါ်ပြလေ့ရှိပါတယ်... ဘုရားသခင် ကိုယ်တိုင်က အလင်းဖြစ်ပြီး ထာ၀ရဘုရားသည်ငါ၏အလင်း ငါ့ကို ကယ်တင်သော အရှင်ဖြစ်တယ်လို့ ကျွန်တော် တို့ နေ့စဉ် ဝန်ခံဘို့ လိုအပ်ပါတယ်❤️❤️❤️❤️❤️❤️
    🤔🤔🤔🤔🤔🤔 ထပ်မံဆင်ခြင်ရန်..... သင်သည် ဘုရားသခင်၏ ကောင်းမြတ် စုံလင်သော ဆုကျေးဇူးများစီးဆင်းရာ လမ်းကြောင်းတခုဖြစ်ပါသလား?
    🙏🙏🙏🙏🙏🙏🙏 ဆုတောင်းရန်... အဖဘုရား...ကိုယ်တော်ရဲ့ မေတ္တာလမ်းကြောင်းစီးဆင်းရာ ထဲမှာရှိနေတဲ့ အတားအဆီးများကို ဖယ်ရှားပေးပါ အဖ
  • เพลง

ความคิดเห็น • 1