ဒီဇင်ဘာလ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့ ၊ ၂၀၂၃ ခုနှစ်

แชร์
ฝัง
  • เผยแพร่เมื่อ 18 ธ.ค. 2023
  • သမ္မာတရားရိပ်မြုံ (ဆရာဂျက်)
    နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်းအတွက် သမ္မာတရား
    ဒီဇင်ဘာလ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့ ၊ ၂၀၂၃ ခုနှစ်
    အခြေပြုကျမ်း - လုကာ ၁၂:၃၂-၄၀
    ထို့ကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့၊ အကြောင်းမူကား သင်တို့မထင်မမှတ်သောအချိန်၌ လူသားသည်ကြွလာလိမ့်မည်။
    (လုကာ ၁၂:၄၀)
    ###### ကျွန်တော်တို့အနေနဲ့ ဖြစ်လာမဲ့အရာတွေ အားလုံးအတွက် အမြဲသတိထား စောင့်ကြည့်ရမှာဖြစ်ပါတယ်...ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်လောကကြီးက အင်မတန်ဆိုးလာလို့ ဖြစ်ပါတယ်..သခင်ယေရှုကိုယ်တိုင်ကလည်း သူပြန်လည်ကြွလာမဲ့အချိန်နီးလာရင် ဒီကမ္ဘာကြီးမှာ စစ်ပွဲတွေဖြစ်မယ် ရောဂါတွေ ထူပြောမယ်...သဘာဝဘေးဒဏ်တွေ များစွာ ဖြစ်လာမယ်..လူတွေ မေတ္တာခေါင်းပါးပြီး တယောက်နဲ့တယောက် မုန်းကြမယ်... ဒါတွေအားလုံးက အခု တကယ်ဖြစ်လာနေပါပြီ ..ကျွန်တော်တို့ ကိုယ်ကိုကိုယ်စောင့်ရှောက်ရမယ်.. သခင်ဘုရားနဲ့ နီးကပ်စွာ အသက်ရှင်နေထိုင်ရမယ်...ဒီလိုမှမဟုတ်ရင် ကျွန်တော်တို့ရဲ့ စစ်မှန်တဲ့အကျင့်စာရိတ္တတွေ ပျက်စီးသွားနိုင်တယ်...ငွေနောက်ဘဲလိုက်ပြီး ယုံကြည်ခြင်း ပျောက်သွားနိုင်တယ်💥💥💥💥💥💥
    ######## သခင်ယေရှုကတော့ မကြောက်နဲ့..မစိုးရိမ်နဲ့..သူ့ကိုဘဲ စောင့်နေပါ...သစ္စာရှိစွာနဲ့ စောင့်နေပါ..သူပြန်လာရင် ကျွန်တော်တို့ကို လုပ်ကျွေးပြုစုမယ် လို့သေချာ မှာခဲ့ပါတယ်.. ကျွန်တော်တို့မထင်မှတ်တဲ့အချိန်မှာ သူပြန်လာမယ်ဆိုတာ ထောင်ချောက်မဟုတ်ပါဘူး...အခုထိ သူ့ပြန်မလာသေးတာကလည်း လူတွေ နောင်တရပြီး ပြောင်းလဲဘို့အခွင့်အရေးပေးနေတာဖြစ်ပါတယ်... သူပြန်မလာခင်မှာ သူ့ရဲ့ မေတ္တာကို ကျွန်တော်တို့ ခံစားရဘို့ အရေးကြီးတယ်.... သူကလည်း လူတွေရဲ့ နှလုံးသားတံခါးကို ခေါက်နေတယ်.. နှလုံးသားတံခါးဖွင့်ပြီး သူ့ကို လက်ခံရင် ကျွန်တော်တို့ဘဝ အသက်တာ ရှင်သန်ဘို့အတွက် သူတာဝန်ယူမှာဖြစ်ပါတယ်🥰🥰🥰🥰🥰🥰
    ######## သခင်ယေရှုပြန်လာမယ့် အချိန်ကို ပြင်ဆင်လျှက် စောင့်နေသူတွေဟာ ဟန်ဆောင်မှုမရှိဘူး..ရိုးသားတယ်..ကြောက်ရွံ့မှု မရှိဘူး...သခင်ယေရှု က ကယ်တင်ရှင်ဖြစ်တဲ့ အကြောင်း ရဲဝံ့စွာ သက်သေခံတယ်...စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်မှုမရှိဘူး... သခင်ဘုရားကို စိတ်ချယုံကြည်မှုရှိတယ်...လောဘမကြီးဘူး ... ရက်ရောစွာ ပေးကမ်းစွန့် ကြဲတယ်...မပျင်းဘူး...ကြိုးစားတယ်...ဇွဲရှိတယ်...ဒီလို အသက်ရှင်နေနိုင်တာကလည်း သခင်ယေရှုရဲ့ ဝိညာဉ်က ကျွန်တော်တို့ရဲ့ ဝိညာဉ်နဲ့ အတူ ရှိနေလို့ ဖြစ်ပါတယ်❤️❤️❤️❤️❤️❤️
    🤔🤔🤔🤔🤔🤔 ထပ်မံဆင်ခြင်ရန်....သင့်နှလုံးသားထဲမှာ သခင်ယေရှုကျိန်းဝပ်နေတာ သေချာရဲ့လား?
    🙏🙏🙏🙏🙏 ဆုတောင်းရန်....အဖ ကိုယ်တော်အပေါ်မှာ သစ္စာရှိဘို့ မစပါအဖ
  • เพลง

ความคิดเห็น • 2