ဒီဇင်ဘာလ ၁၇ ရက်၊ တနင်္ဂနွေနေ့၊ ၂၀၂၃ ခုနှစ်

แชร์
ฝัง
  • เผยแพร่เมื่อ 15 ธ.ค. 2023
  • သမ္မာတရားရိပ်မြုံ (ဆရာဂျက်)
    နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်းအတွက်သမ္မာတရား
    ဒီဇင်ဘာလ ၁၇ ရက်၊ တနင်္ဂနွေနေ့၊ ၂၀၂၃ ခုနှစ်
    အခြေပြုကျမ်း - ယောဟန် ဂး ၄၈-၅၉
    ငါသည် ကိုယ် ဘုန်းအသရေကို မရှာ
    (ယောဟန် ဂး ၅၀)
    ######## ဒီစကား ကို သခင်ယေရှုကိုယ်တိုင် ပြောတာဖြစ်ပါတယ်... မှားယွင်းသောအမှုကိုပြုတဲ့ မိန်းမကို ခဲနဲ့ပေါက်သတ်ဘို့ မောရှေ ပညတ်ထားတယ် .. ကိုယ်တော်ကရော ဘယ်လိုလုပ်မလဲလို့ ဖာရိရှဲတွေ ကျမ်းပြုဆရာတွေက မေးတယ်....ဒါက သခင်ယေရှုကို သူတို့အပြစ်တင်ချင်လို့ မေးတာဖြစ်ပါတယ်... ဒီတော့ သခင်ယေရှုက မင်းတို့ထဲမှာ အပြစ်ကင်းတဲ့သူက ခဲနဲ့ စပေါက်ဆိုတော့ အားလုံး အပြစ်ရှိလို့ ခဲနဲ့ မပေါက်ကြတော့ဘဲ ပြန်သွားကြတယ်...နောက်တော့ ယုဒလူတွေက သခင်ယေရှုကို သင်က ရှမာရိလူ..နတ်ဆိုးစွဲတဲ့ လူဖြစ်တယ်လို့ ပြောကြတဲ့အခါ သခင်ယေရှုက ငါက ကိုယ်ဘုန်းအသရေကို မရှာဘူးလို့ ပြောတာဖြစ်ပါတယ်🗯️🗯️🗯️🗯️🗯️🗯️🗯️🗯️
    ###### သခင်ယေရှု လောကမှာ လူအဖြစ် ရှိနေစဉ် တုန်းက လုပ်ဆောင်ခဲ့တဲ့ အံ့သြဖွယ်ရာ အမှုတွေ..နတ်ဆိုးမောင်းထုတ်တာတွေ အနာရောဂါငြိမ်းစေတာတွေ အားလုံး က သူနဲ့အတူ အမြဲရှိနေတဲ့ သန့်ရှင်းသောဝိညာဉ်တော်နဲ့ ဘုရားသခင်ပေးတဲ့ ဘိသိက် ကြောင့် ဖြစ်တယ်လို့ တမန်တော် ၁၀:၃၈ မှာ သေချာ ဖေါ်ပြထားပါတယ်...သခင်ယေရှုက သူ့ဘုန်းအသရေကို ရှာတဲ့ သူမဟုတ်ဘူး..ဘုရားသခင်ကို ဘဲ အမြဲချီးမြောက်သူ ဖြစ်ပါတယ်
    ဒါဟာ ကျွန်တော်တို့ယုံကြည်သူတွေလိုက်လျှောက်ရမယ့်
    ပုံသက်သေဖြစ်ပါတယ်💥💥💥💥💥💥💥
    ####### ယနေ့ ကျွန်တော်တို့လောကကြီးက ကိုးကွယ်မှု မှားနေတဲ့ လောကကြီးဖြစ်ပြီး လူတွေကလည်း ဆိုးသထက်ဆိုးလာတဲ့ ကာလဖြစ်နေတယ်... ဒီအချိန်မှာ ကျွန်တော်တို့က သခင်ယေရှုကဲ့သို့ နှိမ့်ချစွာ အသက်ရှင်ကြရမှာဖြစ်ပါတယ်.... ဒါမှသာလျှင် ဘုရားသခင်ရဲ့ ဘိသိက် တန်ခိုးတော်နဲ့ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် လူဆိုးတွေ အတ္တမာနကြီးတဲ့လူတွေကို မေတ္တာ ပြ ပုံသက်သေပြနိုင်ပြီး အဆိုးကို အကောင်းအားဖြင့် အနိုင်ယူနိုင်မှာဖြစ်ပါတယ်🥰🥰🥰🥰🥰🥰
    ####### ယနေ့လူတွေက ငွေကို အားကိုးတယ်... လူတွေကို အားကိုးတယ်.. အောင်မြင်ကျော်ကြားပြီး အာဏာရှိဘို့ ငွေရှိဘို့ဘဲ ကြိုးစားကြတယ်.... ချမ်းသာကြွယ်ဝပြီး အာဏာရှိလာရင် လူဘုံအလယ်မှာ ဂုဏ်ရှိတယ်... ဘုန်းရှိတယ်လို့ ယူဆကြတယ်.... ဒါဟာ လွဲမှားတဲ့ ခံယူချက်ဖြစ်ပြီး ယနေ့ ဒီလိုလူတွေကြောင့် ကမ္ဘာလောကကြီးပျက်စီးနေတာဖြစ်တယ် ... သူတို့ကစစ်ပွဲတွေဖန်တီးဘို့လည်း ၀န်မလေးကြဘူး...ဒါပေမဲ့ အဲ့လိုလူတွေရဲ့ စိတ်နှလုံးသားထဲမှာ လောဘ ဒေါသ မောဟတွေဘဲ ရှိပြီး ငြိမ်သက်ခြင်းမရှိဘူး....... ယနေ့ လူတွေ လိုအပ်နေတာက inner peace လို့ခေါ်တဲ့ အတွင်း စိတ်ဝိညာဉ်ငြိမ်သက်ခြင်းဖြစ်ပေမယ့် လို့ လူတွေက အဲ့ဒါကို မသိကြဘူး...အပြင်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေ ပဋိပက္ခတွေ ရပ်ပြီး ကမ္ဘာကြီးငြိမ်းချမ်းဘို့ဘဲ အော်နေကြတာ... လူတွေရဲ့အတွင်း စိတ်နှလုံးသား မငြိမ်းချမ်းဘဲ ကမ္ဘာကြီး မငြိမ်းချမ်းနိုင်ပါဘူး... လူတွေရဲ့ အတွင်း နှလုံးသား ငြိမ်းချမ်းဘို့ကလည်း သခင်ယေရှုကလွဲရင် ဘယ်သူမှမလုပ်ပေးနိုင်ပါဘူး❤️❤️❤️❤️❤️❤️
    🤔🤔🤔🤔🤔🤔 ထပ်မံဆင်ခြင်ရန်... သင့်နှလုံးသားထဲမှာ ငြိမ်သက်ခြင်း အုပ်စိုးနေပါရဲ့လား?
    🙏🙏🙏🙏🙏🙏🙏 ဆုတောင်းရန်... အဖဘုရား... ကိုယ်တော်ပေးတဲ့ ငြိမ်သက်ခြင်းကို အစဉ်အမြဲ ထိန်းသိမ်းစောင့်ရှောက်နိုင်ဘို့ ခွန်အားပေးပါ အဖ
  • เพลง

ความคิดเห็น • 1