ဒီဇင်ဘာလ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့ ၊ ၂၀၂၃ ခုနှစ်

แชร์
ฝัง
  • เผยแพร่เมื่อ 12 ธ.ค. 2023
  • သမ္မာတရားရိပ်မြုံ (ဆရာဂျက်)
    နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်းအတွက် သမ္မာတရား
    ဒီဇင်ဘာလ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့ ၊ ၂၀၂၃ ခုနှစ်
    အခြေပြုကျမ်း - ဆာလံ ၂၅:၄-၆၊ ဟောရှေ ၁၁:၃-၄
    ထာ၀ရဘုရားသည် အဝေးက ထင်ရှား၍ မိန့်တော်မူသည်ကား အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကို ငါချစ်၏။ထိုကြောင့် ကရုဏာ ကျေးဇူးကို သင်၌ ကြာမြင့်စွာပြ၏။ (ယေရမိ ၃၁း၃ )
    ########ဆာလံ ၂၅:၄-၆ က ဘုရားသခင်ရဲ့ ထာဝရမေတ္တာကို ခံစားရတဲ့ ဒါဝိဒ် က ဘုရားသခင်ရဲ့ လမ်းပြ ဦးဆောင်မှု ကို ရယူချင်လို့ တောင်းခံခြင်းဖြစ်ပါတယ်...ဆိုတော့ ဘုရားသခင်ရဲ့ လမ်းပြမှုကို ဘယ်လို ရယူနိုင်ပါသလဲ? စဉ်းစားဆင်ခြင်ကြည့်ရအောင်..ဒါဝိဒ်က ပြောတယ်...ကိုယ်တော်ရဲ့ သမ္မာတရားကိုပြ၍ အကျွန်ုပ်ကို သွန်သင်တော်မူပါတဲ့ ...ဒါကြောင့် ကိုယ်တော်ရဲ့ လမ်းညွှန်မှု များဟာ သမ္မာတရားနဲ့အညီ ဖြစ်ပြီး သမ္မာကျမ်းစာထဲမှာ ရှိပါတယ်...ဒါကြောင့် ကျမ်းစာ အမြဲဖတ်ပါ..လေ့လာပါ..နှလုံးသွင်းပါ.. တခါတရံ စုံစမ်းစစ်ဆေးခြင်း ခံရတဲ့ အခါနဲ့ဘုရားသခင်ရဲ့ တောင်းဆိုမှုများ ရှိလာတဲ့အခါမျိုးလည်း ကြုံရတတ်ပါတယ်...အဲ့ဒီအချိန်အခါမျိုးမှာလည်း စိတ်မပျက်ပါနဲ့..အားမလျှော့ပါနဲ့..ဘုရားသခင်ထံမှာဘဲ ဆုတောင်းလျက် မျှော်လင့်စောင့်ဆိုင်းနေပါ💥💥💥💥
    ####### ဟောရှေ ၁၁:၄ မှာတော့ ဘုရားသခင် ရဲ့ လမ်းပြသွန်သင် မှု ကို မနာခံတဲ့သူ.. ဘုရားသခင်ရဲ့ စောင့်မခြင်း ကျေးဇူးကိုမသိတဲ့သူတွေကို ဘုရားသခင် က မေတ္တာကြိုးနဲ့ ဆွဲတယ်တဲ့...ကြိုးဆိုတော့ တခါတလေ တင်းတဲ့အခါ ရှိမယ်... တခါတလေ လျော့တဲ့အချိန်ရှိမယ်.ဒါပေမဲ့ ဘုရားသခင် ရဲ့ ကြိုးက မေတ္တာကြိုး ဖြစ်တယ် ... အလျှော့အတင်း မရှိဘူး..အပြောင်းအလဲမရှိဘူး သိထားရမှာ တခု ကတော့ ကိုယ်ကဘုရားသခင်ရဲ့ မေတ္တာကြိုးနဲ့ ဆွဲငင်ခြင်းခံရသလို ကိုယ့်ထံမှတဆင့်
    ကိုယ့်အားဖြင့် သူများကိုလည်း ဘုရားသခင်က ဆွဲမှာဖြစ်တယ်ဆိုတာပါဘဲ🥰🥰🥰🥰🥰🥰
    ####### ယေရမိ ၃၁း၃ မှာတော့ ဘုရားသခင်က အဝေးကနေ ထင်ရှားပြတယ်တဲ့.. သဘောကတော့ ကိုယ်ဘုရားနဲ့ ဘယ်လောက်ဘဲဝေးနေပါစေ... ဘုရားသခင် ကို မြင်နိုင်တယ်...မြင်အောင်လို့လည်း ဘုရားသခင် က ထင်ရှားစွာ ပြနိုင်တယ်... ဒါဟာ ဘုရားသခင် ဘယ်လောက်ထိ ကြီး ကျယ် မြင့်မြတ်သလဲဆိုတာ ဖေါ်ပြနေခြင်းဖြစ်တယ် .. သူ့ရဲ့ ထာ၀ရမေတ္တာနဲ့ ဂရုဏာ ကျေးဇူးကိုကြာမြင့်စွာပြတယ်လို့လည်း ပြောထားလို့ ဘယ်လောက်ထိ ခိုင်မြဲတဲ့ မေတ္တာလဲဆိုတာကို သိနိုင်ပါတယ် .... ဒီလောက်ထိကြီးကျယ်မြင့်မြတ်ခိုင်မြဲလှတဲ့ ဘုရားရဲ့ မေတ္တာကို သူနဲ့သာ၍နီးလာလေလေ သာ၍ခံစားရလေလေ ဘဲဖြစ်မှာပါ ⭐⭐⭐⭐⭐⭐
    ####### ဘုရားသခင်ရဲ့ မေတ္တာ ဟာ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း...ကျွန်တော်တို့ရဲ့ ဆုတောင်းခြင်း.. ကျွန်တော်တို့ရဲ့ ဆက်ကပ်လုပ်ဆောင်ခြင်းများရဲ့ အရှေ့မှာရှိနေတာဖြစ်တယ် ..ဘုရားသခင်က အစကတည်းက ရှိနေတာ ကျွန်တော်တို့ကသာ သူ့ဘေးနားကနေထွက်ထွက်သွားတတ်တာဖြစ်ပေမဲ့ သူက ကျွန်တော်တို့ဝေးဝေးမသွားနိုင်အောင်လို့ သူ့ရဲ့ ထာဝရမေတ္တာနဲ့ ချည်နှောင်ထားပါတယ်❤️❤️❤️❤️❤️❤️
    🤔🤔🤔🤔🤔 ထပ်မံဆင်ခြင်ရန်....ဘုရားသခင်ရဲ့ ကြီးမားလှတဲ့ မေတ္တာကို သင်နားလည်ခံစားပြီး အသက်ရှင်နေပါသလား?
    🙏🙏🙏🙏🙏🙏 ဆုတောင်းရန်..... အဖဘုရား...ကိုယ်တော့်ရဲ့မေတ္တာ ကျွန်ုပ် အထဲမှ စီးထွက်စေပါ အဖ
  • เพลง

ความคิดเห็น •