ဒီဇင်ဘာလ ၁၉ ရက်၊ အင်္ဂါနေ့ ၊ ၂၀၂၃ ခုနှစ်

แชร์
ฝัง
  • เผยแพร่เมื่อ 17 ธ.ค. 2023
  • သမ္မာတရားရိပ်မြုံ (ဆရာဂျက်)
    နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်းအတွက် သမ္မာတရား
    ဒီဇင်ဘာလ ၁၉ ရက်၊ အင်္ဂါနေ့ ၊ ၂၀၂၃ ခုနှစ်
    အခြေပြုကျမ်း - ဆာလံ ၂၇:၁၁-၁၄
    အကယ်စင်စစ် အသက်ရှင်သောသူတို့၏နေရာတွင် ထာဝရဘုရား၏ ကျေးဇူးတော်ကို ငါတွေ့မြင်မည်ဟု ယုံမှတ် စွဲလမ်းခြင်းရှိ၏။ ( ဆာလံ ၂၇:၁၃ )
    ###### အသက်ရှင်သောသူတို့၏ နေရာ ဆိုတာ အခုလက်ရှိ ဘဝအသက်တာကို ပြောနေတာဖြစ်ပါတယ်..ဒါဝိဒ်ဟာ ရန်သူတွေကြောင့် စိတ်ညစ်နေရပေမဲ့ ဘုရားသခင် သူ့ကို ကယ်မယ်ဆိုတာ သူသေချာ သိတယ်.. ဒါကြောင့် ရန်သူတွေကို သူမကြောက်ဘူး...သူ့ကို တိုက်ဘို့ရန်သူတွေ ချီတက်လာနေပေမဲ့ သူက ဘုရားသခင်ကို ခိုလှုံလျက် ရှိတဲ့အတွက် တည်ကြည်သော စိတ်ရှိတယ်...သူ့ဘဝမှာ ဘုရားသခင်ရဲ့ ကျေးဇူးပြုခြင်းကို ခံစားရလွန်းလို့ ဘုရားသခင် ကို မျက်မြင်ကိုယ်တွေ့မြင်ရသလိုဘဲ..
    ကျေးဇူးတော် ဆိုတာ ဘုရား လုပ်ပေးတာ ...ကိုယ်လုပ်တာမဟုတ်ပါဘူး...ကိုယ့်အတွက် ဘုရား လုပ်ပေးမယ်ဆိုတာကို စိတ်ချယုံကြည်မှု ရှိရင် တကယ်လည်း ခံစားရတာ ဖြစ်ပါတယ်...ဒါဝိဒ်ဟာ အသက် ၁၆ နှစ်အရွယ်မှာ
    ဘုရင်အဖြစ် ဘိသိက်ပေးခြင်းခံရပေမဲ့ အသက် ၃၀ အရွယ်ထိ ဘုရင်မဖြစ်သေးပါဘူး...တကယ်တော့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို မြင်တွေ့ခံစားရဘို့ စောင့်ရတဲ့ အချိန်လည်း ရှိပါတယ်... ဒါဝိဒ်ဟာ စောင့်နေရတဲ့ အချိန်မှာ ရိုးရိုးစောင့်နေရတာမဟုတ်ပါဘူး ... ရှောလုဘုရင်ရဲ့ လိုက်လံသတ်ဖြတ်ခြင်းကြောင့် တောထဲတောင်ထဲမှာ ထွက်ပြေး ပုန်းအောင်းနေရတယ်.... ဒါပေမဲ့ သူဘုရားသခင်ကို အပြစ်မတင်ဘူး.. ဘာ့ကြောင့် ဒီလိုဖြစ်နေရတာလည်း လို့လည်း မေးခွန်းမထုတ်ဘူး...ဘုရားသခင်ကို တောက်လျှောက် ခိုလှုံနေခဲ့တယ်..ဘုရားသခင် မတရားဘူးလို့လည်း မပြောပါဘူး..ဘုရားသခင်ကိုသာ မြော်လင့်စောင့်ဆိုင်းနေခဲ့တယ်...တကယ်လည်း ဘုရားသခင်ကို စောင့်ဆိုင်းရတာ ထိုက်တန်လှပါတယ်...စောင့်ဆိုင်းနေရတဲ့ အချိန်မှာ ကိုယ်ကို ဘုရားသခင် သွန်သင်နေတာတွေရှိတယ်... ပုံသွင်း ပြုပြင်နေတာတွေလည်း ရှိပါတယ်💥💥💥💥💥
    ###### ဒါဝိဒ်ရဲ့ အကြီးဆုံးဆန္ဒက ဘုရားသခင်ရဲ့ မျက်မှောက်တော် မှာ အမြဲနေချင်တာဖြစ်ပါတယ်... ဒါကြောင့် ဘုရားသခင်ရဲ့ စိတ်တော်နဲ့ တွေ့သောသူလို့ အပြောခံရတာလည်း ဖြစ်တယ် ..ဘုရားသခင် ကိုယ့်အတွက် ဘာမှ မလုပ်ပေးရင်လည်းဘုရားသခင်ရဲ့ မျက်မှောက်တော်မှာဘဲ ချီးမွန်း ကိုးကွယ်နေရတာ ဟာ တကယ်ကောင်းလှပါတယ်...🥰🥰🥰🥰🥰🥰
    အဲ့ဒီလိုနေရင် ဘယ်သူမှ ကြံ၍ မမှီနိုင်တဲ့ ဘုရားသခင် ရဲ့ ငြိမ်သက်ခြင်း က ကိုယ့်စိတ်နှလုံးကို စောင့်မမှာ ဖြစ်ပါတယ်❤️❤️❤️❤️❤️
    🤔🤔🤔🤔🤔 ထပ်မံဆင်ခြင်ရန်... သင် ဘုရားသခင် ကို စောင့်ဆိုင်းဘူးပါသလား?
    🙏🙏🙏🙏🙏🙏 ဆုတောင်းရန်..အဖ ကိုယ်တော်ကို အကျွန်ုပ် မြော်လင့်ပါတယ်.. လက်တော်ဖြင့် ကျေးဇူးပြုတဲ့အတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်
  • เพลง

ความคิดเห็น • 3