ဒီဇင်ဘာလ ၁၅ ရက်၊ သောကြာနေ့၊ ၂၀၂၃ ခုနှစ်

แชร์
ฝัง
  • เผยแพร่เมื่อ 13 ธ.ค. 2023
  • သမ္မာတရားရိပ်မြုံ (ဆရာဂျက်)
    နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်းအတွက်သမ္မာတရား
    ဒီဇင်ဘာလ ၁၅ ရက်၊ သောကြာနေ့၊ ၂၀၂၃ ခုနှစ်
    အခြေပြုကျမ်း - ဆာလံ ၅: ၁-၇
    အိုထာဝရဘုရား အကျွန်ုပ်၏စကားကို နားထောင်တော်မူ၍ အကျွန်ုပ် မြည်တမ်းခြင်းကို ဆင်ခြင်တော်မူပါ၊ အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ ဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို ဆုတောင်းသည်ဖြစ်၍ အကျွန်ုပ် အော်ဟစ်သော အသံကို နားထောင်တော်မူပါ။ (ဆာလံ ၅:၁-၂)
    ######## ဒီ ဆာလံကတော့ ဒါဝိဒ်ရဲ့ နှိမ့်ချပြီး စိတ်အားထက်သန်လှတဲ့ ဆုတောင်းခြင်း ကို ဖေါ်ပြနေတာ ဖြစ်ပါတယ်...သူ့နှလုံးသားထဲကနေ နက်နဲလှတဲ့ နိုးဆော်မှုနဲ့ ဘုရားသခင် ထံ သူပြောနေတယ်.. သူ့ရဲ့ ဆုတောင်း သံကို ကြားပြီး အဖြေပေးဘို့ ဘုရားသခင် ထံ သူ လှိုက်လှဲစွာတောင်းပန်နေတယ်.... ဒါဝိဒ်အတွက်ကတော့ ဘုရားသခင်ထံဆုတောင်းခြင်းဆိုတာ အရေးအကြီးဆုံး ဖြစ်သလို အဓိပ္ပါယ် အရှိဆုံးလည်း ဖြစ်ပါတယ်...ဘုရားသခင်ကလည်း သူ့သားသမီးတွေ သူ့ထံ လာရောက် ဆုတောင်းတာ ဘယ်လိုဘဲ လာလာ ဘာဘဲ တောင်းတောင်း အင်မတန် နှစ်သက်တယ်ဆိုတာ သိရပါတယ်... ဝိညာဉ်အသက်ရှင်တဲ့သူမှန်သမျှ ဘုရားသခင် ထံ ဆုတောင်းကြပါတယ်🥰🥰🥰🥰🥰🥰🥰
    ###### ၁၈ ရာစု နှောင်းပိုင်းလောက်မှာ လူသိများတဲ့ သူ မယ်လ်ဒီဘက်ကွတ် က ဆုတောင်းခြင်းနဲ့ ပတ်သက်ပြီး
    ဘုရားသခင်ထံပြတ်ပြတ်သားသားနဲ့ပွင့်ပွင့်လင်းလင်းပြောပါ..ရိုးရိုးသားသား ဆုတောင်းပါ... မရိုးသားတဲ့စိတ်နဲ့ ဆုတောင်းတာထက် ဆုမတောင်းဘဲ နေတာက ပိုကောင်းလိမ့်မယ်လို့ ပြောခဲ့ဘူးပါတယ်...အခုဖေါ်ပြထားတဲ့ ဒါဝိဒ်ရဲ့ ဆုတောင်းခြင်းကတော့ ရိုးသား ပြတ်သားပွင့်လင်းလွန်းလှပြီး တကယ်အားကြီးတဲ့ ဆုတောင်းခြင်းဖြစ်တယ် ဘုရားသခင်ထံ သူ့ရဲ့ဆန္ဒကို ဖေါ်ပြသလို ဘုရားသခင်ကလည်း သူ့အလိုဆန္ဒကို ဒါဝိဒ်ထံ အမြဲဖေါ်ပြတယ်..ဒါဝိဒ်ဟာ ဘုရားမကြိုက်တာလုပ်မိရင်လည်း ဘုရားသခင်ထံ အမြဲ ဝန်ချတောင်းပန်ပြီး သူ့အပြစ်ကို ဝှက်ထားတတ်သူ မဟုတ်ဘူးဆိုတာ တွေ့ရပါတယ်..ဒါကြောင့်လည်း ဒါဝိဒ်ဟာ ဘုရားသခင်ရဲ့ စိတ်နှလုံးတော်နဲ့ ညီညွတ်သောသူဖြစ်တယ်လို့ မှတ်တမ်းတင်ခံရတာဖြစ်ပြီး ယုံကြည်ခြင်း မရှိရင် ဘုရားသခင် ရဲ့ စိတ်တော်နဲ့ မတွေ့နိုင်ဘူးလို့ ဟေဗြဲ သြဝါဒစာ ၁၁:၆ မှာ တွေ့ရပါတယ်💥💥💥💥💥💥
    ####### နောဧ တို့ ဧနောက်တို့လည်း ဘုရားသခင်ရဲ့ စိတ်တော်နဲ့ တွေ့သော သူတွေဖြစ်ပြီး ဧနောက်ဆိုရင် မသေဘဲနဲ့ အရှင်လတ်လတ် ကောင်းကင်ဘုံသို့ ဘုရားသခင် ခေါ်ဆောင်သွားတာကိုခံရသူဖြစ်တယ်..သူတို့ဟာ သူတို့ရဲ့ ဘဝတလျှောက်လုံး ဘုရားသခင်နဲ့ သွားလာတဲ့သူတွေဖြစ်ပါတယ်....ဘုရားသခင်နဲ့ ရင်းနှီးစွာ သွားလာနိုင်ခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ အမြဲဆုတောင်းခြင်းဘဲဖြစ်တယ် ... ဒါဟာ အရေးကြီးပါတယ်..သခင်ယေရှုကိုယ်တိုင် လူအဖြစ်နဲ့ လောကမှာနေခဲ့စဉ်တုန်းက အမြဲဆုတောင်းသူတဦးဖြစ်ပြီး အရေးကြီးလို့ သူ့တပည့်တော်တွေကိုလည်း ဆုတောင်းဘို့ မှာကြားသလို ဘယ်လိုဆုတောင်းရမလဲဆိုတာ သေချာ သင်ပေးခဲ့တယ်ဆိုတာ တွေ့ရပါတယ်🗯️🗯️🗯️🗯️🗯️🗯️🗯️🗯️🗯️
    ####### အခုခေတ်ကာလက နောဧရဲ့ခေတ်ကာလ လိုဖြစ်နေပြီဆိုတော့ ယုံကြည်သူတွေလည်း မိမိရဲ့စိတ်ကြိုက် အသက်မရှင်ဘဲ ဘုရားသခင် စိတ်ကြိုက် အသက်ရှင်သောသူဖြစ်ဘို့ အရေးကြီးလှပါတယ်... ခေတ်ဆိုး ခေတ်ပျက်ကြီးထဲမှာ လူတွေဆိုးဝါးလာကြပြီး အကျင့်ပျက် မေတ္တာခေါင်းပါးလာကြတဲ့အချိန်မှာ မိမိကို ဘုရားသခင် ကွယ်ကာ မစ လမ်းပြပို့ဆောင်မစကောင်းကြီး ပေးခြင်း ခံရဘို့ ဒါဝိဒ်လိုဘုရားသခင် ထံ အမြဲဆုတောင်းပါ❤️❤️❤️
    🤔🤔🤔🤔🤔 ထပ်မံဆင်ခြင်ရန်...... လူတိုင်းကို ဘုရား ချစ်ပေမဲ့ လူတိုင်းဟာ ဘုရား စိတ်တော်နဲ့ ဘာလို့မတွေ့ရတာလဲ?
    🙏🙏🙏🙏🙏 ဆုတောင်းရန်....အဖဘုရား.. ကိုယ်တော်နဲ့ အမြဲ အချိန်ယူတတ်ဘို့ သွန်သင်ပါ အဖ
  • เพลง

ความคิดเห็น • 3