ဒီဇင်ဘာလ ၁၆ ရက်၊ စနေနေ့၊ ၂၀၂၃ ခုနှစ်

แชร์
ฝัง
  • เผยแพร่เมื่อ 14 ธ.ค. 2023
  • သမ္မာတရားရိပ်မြုံ (ဆရာဂျက်)
    နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်းအတွက်သမ္မာတရား
    ဒီဇင်ဘာလ ၁၆ ရက်၊ စနေနေ့၊ ၂၀၂၃ ခုနှစ်
    အခြေပြုကျမ်းချက် - လုကာ ၁၁:၁-၁၃
    တရံရောအခါ ကိုယ်တော်သည် တစုံတခုသော အရပ်တွင် ဆုတောင်းတော်မူ၍ ပြီးလျှင် တပည့်တော်တယောက်က သခင် ဆုတောင်းစေခြင်းငှါ ယောဟန်သည် မိမိတပည့်တို့အား နည်းပေးသကဲ့သို့ အကျွန်ုပ်တို့အား နည်းပေးတော်မူပါ။ (လုကာ ၁၁:၁ )
    ######## တခါတုန်းက သခင်ယေရှု တယောက်ထဲဆုတောင်းပြီးတဲ့အချိန်မှာ သူ့တပည့်တွေက တောင်းဆိုလာတယ်..ယောဟန် က သူ့တပည့်တွေ ဆုတောင်းဘို့အတွက် ဆုတောင်းနည်း သင်ပေးသလို ကျွန်တော်တို့ကိုလည်း ဆုတောင်းနည်း သင်ပေးပါတဲ့..ဒါနဲ့ဘဲ သခင်ယေရှုက ယနေ့ယုံကြည်သူတွေ ဆုတောင်းတဲ့အခါရွတ်ဆိုလေ့ ရှိကြတဲ့ ဆုတောင်းချက် အတိုလေး ကို သင်ပေးလိုက်ပါတယ်....အဲ့ဒီဆုတောင်းချက်ကို ပဌနာတော်လို့ လူသိများပြီး ယုံကြည်သူ တော်တော်များများ အလွတ်ရကြပြီး
    ကလေးတွေကိုလည်း သင်ပေးလေ့ရှိပါတယ်..တချို့ အသင်းတော် ဝတ်ပြုစည်းဝေးတွေမှာ ဆုတောင်းပြီးတဲ့အခါ ပဌနာတော်ဆိုလေ့ရှိကြတာကိုလည်း တွေ့ရပါတယ် ... သခင်ယေရှုကိုယ်တိုင်က သင်တို့သည် ဆုတောင်းလျှင်မြွက်ဆိုရမည်မှာ လို့ ပြောထားတဲ့အတွက် ဒါကို အပြစ်ပြောလို့မရပါဘူး✅✅✅✅✅✅
    * ဒါပေမဲ့ ဂါထာရွတ်တဲ့သဘောမျိုးနဲ့ ရွတ်ဘို့မဟုတ်ဘဲ ယုံကြည်ခြင်းပါလျက် နှလုံးသားနဲ့ နှုတ်ကနေ မြွက်ဆိုရမှာဖြစ်ပါတယ်... ဆုတောင်းတဲ့အခါ ယုံကြည်ခြင်းနဲ့ ဆုတောင်း ဘို့ သိပ်အရေးကြီးပါတယ်..ထုံးစံရှိလို့ သူများ ခိုင်းလို့ စိတ်မပါဘဲ ဝတ်ကြေတန်းကြေ အများရှေ့မှာ လူကြားကောင်းအောင် ဆုတောင်းတာမျိုး မဖြစ်လို့လည်း လိုပါတယ်..💥💥💥💥💥💥💥
    ######## ယုံကြည်ခြင်း နဲ့ ဆုတောင်းခြင်း က အမြဲ ယှဉ်တွဲလျက်ရှိပြီး ဘယ်တော့မှ ခွဲလို့မရပါဘူး... ယုံကြည်ခြင်းရှိတဲ့သူက ဆုတောင်းတယ်.... ဆုတောင်းတဲ့သူက ယုံကြည်ခြင်းရှိလို့ ဖြစ်ပါတယ်....ဒီနေရာမှာ ဝိညာဉ်ရေးနဲ့ ဘာသာရေးဆိုတာကို ကွဲကွဲပြားပြား နားလည်ဘို့ လိုပါတယ်... ဝိညာဉ်ရေးနဲ့ ဘာသာရေး မတူပါဘူး..ဘာသာရေးသမားက အခြားဘာသာတရားများနဲ့ အတူတူဘဲ လို့ ပြောလေ့ရှိပြီး သခင်ယေရှုဟာ အသက်ရှင်တဲ့ နံဝိညာဉ် ဘုရားဖြစ်တယ်ဆိုတာ မယုံပါဘူး....မိဘက ခရစ်ယန် ဖြစ်လို့ ငါတို့ အမျိုးက ခရစ်ယန်ဘာသာဝင်တွေမို့လို့ ငါလည်း ခရစ်ယန် ဖြစ်လာတာလို့ ခံယူထားတာဖြစ်ပါတယ်.. တကယ်တော့ ခရစ်ယန်ဆိုတာ သခင်ခရစ်တော်ရဲ့ နောက်လိုက်
    တပည့်တွေကို ဘေးပတ်ဝန်းကျင်က ခရစ်ယန်တွေ လို့ ခေါ်ဝေါ်သမုတ်ကြရာကနေ ပေါ်ထွက် လာတဲ့ စကားလုံးဖြစ်ပါတယ်... မိမိကိုယ်ကို မိမိ ခရစ်ယန်ဘာသာဝင် ဖြစ်တယ်လို့ ခံယူပြီး သခင်ယေရှုကို တကယ် မယုံကြည်သူတွေ များစွာ ရှိပါတယ်..... သူတို့ဟာ ယုံကြည်ခြင်းမရှိဘဲ ဘုရားကျောင်းသွား..တရားဟော ...သီချင်းဆို.. ဆုတောင်းနေကြတာဖြစ်တယ် ... တကယ့်အရေးအကြောင်း ဆိုရင် ဆုတောင်းတာ အဓိပ္ပါယ်မရှိဘူးဆိုပြီး လူတွေကို အားကိုးတတ်ကြတယ်...ဘုရားကို အားမကိုးပါဘူး...သူတို့ဟာ ဒုတိယအကြိမ် မွေးခြင်း ခံတဲ့သူတွေလည်းမဟုတ်... ဘုရား သားလည်းမဟုတ်.... လောကသား ဇာတိ လူတွေသာဖြစ်လို့ လောကသားတွေကဲ့သို့ဘဲ ကျင့်ကြံပြုမူပြောဆိုနေထိုင်ကြပါတယ်...ဝိညာဉ်အသက်မရှင်လို့ ဇာတိစိတ်နဲ့ဘဲ အသက်ရှင်ကြပြီး သေရင် ဘယ်ရောက်မလဲဆိုတာလည်း မသိလို့ ထာ၀ရအသက်ရထားသူတွေလည်းမဟုတ်ပါဘူး😪😪😪
    ####### တကယ့်စစ်မှန်တဲ့ ယုံကြည်သူတွေကတော့ သခင်ယေရှုနောက်ကို လိုက်တယ်... သခင်ယေရှုစကားကိုနားထောင်တယ်...ယုံကြည်ခြင်းနဲ့ ဆုတောင်းတယ် .. ကယ်တင်ခြင်း စိတ်ချမှုရှိတယ်..နေ့စဉ် ဆုတောင်းကျမ်းစာဖတ်ပြီး လူတွေကိုလည်း ကိုယ့်အရှင်သခင်လည်း ဖြစ် ... ကိုယ့်အဖလည်း ဖြစ်တဲ့ ဘုရားသခင် အကြောင်း အမြဲပြောတတ်ပါတယ်❤️❤️❤️❤️❤️
    🤔🤔🤔🤔🤔 ထပ်မံဆင်ခြင်ရန်..... သင် ဆုတောင်းရင် ဘယ်လို တောင်းပါသလဲ ?
    🙏🙏🙏🙏🙏🙏🙏 ဆုတောင်းရန် .... အဖဘုရား...ဘာသာရေးနဲ့ ဝိညာဉ်ရေး ခွဲခြားနားလည်တတ်ဘို့ လမ်းပြပါ အဖ
  • เพลง

ความคิดเห็น •