ဒီဇင်ဘာလ ၂၂ ရက်၊ သောကြာနေ့၊ ၂၀၂၃ ခုနှစ်

แชร์
ฝัง
  • เผยแพร่เมื่อ 20 ธ.ค. 2023
  • သမ္မာတရားရိပ်မြုံ (ဆရာဂျက်)
    နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်းအတွက်သမ္မာတရား
    ဒီဇင်ဘာလ ၂၂ ရက်၊ သောကြာနေ့၊ ၂၀၂၃ ခုနှစ်
    အခြေပြုကျမ်း - ဆာလံ ၄၁
    ထိုသို့ပြုသောသူသည် သင်ဖြစ်၏၊ငါနှင့်ဘက်သောသူ၊ ငါ့မိတ်ဆွေ၊ ငါ့အသိအကျွမ်းဖြစ်၏၊ အချင်းချင်း သာယာသော ဆွေးနွေးတိုင်ပင်ခြင်းကိုပြုပြီ၊ ဘုရားသခင်၏အိမ်တော်သို့ လူအစုအဝေးနှင့်အတူ သွားကြပြီ။ (ဆာလံ ၅၅:၁၃-၁၄)
    ####### ဆာလံ ၄၁ ကတော့ ဒါဝိဒ်က သူ့ရဲ့ရန်သူတွေနဲ့ ပတ်သက်ပြီး ဘုရားသခင်ထံဆုတောင်းတဲ့ ဆာလံ ဖြစ်ပါတယ်..သူ့ကို ရန်သူတွေလက်ထဲ မအပ်ဘို့ နဲ့ သူ့ရဲ့ရန်သူတွေ သူ့ကို မနိုင်တာက ဘုရားသခင် သူ့ကိုမြတ်နိုးလို့ ဖြစ်တယ်ဆိုတာကိုလည်း သူဝန်ခံပြီး သူ့ကို စုလင်ခြင်းအရာမှာ မစတယ်...ကာလအစဉ်အဆက် ဘုရားသခင်ရဲ့ ရှေ့တော်မှောက်မှာ သူ့ကို နေရာပေးထားမယ်ဆိုတာကိုလည်း သူယုံကြည်စိတ်ချတဲ့အကြောင်း ဖေါ်ပြထားပါတယ်...
    ဒီဆာလံကတော့ သူ့ကို တိုက်ခိုက်နေတဲ့ သူ့ရဲ့ရန်သူအစစ်တွေနဲ့ ပတ်သက်တာဖြစ်ပါတယ်😪😪😪😪😪😪😪
    ######### ဒါပေမဲ့ ဆာလံ ၅၅ ကတော့ နဲနဲထူးခြားတယ်... ဆာလံ၅၅ က သူ့ရဲ့ဘေးနားမှာရှိတဲ့ မိတ်ဆွေတွေအကြောင်း ရေးသားပြီး ဘုရားသခင်ထံဆုတောင်းတာဖြစ်ပါတယ်..အဲ့ဒီမိတ်ဆွေတွေကသူနဲ့ ရင်းနှီးစွာဘက်တဲ့သူတွေ...သာယာစွာ ဆွေးနွေးပြောဆိုတဲ့သူတွေ...ဘုရားသခင် ရဲ့ အိမ်တော် ကိုလည်း အစုအဝေး နဲ့ အတူသွားကြတဲ့သူတွေဖြစ်ပါတယ်... ဒါပေမဲ့ အဲ့ဒီ သူ့မိတ်ဆွေတွေက မိတ်ဆွေဟန်ဆောင်နေတဲ့သူတွေဖြစ်ပြီး တကယ်တော့ သူ့ကိုမုန်းကြတယ်..ကဲ့ရဲ့ကြတယ်...မကောင်းကြံစည်ကြတယ်... တကယ့်ရန်သူဆိုရင် သူရှောင်နိုင်ပေမဲ့ အခု ဒီလူတွေက သူ့ရှေ့မှာတမျိုး.. သူ့ကွယ်ရာမှာ တမျိုးလုပ်နေလို့ ဒါဝိဒ်အတွက် ခက်နေတယ်..... ဘယ်သူက ဘာလုပ်မလည်းဆိုတာ သေချာမသိရတော့ သူစိတ်ညစ်နေတယ်... ငှက်လို အတောင်ပံရရင် အဝေးကြီးကို ပျံသွားချင်တယ်လို့သူပြောတယ်.. နောက်ဆုံးတော့ ဘုရားသခင်ကိုဘဲပဌနာပြုဆုတောင်းတယ်...သူ့ကို ဒီလို မိတ်ဆွေဟန်ဆောင်ပြီး တိုက်ခိုက်နေတဲ့သူတွေထံကလည်း ဘုရားသခင် ကယ်တင်မယ်ဆိုတာကို သူယုံကြည်စိတ်ချတယ်💥💥💥💥💥💥💥💥
    ####### မိတ်ဆွေဆိုတာ ပြောင်းလဲတတ်ပါတယ်...ဒါဝိဒ်ကတော့ သူ့မိတ်ဆွေတွေနဲ့ ပတ်သက်ပြီး ကောင်းစွာ သင်ယူရပြီး တော်တော်ဆုတောင်းရပါတယ်... နောက်ဆုံးတော့ သူသက်သေခံ ဝေဌဘို့အကြောင်း ဘုရားသခင် လုပ်ပေးလိုက်တာပါဘဲ... ရင်းနှီးကျွမ်းဝင်တဲ့ မိတ်ဆွေတွေမရှိဘဲ ကျွန်တော်တို့ရဲ့မြေကြီးပေါ်မှာ နေထိုင်ရတဲ့ ဘ၀တွေ ဘယ်လောက်လှပနိုင်မလဲ? ဘယ်လို သာယာနိုင်မလဲ? သခင်ယေရှုလည်း သူချစ်တဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေရှိပါတယ်...သူ့ရဲ့ တပည့်တော်တွေထဲမှာ တောင် တကယ့် ရင်းနှီးကျွမ်းဝင်ပြီး သူ့ဘေးမှာ အမြဲရှိနေတတ်တဲ့ ပေတရု ယာကုပ်နဲ့ ယောဟန်တို့ ရှိကြတယ်... ယောဟန် ဆိုရင် သူ့ကိုယ်သူ ယေရှု ချစ်တော်မူသော တပည့်တော်လို့ မှတ်တမ်းတင်ခဲ့တာဖြစ်တယ် ...ဒါပေမဲ့ နောက်ဆုံး သခင်ယေရှုအဖမ်းခံရ အသတ်ခံရတော့ သူ့ကိုချစ်ပါတယ်ဆိုတဲ့ တပည့်တော်တွေအားလုံး ထွက်ပြေးကြတော့တာပါဘဲ..
    ဒါပေမဲ့ သခင်ယေရှု သူတို့ကို တကယ်ချစ်တယ် .... သူတို့အပေါ်မှာ ထားရှိတဲ့ သခင်ယေရှုရဲ့ မေတ္တာက ပြောင်းလဲခြင်းမရှိ ထာဝရချစ်တဲ့ မေတ္တာဖြစ်တယ် .... နောက်ဆုံး သခင်ယေရှု သေခြင်းမှရှင်ပြန်ထမြောက်ခဲ့ပြီးတဲ့နောက် သူတို့ဆီသခင်ယေရှုပြန်လာတယ် ... မေတ္တာပြတယ်...အဲ့ဒီ အချိန်ကစပြီး သူတို့လည်း သခင်ယေရှုရဲ့ မိတ်ဆွေကောင်းတွေဖြစ်လာပါတော့တယ်....နောက်ဆုံးတော့ သခင်ယေရှုခိုင်းတဲ့ အမှုတော်ကို သူတို့ အသတ်ခံရတဲ့ အချိန်ထိ အသက်ပေးလုပ်ဆောင်ခဲ့သူတွေဖြစ်ခဲ့ကြပါတယ်❤️❤️❤️❤️❤️❤️❤️❤️
    🤔🤔🤔🤔🤔 ထပ်မံဆင်ခြင်ရန်... သင့်ဘဝမှာ မိတ်ဆွေ ဟန်ဆောင်နေသော ရန်သူများ ရှိပါသလား?
    🙏🙏🙏🙏🙏🙏 ဆုတောင်းရန်.... သခင်ယေရှုဘုရား
    ကိုယ်တော်သည်ကျွန်တော့်ရဲ့မိတ်ဆွေကောင်းဖြစ်သောကြောင့် ကျေးဇူးတင်ပါတယ်အဖ..
  • เพลง

ความคิดเห็น • 2