ဒီဇင်ဘာလ ၁၁ ရက်၊ တနင်္လာနေ့ ၊ ၂၀၂၃ ခုနှစ်

แชร์
ฝัง
  • เผยแพร่เมื่อ 9 ธ.ค. 2023
  • သမ္မာတရားရိပ်မြုံ (ဆရာဂျက်)
    နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်းအတွက် သမ္မာတရား
    ဒီဇင်ဘာလ ၁၁ ရက်၊ တနင်္လာနေ့ ၊ ၂၀၂၃ ခုနှစ်
    အခြေပြုကျမ်း - ၁ယော ၃:၁၁- ၁၈
    သင်တို့သည် ရှေးဦးစွာကပင် ကြားရသော တရားစကား ဟူမှုကား မာရ်နတ်နှင့် ဆိုင်၍ မိမိညီကို သတ်သော ကာဣန ကဲ့သို့မဟုတ်၊ ငါတို့သည် အချင်းချင်း ချစ်ရမည်ဟုလာသတည်း။ ( ၁ယော ၃:၁၁ )
    ####### ကာက္ကနနဲ့ အာဗေလ ညီအစ်ကိုနှစ်ယောက် ဘုရားသခင်ထံ ယဇ်ပူဇော်ကြတဲ့အခါ သူ့ညီ အာဗေလရဲ့ ပူဇော်မှု ကို ဘုရားသခင် လက်ခံပြီး သူ့ရဲ့ ပူဇော်မှုကို ဘုရားသခင် လက်မခံလို့ ကာဣနက စိတ်ဆိုးပါတယ်... ဘုရားသခင်က သူလက်ခံတဲ့ ယဇ်ကောင် ကို ကာဣနအတွက် ပြင်ဆင်ပေးပေမဲ့ ကာက္ကန က အဲ့ဒီလို ပြင်ဆင်ပေးတာကို လက်မခံဘဲ သူ့ညီ အာဗေလ ကို သတ်လိုက်ပါတယ်... အမှန်ကတော့ ၁ယော ၃: ၁၁ မှာ ရှင်းရှင်းလေး ပြောထားတာက ကာဣန ရဲ့ အကျင့်က ဆိုးယုတ်ပြီး အာဗေလ ရဲ့ အကျင့်က ဖြောင့်မတ် လို့ ကာဣနက သူ့ညီ အာဗေလ ကို သတ်လိုက်တာဖြစ်တယ်တဲ့😪😪😪😪😪
    ####### လူတိုင်းမှာ အားနည်းချက်ကိုယ်စီ ရှိကြပေမဲ့ ဘုရားသခင်ကိုပေးရင်တော့ ဘုရားသခင် က အကောင်းဆုံးကို ပေးတာ နှစ်သက်ပါတယ်.... သူကလည်း သူ့သားသမီးတွေကို ပေးရင် မကောင်းတာမပေးပါဘူး..အကောင်းဆုံးကို ပေးသလို သူလည်း အကောင်းဆုံးကို လိုချင်တာဖြစ်ပါတယ်..ကာက္ကနက သူ့ရဲ့ အကောင်းဆုံးကို ဘုရားသခင်ထံ မပေးဘဲ အာဗေလက သူ့ရဲ့ အကောင်းဆုံး ကို ဘုရားသခင် ထံ ဆက်ကပ်ပူဇော်ပါတယ်.. နောက် စဉ်းစားစရာတခုကတော့ လူတယောက်ရဲ့
    ဖြောင့်မတ်ခြင်းဟာ အခြားလူတဦးရဲ့ ဆိုးယုတ်ခြင်းတွေကို ပေါ်ထွက်လာစေတတ်တယ်ဆိုတာပါဘဲ.. ဒါဟာ အချင်းချင်း ပေါင်းသင်းဆက်ဆံတဲ့အခါမှာ သတိထားရမှာဖြစ်ပါတယ်..အထူးသဖြင့် မာရ်နတ်နဲ့ဆိုင်တဲ့သူတွေလောကသားတွေနဲ့ ဆက်ဆံတဲ့အခါမှာ ပိုသတိထားရမှာဖြစ်တယ် .... လောကကြီးက ယုံကြည်သူတွေကို မုန်းတီးကြမယ်လို့ သခင်ယေရှုကိုယ်တိုင် ပြောထားခဲ့ပါတယ်..ငါ၏နာမကြောင့် ခပ်သိမ်းသောလူမျိုးတွေသင်တို့ကို မုန်းကြလိမ့်မယ်တဲ့...သခင်ယေရှုရဲ့နာမကြောင့် သူတို့ရဲ့အကျင့်ဆိုးတွေ ဖေါက်ပြန် ပျက်စီးတာတွေ ထင်ရှားစ္စာပေါ်တွက် လာလို့လည်း ဖြစ်သလို ဘုရားသခင်က သူတို့ရဲ့ ဟန်ဆောင်မျက်နှာဖုံးတွေကို ခွါချလိုက်လို့လည်း ဖြစ်ပါတယ်✅✅✅✅✅✅✅
    ###### ကျမ်းစာကလည်း အချင်းချင်း ချစ်ရမယ်လို့ သေချာပြောထားပါတယ်... အချင်းချင်း ဆိုတာ ယုံကြည်သူအချင်းချင်း ကို ပြောတာဖြစ်ပြီး မယုံကြည်သူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါမှာတော့ ဧဝံဂေလိ တရား နဲ့ သာ ဆက်ဆံရမှာ ဖြစ်ပါတယ်... သခင်ယေရှုက ကျွန်တော်တို့ရဲ့အပြစ်ကို ခွင့်လွှတ်သလို ကျွန်တော်တို့ကလည်း အချင်းချင်းရဲ့အပြစ် ကိုခွင့်လွှတ်ပြီး မယုံကြည်သူများကိုတော့ သူတို့ရဲ့ အပြစ်ကို သခင်ယေရှုခွင့်လွှတ်ကြောင်းနဲ့သူတို့ကို သခင်ယေရှုအသက်ပေးချစ်တဲ့ အကြောင်း ကြေညာရမှာဖြစ်ပါတယ်⭐⭐⭐⭐⭐
    ####### ချစ်ခြင်းမေတ္တာဆိုတာ လူတဦးရဲ့ဘ၀မှာ အလိုအပ်ဆုံးအရာဖြစ်ပြီး ဘ၀ရဲ့ ခါးသီးမှုတွေ နာကြင်မှုတွေကို ချုပ်ငြိမ်းစေပါတယ်...တကယ်တမ်း သာ အခု ကမ္ဘာကြီးမှာရှိနေတဲ့လူတွေတဦးနဲ့တဦး မေတ္တာနဲ့ ပေါင်းသင်းဆက်ဆံကြမယ်ဆိုရင် ကမ္ဘာကြီးငြိမ်းချမ်းမှာဖြစ်တယ် ... အချင်းချင်း မချစ်ဘဲနဲ့ သခင်ယေရှုနောက်လိုက်နေတယ်ဆိုရင်တော့ အဲ့ဒီလူဟာ မထိုက်တန်တဲ့နောက်လိုက်သာဖြစ်ပါလိမ့်မယ်... ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာ အရှင်ဖြစ်တဲ့အတွက် အချင်းချင်း စိတ်ပါ ကိုယ်ရောက် ဧကန်အမှန် ချစ်ကြပါစို့❤️❤️❤️❤️❤️❤️
    🤔🤔🤔🤔🤔 ထပ်မံဆင်ခြင်ရန်.... သင့်ရဲ့ မေတ္တာကို အထူးသဖြင့် လိုအပ်နေတဲ့သူ သင့် ဘေးမှာရှိပါသလား?
    🙏🙏🙏🙏🙏🙏 ဆုတောင်းရန် ... အဖဘုရား... ကိုယ်တော့် လို သူတပါးကိုချစ်တတ်ဘို့ ခွန်အားပေးပါ အဖ
  • เพลง

ความคิดเห็น • 2