ဒီဇင်ဘာလ ၃၁ ရက်၊ တနင်္ဂနွေနေ့၊ ၂၀၂၃ ခုနှစ်

แชร์
ฝัง
  • เผยแพร่เมื่อ 29 ธ.ค. 2023
  • သမ္မာတရားရိပ်မြုံ (ဆရာဂျက်)
    နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်းအတွက်သမ္မာတရား
    ဒီဇင်ဘာလ ၃၁ ရက်၊ တနင်္ဂနွေနေ့၊ ၂၀၂၃ ခုနှစ်
    အခြေပြုကျမ်း - ယောဟန် ၁၄း၁-၇
    တဖန်တုံ ယေရှု က သင်တို့ စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်၊ ဘုရားသခင်ကိုယုံကြည်ကြလော့၊ ငါ့ကိုလည်းယုံကြည်ကြလော့၊ (ရှင်ယောဟန် ၁၄: ၁ )
    ######## သခင်ယေရှု ရဲ့ စကားတွေက ထာဝရအသက်နဲ့ ယှဉ်တဲ့လမ်းကို ပြညွန်နေတယ်...သူက ထာဝရအသက်ဆီသို့သွားရာလမ်းကို ပြင်ဆင်ပြီးသွားပြီ...တခုတည်းရှိတဲ့ ပြဿနာက သင်သူ့ကို ယုံကြည်လိုစိတ် ရှိရဲ့လားဆိုတာပါဘဲ... သင်သူ့ကိုယုကြည်စိတ်ချတယ်ဆိုရင် သင့်ကို သူကထာဝရအသက်လမ်းဆီသို့ ခေါ်ဆောင်သွားမှာဖြစ်ပြီး လောကမှာ အသက်ရှင်နေတဲ့အချိန်မှာလည်း သူနဲ့အတူ အသက်ရှင်လျှောက်လှမ်းရမှာဖြစ်ပါတယ်....သခင်ယေရှု က ပြောတယ်.... သူက လမ်းခရီး သမ္မာတရား အသက်ဖြစ်တယ်တဲ့....ဒါကြောင့်သူနဲ့ အတူတူလျှောက်လှမ်းရခြင်းက ပြည့်စုံတဲ့ အသက်ရှင်လျှောက်လှမ်းမှုမျိုး ဖြစ်ပါတယ်👏👏👏👏👏👏👏👏
    ######## ကမ္ဘာပေါ်မှာရှိတဲ့ လူသားအားလုံးထဲမှာ ယုံကြည်သူဘုရား သားသမီးများဟာ ကြောက်ရွံ့စိုးရိမ်ပူပန်ခြင်းမရှိဘဲ အသက်ရှင်နေထိုင်နိုင်ရန်အတွက် အခွင့်အရေးတွေ အခွင့်ထူးတွေ ရရှိထားတဲ့ သူတွေဖြစ်ပြီး
    အဲ့ဒီအခွင့်အရေးတွေကို အသုံးချတတ်ဘို့ဘဲလိုပါတယ်
    အဲ့ဒီလို အသုံးချတတ်ဘို့ရန် အတွက် လိုအပ်မှုကတော့ ယုံကြည်ခြင်းပါဘဲ...လူကို ယုံတာ ငွေကို ယုံတာ မိမိရဲ့ အစွမ်းသတ္တိတွေကို ယုံခိုင်းတာ မဟုတ်ဘဲ သခင်ယေရှု ပြောသလို ဘုရားသခင်ကို ယုံကြည်ရမယ်...သူကိုလည်း ယုံကြည်ရမယ်... ယုံကြည်သူဆိုတာ ယုံကြည်ခြင်း ရှိရင် ယုံကြည်ခြင်းကို အသုံးပြု တတ်ရမှာဖြစ်တယ် .... ငွေရှိရင် လူတိုင်း ငွေကို သုံးတတ်သလို ယုံကြည်ခြင်းကိုလည်း
    အသုံးပြုတတ်ရမယ် ... ငွေက သုံးရင် ကုန်သွားမှာဖြစ်ပေမဲ့ ယုံကြည်ခြင်းကတော့ သုံးလေလေ တိုးပွားလာလေလေပါဘဲ🗯️🗯️🗯️🗯️🗯️🗯️🗯️🗯️
    ######## ကျမ်းစာထဲမှာ သခင်ယေရှုကိုယုံကြည်လို့ အနာရောဂါ ပျောက်သွားတဲ့သူတွေ...သခင်ယေရှုကိုယုံကြည်လို့ သခင့်စကား နားထောင်ပြီး သခင်ယေရှုပေးတဲ့အရာတွေကို အံ့သြဘွယ်ရာ ရရှိသွားတဲ့သူတွေ.သခင်ယေရှုကိုယုံကြည်လို့ ထာဝရအသက် ရရှိပြီး လောကမှာ မိမိရဲ့ အသက်ကိုပင် စွန့်လွှတ်တဲ့ ထိ ယုံကြည်ခြင်း ကြီးမားတဲ့သူတွေကို တွေ့ရမှာဖြစ်ပါတယ်...တချို့က သခင်ယေရှုကိုယုံကြည်လို့ အသက်တာပြောင်းလဲသွားကြတယ်.. လူဆိုး ဘ၀ကနေ လူကောင်းဘဝသို့ ယုံကြည်ခြင်းအားဖြင့် ရောက်ရှိသွားတယ်....သခင်ယေရှု က ဘုရားဖြစ်တယ် .. အရာခပ်သိမ်းကိုတတ်နိုင်တယ်.. ကျမ်းစာထဲကလူတွေ ယုံကြည်ခြင်းကို အသုံးချပြီး ထာဝရအကျိုး ဝိညာဉ် အကျိုး ဘ၀မှာအကျိုးကျေးဇူးများခံစားရရှိသွားကြသလို ကျွန်တော်တို့လည်း ယနေ့ ယုံကြည်ခြင်းကို အသုံးချလို့ရပါတယ်... ကျမ်းစာက ပြောတယ်...ယုံကြည်ခြင်းဖြင့် အသက်ရှင်ပါတဲ့... ယုံကြည်ခြင်းမရှိရင် ကိုယ်တော် စိတ်နဲ့မတွေ့နိုင် - တဲ့..ယုံကြည်ခြင်းဆိုတာ ယုံချင်ရာ လျှောက်ယုံဘို့ ပြောနေတာမဟုတ်ဘူး...ဘုရားရှိတယ်ဆိုတာ ယုံဘို့..ဘုရား တတ်နိုင်တယ်ဆိုတာ ယုံဘို့...ဘုရားသခင် သင့်ကိုချစ်တယ်ဆိုတာ ယုံဘို့ စသည်တို့ဖြစ်ပါတယ်... သခင်ယေရှုကို မိမိရဲ့ ကယ်တင်ရှင်နဲ့ အရှင်သခင် အဖြစ် ယုံကြည်ခြင်းအားဖြင့် သင် ထာ၀ရအသက်ရတယ်...ကယ်တင်ခြင်းရတယ်... အပြစ်ခွင့်လွှတ်ခြင်းခံရပြီး ဖြောင့်မတ်ရာသို့ ရောက်တယ်.. တမလွန်အတွက် စိတ်ချမှုကို ရရှိသည်သာမက လောက အသက်ရှင်စဉ်မှာလည်း ငြိမ်သက်ခြင်း အပြည့်နဲ့ အသက်ရှင်နေနိုင်မှာဖြစ်ပါတယ်❤️❤️❤️❤️❤️❤️❤️
    🤔🤔🤔🤔🤔🤔🤔 ထပ်မံဆင်ခြင်ရန်..... ဘုရားသခင်ကို ယုံကြည်ခြင်းအား သင်အသုံးပြုပါသလား?
    🙏🙏🙏🙏🙏🙏🙏 ဆုတောင်းရန်...အဖဘုရား.. ယုံကြည်ခြင်းဖြင့် အသက်ရှင်တတ်ဘို့ ကူညီမစပါအဖ
  • เพลง

ความคิดเห็น • 3