ဒီဇင်ဘာလ ၂၆ ရက်၊ အင်္ဂါနေ့ ၊ ၂၀၂၃ ခုနှစ်

แชร์
ฝัง
  • เผยแพร่เมื่อ 24 ธ.ค. 2023
  • သမ္မာတရားရိပ်မြုံ (ဆရာဂျက်)
    နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်းအတွက် သမ္မာတရား
    ဒီဇင်ဘာလ ၂၆ ရက်၊ အင်္ဂါနေ့ ၊ ၂၀၂၃ ခုနှစ်
    အခြေပြုကျမ်း - ဆာလံ ၁၃၉း၁-၁၂၊ ရောမ ၈:၂၇
    ထာ၀ရဘုရားသည် ခပ်သိမ်းသောစိတ်နှလုံးတို့ကို စစ်၍ အကြံအစည်ရှိလေသမျှတို့ကို သိတော်မူ၏။ (၅ရာ ၂၈:၉ )
    ###### အခုဖေါ်ပြထားတဲ့ ကျမ်းပိုဒ်တွေ အားလုံးမှာ ပါဝင်တဲ့ သမ္မာတရားကတော့ နေရာတိုင်းမှာဘုရားသခင် ရှိတယ်..အရာခပ်သိမ်းကို ဘုရားသခင်သိတယ်...အထူးသဖြင့် လူတွေရဲ့ စိတ်နှလုံးသားကို ဘုရားသခင်စစ်ဆေးလျက်ရှိပြီး လူတွေရဲ့ အကြံအစည်ကိုလည်း ဘုရားသိတယ်ဆိုတာပါဘဲ.....ဘုရားသခင်ကို ဘာနဲ့မှ သွားကန့်သတ်လို့မရပါဘူး.. ကန့်သတ်ခံထားရတဲ့ လူ.. သေရမဲ့လူက ကန့် သတ်လို့မရ... မသေနိုင်တဲ့ ဘုရားကို သွားပြီး ကန့် သတ်နေတာကရယ်စရာကောင်းပါတယ်..ဘုရားသခင်ရဲ့ ဂုဏ်အင်္ဂါ လက္ခဏာတွေက အင်မတန် အံ့သြစရာကောင်းပါတယ်...ဒီဘုရားသခင်က ဖန်ဆင်းရှင် ဘုရားဖြစ်သလို အရာခပ်သိမ်းကိုတတ်နိုင်တဲ့ ဘုရားလည်း ဖြစ်ပါတယ်
    ....ဘုရားသခင်ကိုချစ်တဲ့ယုံကြည်သူတွေအတွက်ကတော့ ဘုရားသခင်နေရာတိုင်းမှာရှိတယ်...အရာခပ်သိမ်းကို သိတယ်ဆိုတာ တကယ့် သတင်းကောင်းဖြစ်ပါတယ်... ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ဘယ်သွားသွား ဘာလုပ်လုပ် ဘုရားသခင် အတူရှိနေတယ်....သိနေတယ်လို့ခံယူထားလို့ပါဘဲ🗯️🗯️🗯️🗯️🗯️🗯️
    ####### ကျွန်တော်တို့ရဲ့စိတ်နှလုံးသားကို ဘုရားသခင်စစ်ကြောသိနေတယ်လို့ ယုံကြည်သူတွေသိတဲ့အခါ တချို့က မကြိုက်ဘူး...လက်မခံချင်ကြဘူး...ဘာကြောင့်လဲဆိုတော့ မလွတ်လပ်လို့...ချုပ်ချယ်ခြင်းခံရလို့ ..အဲ့ဒီလိုမျိုး ခံယူကြတယ်...ဒါပေမဲ့ ဘုရားသခင်ကို ဂရုမစိုက်ဘဲ လွတ်လပ်စွာ ကိုယ်စိတ်ရှိတဲ့အတိုင်း လုပ်ပြီး ဒုက္ခရောက် ဝမ်းနည်းပူဆွေးပြီးကိုယ့်ကို ကိုယ်ပြန် မုန်းတီးတဲ့ အခြေအနေမျိုးထိ ရောက်သွားခဲ့ပြီ ဆိုပါတော့....ဘုရားသခင်ကဘဲ အဲ့ဒီစိတ်နှလုံးသားကို ပြန်လည်ပြုပြင်ပေးရတာဘဲ ဖြစ်ပါတယ်...ဒါ့ကြောင့် ကျွန်တော်တို့ စိတ်နှလုံးသားကို ဘုရားသခင် စစ်ကြောလျက် သိနေတယ်ဆိုတာ တကယ့်ကို ကျွန်တော်တို့စိတ်ချမ်းချမ်းသာသာနဲ့ စိတ်မပူဘို့ဖြစ်ပါတယ်💥💥💥💥💥💥💥💥
    ####### ဘုရားသခင်ထံမိမိရဲ့စိတ် နှလုံးသား အပ်နှံထားတဲ့ လူတယောက်ဟာပတ်ဝန်းကျင်အခြေအနေ ဘယ်လောက် ဆိုးဆိုး သူ့ရဲ့စိတ်လုံးသားထဲမှာ ငြိမ်သက်ခြင်းရှိနေမှာဖြစ်ပါတယ်... ဘာကြောင့်လဲဆိုတော့ ဘုရားသခင်က ငြိမ်သက်ခြင်း အရှင်ဖြစ်ပြီး နှလုံးသားထဲမှာ ဘုရားသခင်ကငြိမ်သက်ခြင်းနဲ့ အုပ်စိုးနေလို့ဘဲဖြစ်ပါတယ်.... နောက်တခုကတော့ ဘုရားသခင်ထံဆုတောင်းတဲ့အခါ ဘုရားသခင် က နှုတ်ကထွက်တဲ့အသံထက် နှလုံးသား ဆန္ဒကိုသာ၍ ဦးစားပေးသောဘုရားဖြစ်လို့ နှလုံးသားကိုကြည့်တာဖြစ်ပြီး တခါတလေ စိတ်သိပ်ပူပန်နေတဲ့အခါမျိုးမှာ နှုတ်မြွက်ပြီးဆုမတောင်းနိုင်တော့ဘူး..
    အဲ့ဒီအချိန်မှာ နှလုံးသားထဲမှာရှိတဲ့ ဘုရားက ကိုယ်နှလုံးသားထဲက ဆုတောင်းသံကို နားညောင်း၍အဖြေပေးပါတယ်.... ဒါကြောင့် ဘုရားသခင်ရဲ့ အရာခပ်သိမ်းကို သိခြင်းနဲ့ ကျွန်တော်တို့ရဲ့စိတ်နှလုံးသားကိုစစ်ကြောနေခြင်း က ကျွန်တော်တို့အတွက်ဖြစ်ပါတယ်❤️❤️❤️❤️❤️❤️
    🤔🤔🤔🤔🤔 ထပ်မံဆင်ခြင်ရန်....သင့် စိတ်နှလုံးသားကို ဘုရားသခင်ထံ အပ်နှံပြီးပြီလား?
    🙏🙏🙏🙏🙏🙏 ဆုတောင်းရန်.... အဖဘုရား...ကျွန်တော့်ရဲ့ နှလုံးသားထဲက ဆုတောင်းသံများကို နားညောင်း၍အဖြေပေးနေသောကြောင့် ကျေးဇူးတင်ပါတယ် အဖ
  • เพลง

ความคิดเห็น • 1