ဒီဇင်ဘာလ ၃ ရက်၊ တနင်္ဂနွေနေ့၊ ၂၀၂၃ ခုနှစ်

แชร์
ฝัง
  • เผยแพร่เมื่อ 2 ธ.ค. 2023
  • သမ္မာတရားရိပ်မြုံ (ဆရာဂျက်)
    နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်းအတွက်သမ္မာတရား
    ဒီဇင်ဘာလ ၃ ရက်၊ တနင်္ဂနွေနေ့၊ ၂၀၂၃ ခုနှစ်
    အခြေပြုကျမ်း - မာကု ၉:၄၂-၅၀
    သင်၏လက်သည် သင့်ကို မှားယွင်းစေလျှင် လက်ကို ဖြတ်လော့၊ ပိုးမသေမီးမငြိမ်းရာ ငရဲအတွင်း မငြိမ်းနိုင်သောမီးထဲသို့ လက်နှစ်ဘက်စုံနှင့် ဝင်ရသည်ထက် လက်ချို့တဲ့၍ အသက်ရှင်ခြင်းသို့ဝင်စားသော် သာ၍ကောင်း​၏။ (မာကု ၉:၄၃-၄၄)
    ###### ဒီကျမ်းပိုဒ်မှာ သူ့တပည့်တွေကို သခင်ယေရှု ပြောနေတဲ့ စကားတွေက တိုက်ရိုက် ပြောနေတာမဟုတ်ပါဘူး... သွယ်ဝိုက်ပြီး ပြောနေတာဖြစ်ပါတယ်... သူ့တပည့်တွေကို တကယ်လက်ဖြတ်ခိုင်း ..ခြေဖြတ်ခိုင်း .. မျက်စိ ဖေါက်ခိုင်းနေတာမဟုတ်ပါဘူး...အဲ့ဒီ လက်တွေ ခြေထောက်တွေ မျက်စိတွေနဲ့ အပြစ်မလုပ်ဘို့ ပြောနေတာဖြစ်ပါတယ်...လူတိုင်းက အပြစ်သားတွေဖြစ်ပြီး အပြစ်လုပ်ကြတယ်ဆိုတာ သခင်ယေရှု သိပါတယ်... ဒါပေမယ့် သူ့နောက်လိုက်တပည့်တော်တွေကို သူဆုံးမနေတာ ဆန်ရင်း နာနာဖွပ် ဆိုသလို လူတွေရှေ့မှာ ဟန်ဆောင်နေတဲ့ ဖါရိရှဲတွေလိုမဟုတ်ဘဲ သူတို့ပြောတဲ့တရားအတိုင်း သူတို့ လက်တွေ့ လိုက်လျှောက် အသက် ရှင်ဘို့ ပြောနေတာဖြစ်ပါတယ်🗯️🗯️🗯️🗯️🗯️🗯️
    ###### သခင်ယေရှုကိုယ်တိုင်ကလည်း သူပြောသလိုဘဲ သူလုပ်တယ်...အပြောနဲ့အလုပ်ကိုက်ညီစွာ နေထိုင် အသက်ရှင်သူဖြစ်ပြီး ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ ဆိုတဲ့ လူစားမျိုး မဟုတ်ပါဘူး.... ရှင်ပေါလု လည်း သူဟောတဲ့တရားအတိုင်းနေထိုင် အသက်ရှင်သူ ဖြစ်ပါတယ်...ဒီလို အသက်ရှင်နေထိုင်ဘို့အတွက် အပြစ် လုပ်ချင်တဲ့ စိတ်ပေါ်လာတိုင်း ကိုယ့်စိတ်ကိုကိုယ် ချုပ်တည်း ရပါတယ်...Self Control ဆိုတဲ့ မိမိကိုယ်ကို ချုပ်တည်းရတာ လွယ်တဲ့အလုပ်မဟုတ်ပါဘူး.... အပြစ်လုပ်တဲ့ လက်ကို ဖြတ်ရင် အင်မတန် နာကြင်မှာဖြစ်တယ် .. ဒီလိုပါဘဲ ကိုယ့်ဘဝမှာ လုပ်နေကျ အပြစ် နောက် ကိုယ်နှစ်သက်စွဲလန်းတဲ့ အရာတွေ မကောင်းဘူးဆိုတာ သိလို့ ဖြတ်ရတာ ဖယ်ရှားရတာ မလွယ်ပါဘူး.. ရှင်းရှင်းပြောရရင်တော့ ဆုံးမခြင်း ခံရတာတောင် နာပါတယ် ခံရခက်ပါတယ်...ဒါပေမဲ့ ဒါဟာ အသက်ရှင်သောယဇ်အဖြစ် မိမိကိုယ်ကို ဘုရားသခင်ထံ ဆက်ကပ်အပ်နှံခြင်းဖြစ်ပါတယ်
    ဘုရားသခင် သူကြိုက်တာ သူလုပ်ပါလိမ့်မယ်... ကိုယ့်အလိုဆန္ဒ အတိုင်း အသက်ရှင် တာ ကိုယ့်အတွက် မကောင်းပါဘူး.... ဘုရားသခင်ရဲ့ အလိုဆန္ဒကသာ ကိုယ့်အတွက် အကောင်းဆုံး ဖြစ်ပါတယ်... ဒါကို နားလည်လက်ခံဘို့အတွက်ကတော့ အချိန်ပေးရတယ်... အဖိုးအခပေးရပါတယ်...လူဆိုတာလောကမှာအသက်နေတဲ့အချိန် ခနတာ သင်္ခါရ ဘ၀ကိုဘဲ ဦးစားပေးတတ်ပြီး ဘုရားသခင်ကတော့ ထာဝရအကျိုး ဝိညာဉ်အကျိုးကိုဘဲ သာ၍ ဦးစားပေးတာဖြစ်ပါတယ်⭐⭐⭐⭐⭐⭐⭐
    ###### ထာဝရကာလမှာ လူတွေသွားရမယ့်နေရာ နှစ်နေရာရှိပါတယ်....အဲ့ဒီနေရာတွေကတော့ ထာဝရကောင်းကင်ဘုံနဲ့ ထာဝရငရဲ ဖြစ်ပြီး ဒီကျမ်းပိုဒ်မှာတော့ သခင်ယေရှုက ထာဝရငရဲအကြောင်း ပြောထားပါတယ်
    ထာ၀ရငရဲက ထာဝရ လောင်ကျွမ်းနေတဲ့ မီးအိုင် ဖြစ်ပြီး ပိုးတောင်မသေတဲ့ မီးအိုင် ... မီးကလည်း ဘယ်တော့မှ မငြိမ်းဘူးတဲ့.... 💥💥💥💥💥💥
    ###### အမှန်ကတော့ လူတွေ ငရဲသွားရတာ အပြစ်ကြောင့်မဟုတ်ပါဘူး... အပြစ်ကြောင့်ဆိုလိုကတော့ ဘယ်သူမှ ငရဲကနေ လွတ်မှာ မဟုတ်ဘူး... လူတိုင်း ဗီဇ အပြစ်ရှိတာကိုး...စိတ်နဲ့ ပြစ်မှားတဲ့ မနောကံဆိုတာကိုလည်း ဘယ်သူမှ မထိန်းနိုင်ကြပါဘူး..တကယ်တော့ လူတွေ ငရဲသွားရတာ ကိုယ်ပေးဆပ်ရမယ့်ကိုယ့်ရဲ့အပြစ်အခ ကို သခင်ယေရှု ဆပ်ပေးသွားခဲ့ပြီဆိုတာကို မယုံလို့ဘဲ ဖြစ်ပါတယ်... ကိုယ့်အတွက် သခင်ယေရှု လုပ်ပေးခဲ့တယ်.. ရှင်းပေးခဲ့တယ်ဆိုတာကို လက်မခံဘူးဆိုရင်တော့ ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းရမှာဖြစ်ပါတယ်... သေမှငရဲရောက်မှ နောင်တရမယ်ဆိုရင်တော့ အချိန်နှောင်းသွားပါပြီ...ယခု အသက်ရှင်စဉ်မှာ သခင်ယေရှုကို မိမိရဲ့ ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံပါ ... သခင်ယေရှုက မနေ့ ယနေ့ နောင်ကာလ မပြောင်းလဲဘဲ အသက်ရှင်တဲ့ဘုရားဖြစ်လို့ နောင် ထာဝရကာလ ရောက်မှ အားကိုးရမယ့် ဘုရားမဟုတ်ဘဲ ယခုဘဝအတွက်လည်း အားကိုးလို့ရပါတယ်... သူ့ကိုခေါ်ပါ ... သူထူးပါလိမ့်မယ်❤️❤️❤️❤️
    🤔🤔🤔🤔🤔 ထပ်မံဆင်ခြင်ရန်..... သင့်ခေါ်သံ ကို သခင်ယေရှု ထူးတာ သင်ကြုံဘူးပါသလား?
    🙏🙏🙏🙏🙏🙏 ဆုတောင်းရန်... အဖဘုရား ကျွန်တော့်အပြစ်အတွက် အခ ကို ကိုယ်တော် ပေးဆပ်သွားလို့ ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်
  • เพลง

ความคิดเห็น • 1