ဝိတ်ချနေချိန် ထမင်းရှောင်သင့်ပါသလား

แชร์
ฝัง
  • เผยแพร่เมื่อ 15 ต.ค. 2024
  • 💢 ပထမဦးဆုံး ကျွန်တော်တို့နေ့စဉ်စားသုံးကြသည့်အစားအစာများသည်
    1️⃣ မိိမိပတ်ဝန်းကျင် (environment)
    2️⃣ ယဉ်ကျေးမှု (culture)
    3️⃣ ဓလေ့ (tradition)
    4️⃣ မိသားစု (family)
    5️⃣ ငွေရေးကြေးရေး (finances)
    6️⃣ အရသာ (taste)
    7️⃣ နိုင်ငံရေးအခြေအနေ (political situation) ။ခွင်းချက်
    စသည်တို့အပေါ်မှုတည်ပြီး စားသုံးကြပါသည်။ ထို့ကြောင့် မိမိအတွက်အဆင်ပြေဆုံးဖြစ်သည့် diet သည် တခြားသူများအတွက် အဆင်မပြေနိုင်ပါ။ “One diet never fits all.”
    💢 ရေရှည်ကျန်းမာရေးအတွက်နှင့် ဝိတ်ကျရန်အတွက်မှာ diet ကို ကြုံသလို၊ ဖြစ်သလို စား၍ အဆင်မပြေပါ။ အနည်းဆုံး အစားအသောက် plan ရှိထားပြီး၊ plan အတိုင်းမဖြစ်ခဲ့လျှင် ရွေးချယ်ခွင့် option လည်းရှိရပါမည်။
    Diet လုပ်သူအများစုမှာ ၁ နှစ် ၃၅၆ ရက်တွင် ရက်ပေါင်း ၉၀ ကို ရှယ် အစားရှောင် diet လုပ်ကြပြီး၊ ကျန်ရက်များတွင် diet အတိုင်းမစားနိုင်ခြင်းဖြစ်ပါသည်။
    ထို့ကြောင့် ဝိတ်ချသူများဖြစ်ဖြစ်၊ ဝိတ်ထိန်းသူများဖြစ်ဖြစ် မိမိလုပ်မယ့် diet မှာ ရေရှည်လုပ်နိုင်ရန် sustainable ဖြစ်ရန်လိုပါသည်။
    💢 diet အကြောင်းနှင့်ပတ်သတ်လျှင် ဝိတ်တက်ခြင်း၊ ဝိတ်တက်လာရခြင်းမှာ နေ့စဉ်စားသည့် ထမင်းဟု ထင်ကြပါသည်။ ထို ထမင်းထက် ဒုက္ခပေးသည့်အရာမှာ ရေရှည်ခံအောင်ပြုလုပ်ထားသည့် အသင့်စား အစာအစာများ processed foods များဖြစ်နေကို သတိထားသင့်ပါသည်။
    အသင့်စား အစားအစာများသည် ထားရလွယ်ကူသလို၊ မိမိလိုသည့်အချိန် ပြုလုပ်စားနိုင်သောကြောင့် အများစုကြိုက်ကြပါသည်။ စားသုံးသူများ စွဲစွဲမြဲမြဲ စားသုံးရန်အတွက် အရသာကို တမင်ဖန်တီးထားပါသည်။
    ထို့ကြောင့် ကျန်းမာရေးလိုက်စားသူများ၊ ဝိတ်ချသူများ လျှော့စားပါ၊ သို့ ရှောင်စားပါ ဟု တိုက်တွန်းချင်ပါသည်။
    မြန်မာပြည်ကြီးလည်း မြန်မြန်ကျန်းမာပါစေဗျာ
    အားလုံးကျန်းမာကြပါစေ “Health is Wealth”
    🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈
    #tomburmese #youronlinegym #diet #အစားရှောင်ခြင်း

ความคิดเห็น • 4

  • @Haizo-j2j
    @Haizo-j2j 6 หลายเดือนก่อน

    နံပြားကဝလားဗျ😢

  • @parte8732
    @parte8732 ปีที่แล้ว

    ❤❤❤

  • @LayLay-r6o
    @LayLay-r6o 5 หลายเดือนก่อน

    ဘီရာသောက်ရင်ဝိတ်တက်လားအကို

    • @fitness.nation007
      @fitness.nation007  3 หลายเดือนก่อน

      ဟုတ် ဘီယာသောက်ရင် ဝိတ်တက်ပါတယ်