Yaung Gyibwe
Yaung Gyibwe
  • 108
  • 71 476
ရန်ကုန်မှာ ပြန်ဆုံမယ် ကဗျာဆရာရိုးနီ
ရန်ကုန်မှာ ပြန်ဆုံမယ်
__________________
တောင်တန်းက စီးခဲ့၊
မြေပြန့်က စီးခဲ့၊
ခေတ်တစ်ခုလုံး တိုက်စားခဲ့သမျှ
အလွမ်းရော လူရော
ရန်ကုန်မှာ ဆုံကြမယ်၊
ခေတ်ကြီးထဲ ထည့်ခလောက်ထားတဲ့
နှင်းဆီတွေပွင့်ပြီ ယောက်ဖရေ...
လက္ဖက်ရည်ဆိုင် ထောင့်ဝိုင်းက ရယ်သံတွေအတွက်
ငါတို့ ပြန်ဆုံမှဖြစ်မယ်၊
လမ်းထိပ်အုတ်ခုံက ဂစ်တာဝိုင်းအတွက်
ငါတို့ ပြန်ဆုံမှ ဖြစ်မယ်၊
ငါတို့ရဲ့မျိုးဆက်လွတ်လပ်ခွင့်အတွက်
ငါတို့ရဲ့ လွတ်လပ်မှုကို ပေးထားပြီးပြီပဲ
ငါတို့အသံကို အလံတွေလိုလွှင့်ဖို့
ငါတို့ပြန်ဆုံရအုံးမယ်၊
ငေးလက်စ မြင်ကွင်းထဲက
အိပ်လက်စ အိပ်မက်ကို ပြန်ယူဖို့
ငါတို့ ပြန်ဆုံရအုံးမယ်၊
အမေ့ခြေဖဝါးရာပါတဲ့ ပိတ်စလေးလည်း နွမ်းပြီ၊
အမေ့ခြေအစုံကို ဦးခိုက်ဖို့
ငါတို့နှာဖူးတွေ တင်းထားမှ၊
ဆန့်လက်စ ဆံပင်တွေ ဖြီးထားမှ၊
ယောက်ဖရေ....
ရယ်စရာတွေအကြောင်းပြောပြီး ရယ်ရဖို့၊
ရန်ကုန်မှာ ဆုံကြမယ်၊
တောင်တန်းက စီးခဲ့၊
မြေပြန့်က စီးခဲ့၊
တစ်နိုင်ငံလုံးပွင့်ခဲ့သမျှ
ရနံ့ဟာ ရန်ကုန်ကိုရောက်လာမယ်၊
တောင်တန်း ၊ပြည်မ တစ်သားထဲကျဖို့
ငါတို့ ရန်ကုန်မှာ ပြန်ဆုံကြမယ် ။
ရိုးနီ
ဇွန် ၂၁/၂၀၂၄
มุมมอง: 78

วีดีโอ

အလံဖြူ ခေါ်သံ ကဗျာဆရာဖိုးသား
มุมมอง 14321 ชั่วโมงที่ผ่านมา
အလံဖြူ ခေါ်သံ လက်တစ်ကမ်းအကွာက အသက်လုစကား အသက်တစ်ခြမ်းစီပဲ နားလည်မယ် ။ လှံစွပ်ချင်းပဲ စကားပြောမယ် ကြားပွဲစားတွေ မလိုဘူး နိုင်ငံရေးတရားတွေ မဆိုဘူး ။ ရင်ဖွင့်ကြိုဆိုဖို ရင်ကွဲမတတ်တဲ့ ခေါ်သံ နှလုံးသားနဲ့ နာခံစေ ။ ဦးညွှတ်တာခြင်း အတူတူ မျက်နှာမူရာပဲ ကွာသွားမယ် ... ပြည်သူအတွက်သစ္စာ သိက္ခာကျစရာမရှိပါဘူး ။ နှစ်ဘက်မိသားစုတွေ အတွက် အသက်တွေ ဘဝတွေ ချွေတာကြရအောင်ပါ ။ တိရစ္ဆာန်ဝါဒတွေသာ ကတုတ်ကျင်းထဲမှာ မြေမြှ...
ရန်ကုန်မှာ ပြန်ဆုံမယ် Spring Shwe Nwe
มุมมอง 222วันที่ผ่านมา
ရန်ကုန်မှာပြန်ဆုံမယ် နွေရက်တွေပဲဖြစ်မှာပါ ကျွန်တော်ထင်တာမမှားရင် သေချာတယ်... ကံ့ကော်တွေလဲပွင့်နေကြဦးမှာ..။ .... အင်းလျားကန်ဘောင်ကိုလမ်းပတ်လျှောက်ကြမယ် ကျွန်တော်က အကို့ကိုလွမ်းခဲ့ရတဲ့အကြောင်းတွေကြွယ်ပြမယ် အဝေးကကောင်မလေးတစ်ယောက်ရဲ့သတိရခြင်းတွေကို နားထောင်ပြီးရင်တော့.. အကိုမျက်ရည်မလည်နဲ့ပေါ့..။ .... ရွှေတိဂုံပေါ်လဲတက်မယ် အကို့လက်ကိုဆွဲရင်း စစ်မှန်တဲ့ချစ်ခြင်းရဲ့ ချမ်းမြေ့ခြင်းကို ဘုရားရှင်ရဲ့ခြေတ...
စစ်ကြီးထဲက ချစ်ခြင်းမေတ္တာတွေ ကဗျာဆရာကျော်သုခမွန်
มุมมอง 26214 วันที่ผ่านมา
စစ်ကြီးထဲကမေတ္တာတွေ ပျော်စရာတွေကိုဖန်တီးနိုင်ဖို့ စစ်ကြီး ဘယ်တော့ပြီးမလဲဆိုတာကို ကျနော် သိလည်း သိချင်တယ် မသိလည်း မသိချင်တော့ပါဘူး စစ်ကြီးထဲမှာ စိတ်မချမ်းသာမှုများကလွဲပြီး မြတ်နိုးဧကရီကိုပေးစရာဆိုလို့ ကျနော့်မှာ ချစ်ခြင်းမေတ္တာတွေပဲရှိတယ် စစ်ကြီးထဲမှာ သတိရစိတ်ကို ကိုယ်နဲ့မကွာချိတ်ဆွဲထားပါတယ် အပေါင်းအသင်းတွေက ကျနော့်ကိုမေးကြတယ် မြတ်နိုးဧကရီရဲ့ သတိရတာနဲ့လွမ်းတာဟာ ဘာများကွာခြားပါသလဲတဲ့ ကျနော်မဖြေတတ...
အပြန် ကဗျာဆရာညီလေးအိမ်
มุมมอง 15414 วันที่ผ่านมา
ဒုက္ခတွေကို ပန်းလိုသီပြီး ဂုဏ်ပြုကြတယ် ငါ့ညီ နောက်ကျတတ်တဲ့ ခြေထောက်ကို အဖေမရိုက်တော့ဘူး။ မင်းရှေ့က မားမားမတ်မတ် ရပ်ပေးတဲ့အမေလည်း အခု မင်းမျက်ရည်တွေကို နားလည်တတ်ခဲ့ပြီပေါ့။ အိမ်နဲ့ဝေးရာ ပြေးသွားသူ အိမ်ပြေးသားဟာ ကိုယ့်အိမ်ကို ပြန်ရောက်ဖို့ ကိုယ့်အသက်နဲ့ ရင်းခဲ့ရကြောင်း။ ပြာအိုးလေးထဲမှာ အမေ့ကို သိပ်သတိရပြီး အဖေ့ကို ခွင့်လွတ်ပါလို့ ပြောခဲ့ကြောင်း ငါဘယ်လိုရှင်းပြရပါ့မလဲ။ မြို့အဝင်လမ်းတွေမှာ သပြေခက် ...
အိပ်မက်တွေဟာ အိပ်မပျော်တော့ဘူး မခင်ထွေးရီ ကဗျာဆရာရိုးနီ
มุมมอง 24814 วันที่ผ่านมา
ပုံပြင်ထဲကလောက်တော့ ဇာတ်လမ်းက မနာဘူးပေါ့၊ သတိရတဲ့စိတ်ကိုချော့သိပ်ရင်း ကျနော်တို့မှာ နိုင်ငံတော်ကိုလည်း လွမ်းရတာပါပဲ၊ အဆိပ်အတောက်ဖြစ်မယ့် သက္ကရာဇ်တွေမှ လူလာဖြစ်တော့လည်း မခင်ထွေးရီရယ် ကျနော်တို့ရဲ့ ကြီးရင့်နေမှုဟာ နေလောင်ခံသစ်ရွက်တွေနဲ့ပဲ ဖုံးအုပ်ထားရပါတယ်၊ မြစ်တွေဟာ သူတို့တာ၀န်အရ ကွေ့ကောက်စီးဆင်းကြသလိုမျိုး ကျနော်တို့ပခုံးပေါ်ကျလာတဲ့ ညနက်တွေကိုဆွဲခွာဖို့ ကျနော်တို့ပခုံးတွေကို တင်းထားရတယ်၊ သတိရစိ...
မိုးငိုနေတယ် ကဗျာဆရာညီလေးအိမ်
มุมมอง 22814 วันที่ผ่านมา
မိုးငိုနေတယ် အလင်းပျောက်တဲ့ည မိုးတဖြောက်ဖြောက်ကျလို့နေတယ်။ ငါတို့တွေ ရေသန့်ဘူးဖင်တွေကိုဖျက် အရက်ခွက်ကို ငှဲ့ရင်း စိတ်ဒဏ်ရာတွေ မရှိခဲ့သလိုမျိုး အတိတ်ဒိုင်ယာရီ သီချင်းတွေနဲ့ ငွေ့ငွေ့ကလေး ဆွေးမြေ့ခဲ့ကြ။ မင်းက မီးကို မြိုချနေသူတစ်ယောက်ရဲ့ ရှေ့မှာ အချစ်ဆိုတာ ဘာလဲလို့မေးတယ်။ မင်းက အဖြေမထွက်တဲ့ ပုစ္ဆာတစ်ခုအောက်က ရင်ခုန်သံသဲ့သဲ့ကလေးကို ကြားပြီး ကဗျာဆိုတာ ဘာလဲလို့မေးတယ်။ မင်းက မေးပြီးမေ့သွားတဲ့အချိန် ငါ...
ဒီစစ်ပွဲတွေပြီးမှ ပြန်ဆုံကြတာပေါ့ မြတ်နိုးဧကရီ ကဗျာဆရာကျော်သုခမွန်
มุมมอง 1421 วันที่ผ่านมา
ဒီစစ်ပွဲပြီးမှ ပြန်ဆုံကြတာပေါ့ မြတ်နိုးဧကရီ နယ်ခြားအရပ်မှာ တလွင့်လွင့်ဝဲပျံနေတဲ့စိတ်ဟာ ဒီစစ်ပွဲကိုမုန်းတီးနေမှန်း မြတ်နိုးဧကရီသိနိုင့်ပါ့မလား ခေတ်ကိုလက်ခလယ်ထောင်ပြမယ့်အစား စစ်ကိုအပြီးတိုင်ချုပ်ငြိမ်းစေဖို့ ကျည်ဘောက်ထဲကိုကျည်ဆံအပြည့်ဖြည့်ပြီး သေနတ်ခလုတ်ကိုမောင်းတင်ထားလိုက်ပါတယ် စိတ်ကူးထဲမှာတော့ တစ်ယောက်လက်ကိုတစ်ယောက်ဆွဲဖို့ဆိုတာ လွယ်လွယ်ကူကူကိစ္စလေးတစ်ခုပေါ့ ရင်ဘတ်ကိုလက်ကလေးနဲ့ဖိပြီး မျက်လုံးအစု...
အာဇာနည်နေ့တဲ့ ကဗျာဆရာရိုးနီ
มุมมอง 8128 วันที่ผ่านมา
အာဇာနည် နေ့ တဲ့ အခုကျ တစ်ရက်တည်း မဟုတ်တော့ဘူး၊ ကိုးယောက်ထဲ မဟုတ်တော့ဘူး၊ နေ့တိုင်းမှာ နေရာတိုင်းမှာ အာဇာနည်တွေက တဖြုတ်ဖြုတ်၊ မသေရဲခဲ့တဲ့ကောင်တွေဆိုတော့ နေခဲ့ရပေမယ့် လိပ်ပြာမလုံပါဘူး ။ #ရိုးနီ
အိမ်ပြေး ၁၁ ကဗျာဆရာရိုးနီ
มุมมอง 13228 วันที่ผ่านมา
အိမ်ပြေး(၁၁) ပြန်ခဲ့ဖို့ ပြောတယ်၊ လာခဲ့ဖို့ ခေါ်တယ်၊ ပျံသွားလို့ရရင်တော့ အကောင်းသားပဲ၊ ပင်လယ်ပြင်မှာ မိုးခိုနေတဲ့ ကဗျာတွေထဲ စိမ့်၀င် နစ်မွန်းနေတဲ့ ငါ့ဆံပင်ရှည်ရှည်တွေ၊ နီးနီးလေးလို့ ခံစားလာရပေမယ့် ဝေးသွားတဲ့ အော်ပရေတာပြတ်တောက်မှုတွေထဲ စီးကရက်တွေကို ထိုးချေချနေမိခဲ့၊ ညတွေကို အိပ်ပျော်စရာလို့ မထင်တော့တာကြာပါပြီ၊ အမှောင်ကိုကြိုက်တဲ့ စိတ်က အမှောင်ထဲမှာ မီးခိုးတလူလူ၊ မျက်နှာကျက်က ပုတ်နိုးလို့သာ ထလို...
စစ်ကြီးထဲက မြတ်နိုးဧကရီ ကဗျာဆရာကျော်သုခမွန်
มุมมอง 130หลายเดือนก่อน
စစ်ကြီးထဲက မြတ်နိုးဧကရီ ကမ္ဘာမှာ ချစ်ခြင်းမေတ္တာဆိုတာ အမှန်တကယ်ရှိနေပါ့လားလို့ ဟောဒီစစ်ကြီးထဲကျမှ ကျနော်သိလိုက်ရတာပါ မြတ်နိုးဧကရီ ဘာမပြော ညာမပြောနဲ့ စစ်ကြီးထဲ ဒုန်းစိုင်းခုန်ဆင်းခဲ့တဲ့ကျနော်ဟာ အခုဆို ဖုန်းရီကော့ဒ်ထဲက မြတ်နိုးဧကရီရဲ့အားပေးနှစ်သိမ့်တေးတွေကြောင့် မကြာခဏဆိုသလို အချစ်နာ ကျကျနေရတော့တာပါပဲ ခက်တယ် ကျနော်ကလည်း မြတ်နိုးဧကရီရဲ့မျက်နှာလေးကို တစိမ့်စိမ့်ထိုင်ကြည့်ချင်နေတဲ့ကောင်ရယ် ဒါဟာလည်း ...
နွေဦးဒုက္ခ ကဗျာဆရာမောင်သုညရှပ်ပုံသားလေး
มุมมอง 187หลายเดือนก่อน
နွေဦး ဒုက္ခ ❝ ဒုက္ခဆိုတာ နောင်တစ်ချိန်မှာ ဖြစ်လာမဲ့ ဟာသပါတဲ့ ဆရာ အကြည်တော်က ပြောတယ် ဒါဖြင့် ကျနော်တို့ ဒုက္ခက ဘာကြောင့်များ မရယ်ရတာလဲ ဘယ်ချိန်ပြန်ပြောပြော မျက်ရည်ကို ကလိထိုးလည်း ငိုကြရတာပါပဲ ❞ မောင်သုည (ရှပ်ပုံသားလေး) jul /10/24
ခေတ်ရှောင် ကဗျာဆရာဖိုးသား
มุมมอง 82หลายเดือนก่อน
ခေတ်ရှောင် ပိုက်ဆံစုထားရတော့မယ် ... ကားတစ်စီးငှားခ သိန်းငါးဆယ် ပေးနိုင်သူ စရန်ဦးရတယ် နှစ်ဆပိုပေးရင် ကတိဖျက်တယ် ... အိုကွယ် ... အလှူရှင်တွေ ပြစ်မှားမိရင် မိုးကြိုးမပစ်ခင် လစ်ဖို့ရယ် ... ။ ။ ဖိုးသား
ခင်မာလာရီ ကဗျာဆရာမောင်သုညရှပ်ပုံသားလေး
มุมมอง 281หลายเดือนก่อน
ခင်မာလာရီ ခင်မာလာရီ.... မုန်တိုင်းတွေ ထန်ခဲ့တာ နှစ်နှစ်ကြာသွားသည့်တိုင်အောင် ကမ်းပါးတွေကို ရေလှိုင်းတွေက ပြိုချနေတုန်းပဲ။ ဟိုမှာကြည့်စမ်း ခင်မာလာရီ ရေညှိပင်လေးတွေ ဆက်လက်ရွေ့ရှားနေကြပုံက ရေလယ်ကျွန်းက ငှက်ကလေးတွေ အရင်လို တေးသီဖောင်ဖွဲ့ မနိုင်တော့ဘူးလေ။ သေသူအလောင်းကို မြေချဖို့တောင် ဒုန်းစိုင်းပြင်းနေကြတယ် လူငယ်တွေရဲ့ အနာဂတ်ကောင်းကင်က မှောင်မိုက်လွန်းပါတယ် ခင်မာလာရီရယ်။ ကျွန်တော်ကို မှတ်မိသေးလား ခ...
လုလူလူး ကဗျာဆရာဖိုးသား
มุมมอง 148หลายเดือนก่อน
လု လူ လူး လူ့အခွင့်အရေးဆိုတာ အာဝုတွေဝိုင်းလုကြတဲ့ အမဲရိုးတစ်ချောင်းလို ။ လူညွန့်ခူးစားခံရတာ ကြာလာတော့ လူလို မရှင်သန်တတ်ကြတော့ ။ လူဟာ လူလို မနေရတာကြာတော့ ပြာပုံတွေ့ရင် လူးချင်လာရော ပွဲတွေ့ရင် ပလူးချင်လာရော ။ ပျော်စရာမြေမှာ လူဖြစ်ရတာ ကံကောင်းလေစွ ... တဲ့ ပြာပုံထဲက ဖုန်ထ ။ လူ့အခွင့်အရေး မရှိတာထက် လူဖြစ်ရှုံးလို့ရှုံးမှန်း မသိတာခက် ။ လူလို မသိတတ်သူတွေကို လူမှုရေးပြစ်ဒဏ်ခတ်ပေးဖို့ လူစစ်စစ်တွေမှ ကျန်...
အဆွေးသွား ကဗျာဆရာညီလေးအိမ်
มุมมอง 100หลายเดือนก่อน
အဆွေးသွား ကဗျာဆရာညီလေးအိမ်
မခင်ထွေးရီဟာ တစ်နေ့နေ့ ကဗျာဆရာရိုးနီ
มุมมอง 222หลายเดือนก่อน
မခင်ထွေးရီဟာ တစ်နေ့နေ့ ကဗျာဆရာရိုးနီ
အချစ်ကဗျာလေး တစ်ပုဒ် ကဗျာဆရာဆန်းကျော်စွာဝင်း
มุมมอง 252หลายเดือนก่อน
အချစ်ကဗျာလေး တစ်ပုဒ် ကဗျာဆရာဆန်းကျော်စွာဝင်း
ကျနော်တို့ဘယ်ငရဲကိုရောက်နေကြတာလဲ မခင်ထွေးရီ ကဗျာဆရာရိုးနီ
มุมมอง 174หลายเดือนก่อน
ကျနော်တို့ဘယ်ငရဲကိုရောက်နေကြတာလဲ မခင်ထွေးရီ ကဗျာဆရာရိုးနီ
အိမ်ပြေး ၁၀ ကဗျာဆရာရိုးနီ
มุมมอง 367หลายเดือนก่อน
အိမ်ပြေး ၁၀ ကဗျာဆရာရိုးနီ
ကမ္ဘာကျဉ်းကျဉ်း ကဗျာဆရာမာဧသု
มุมมอง 161หลายเดือนก่อน
ကမ္ဘာကျဉ်းကျဉ်း ကဗျာဆရာမာဧသု
ဘယ်မှာလဲ အိပ်မက် ကဗျာဆရာရိုးနီ
มุมมอง 423หลายเดือนก่อน
ဘယ်မှာလဲ အိပ်မက် ကဗျာဆရာရိုးနီ
အမေ ကဗျာဆရာမာဧသု
มุมมอง 1.4Kหลายเดือนก่อน
အမေ ကဗျာဆရာမာဧသု
နိုင်ငံတော်ဟာအခုတ်ခံရတဲ့ သစ်ပင်ပဲ မခင်ထွေးရီ ကဗျာဆရာရိုးနီ
มุมมอง 1.1Kหลายเดือนก่อน
နိုင်ငံတော်ဟာအခုတ်ခံရတဲ့ သစ်ပင်ပဲ မခင်ထွေးရီ ကဗျာဆရာရိုးနီ
မြတ်နိုးဧကရီထံ အကြောင်းကြားစာ ကဗျာဆရာ ကျော်သုခမွန်
มุมมอง 220หลายเดือนก่อน
မြတ်နိုးဧကရီထံ အကြောင်းကြားစာ ကဗျာဆရာ ကျော်သုခမွန်
သေနတ်ပြောင်းဝမှာ ကဗျာတစ်ပုဒ်ရှိတယ် မောင်သုညရှပ်ပုံသားလေး
มุมมอง 1.3Kหลายเดือนก่อน
သေနတ်ပြောင်းဝမှာ ကဗျာတစ်ပုဒ်ရှိတယ် မောင်သုညရှပ်ပုံသားလေး
ဒီကမ္ဘာဟာ ငါလိုချင်တဲ့ ကမ္ဘာ မဟုတ်ဘူး ကဗျာဆရာရိုးနီ
มุมมอง 602 หลายเดือนก่อน
ဒီကမ္ဘာဟာ ငါလိုချင်တဲ့ ကမ္ဘာ မဟုတ်ဘူး ကဗျာဆရာရိုးနီ
စစ်ကြီးထဲက မြတ်နိုးဧကရီဖတ်ဖို့ကဗျာ ကဗျာဆရာကျော်သုခမွန်
มุมมอง 2242 หลายเดือนก่อน
စစ်ကြီးထဲက မြတ်နိုးဧကရီဖတ်ဖို့ကဗျာ ကဗျာဆရာကျော်သုခမွန်
ဘုရားသွား အလွမ်းတက် ကဗျာဆရာရိုးနီ
มุมมอง 1412 หลายเดือนก่อน
ဘုရားသွား အလွမ်းတက် ကဗျာဆရာရိုးနီ
နိုင်ငံတော်ကို ချစ်ပေးဖို့မှာချင်တယ် မြတ်နိုးဧကရီ ကဗျာဆရာကျော်သုခမွန်
มุมมอง 7122 หลายเดือนก่อน
နိုင်ငံတော်ကို ချစ်ပေးဖို့မှာချင်တယ် မြတ်နိုးဧကရီ ကဗျာဆရာကျော်သုခမွန်

ความคิดเห็น

  • @khaingmg3626
    @khaingmg3626 13 วันที่ผ่านมา

  • @FhGu-xm8um
    @FhGu-xm8um 28 วันที่ผ่านมา

    👍👍👍😢😢😢🙏🙏🙏

  • @skyfalldayofmm
    @skyfalldayofmm หลายเดือนก่อน

    အမျိုးပျက် ခွေးအိုမ စုကြည်ကိုများကိုးကွယ်နေကြတဲ့ စောက်ပိန်းနဲ့ခွေးမျိုးတွေကိုသနားတယ်

  • @user-we2gs5bo6x
    @user-we2gs5bo6x หลายเดือนก่อน

    အားပေးနေတယ် 😢❤

  • @AungPyaeSone-y5v
    @AungPyaeSone-y5v หลายเดือนก่อน

    ငါလိုးမနိုင်ငံတော် သေမင်းက မင်းအောင်လှိုင်ကြတော့ ဘာလိုမျက်စိမကြတာလဲကွာ

  • @AungPyaeSone-y5v
    @AungPyaeSone-y5v หลายเดือนก่อน

    ငါလိုးမနိုင်ငံတော် သေမင်းက မင်းအောင်လှိုင်ကြတော့ ဘာလိုမျက်စိမကြတာလဲကွာ

  • @user-wm1tc7jt6k
    @user-wm1tc7jt6k หลายเดือนก่อน

    ငါသားလေးကိုလွမ်းလိုက်တာထူးသက်ရယ်

  • @khinhtweyee1859
    @khinhtweyee1859 หลายเดือนก่อน

    မဂ်လာပါ

  • @kyalsin-ky4ji
    @kyalsin-ky4ji หลายเดือนก่อน

    တော်လှန်ရေးသားလေးတွေဘေးကင်းပါစေစစ်ပွဲတိုင်းအောင်မြင်ပါစေ

  • @decruse152
    @decruse152 หลายเดือนก่อน

    😭😭😭😭😭

  • @ThetHtarWai-vl4le
    @ThetHtarWai-vl4le 2 หลายเดือนก่อน

    ❤❤❤❤❤❤❤❤❤❤သတိ၇လျက်ပါအမေနဲ့အဖေအမညိမညိလေးများ

  • @user-ko2ei9ek3z
    @user-ko2ei9ek3z 3 หลายเดือนก่อน

    ❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

  • @shyskippy1250
    @shyskippy1250 3 หลายเดือนก่อน

    ❤❤

  • @user-sf1oq1ni4t
    @user-sf1oq1ni4t 3 หลายเดือนก่อน

    ❤❤❤🎉🎉🎉👍🤝👏👊💪💪💪🙏🙏🙏

  • @NilarWin-xd2ng
    @NilarWin-xd2ng 3 หลายเดือนก่อน

    ကောင်းလိုက်တာ😢

    • @YaungGyibwe
      @YaungGyibwe 3 หลายเดือนก่อน

      ကျေးဇူးပါ

  • @user-ef2yv3kx4f
    @user-ef2yv3kx4f 4 หลายเดือนก่อน

    😢

  • @khinmg8731
    @khinmg8731 4 หลายเดือนก่อน

    မျက်ရည်ကျမိပါတယ်ကျဆုံးသွားသောသူရဲကောင်းများအားလုံးကောင်းကင်မှာလင်းလက်တောက်ပနိုင်ပါစေ

  • @shyskippy1250
    @shyskippy1250 4 หลายเดือนก่อน

    တလရ ကဗျာလေးတွေသဘောကျတယ် ဆက်တင်ပေးပါ

    • @YaungGyibwe
      @YaungGyibwe 4 หลายเดือนก่อน

      ကျေးဇူးပါ ဆက်လက်တင်ဆက်ပါ့မယ်ဗျ

  • @NilarWin-xd2ng
    @NilarWin-xd2ng 5 หลายเดือนก่อน

    ငိုမိ😢

  • @naturefortheworld
    @naturefortheworld 8 หลายเดือนก่อน

    ကျောင်းကလေး♥️