မခင်ထွေးရီဟာ တစ်နေ့နေ့ ကဗျာဆရာရိုးနီ

แชร์
ฝัง
  • เผยแพร่เมื่อ 10 ก.ย. 2024
  • မခင်ထွေးရီဟာ တစ်နေ့နေ့
    ________________________
    တစ်နေ့နေ့တော့များ ဆိုပြီး
    တစ်နေ့နေ့အကြောင်း ငေးငိုင်နေရတဲ့ သက္ကရာဇ်တွေပေါ့ မခင်ထွေးရီ၊
    ကျနော်တို့မှာ တစ်နေ့ပေါ့ကွာလိုပြောပြီး
    အဲဒီတစ်နေ့‌နေ့ဆိုတဲ့နေရာနဲ့ ဝေးဝေးလာတယ်၊
    ကျနော်တို့ဘ၀ထဲ
    တစ်နေ့နေ့တွေကပဲ
    တရွေ့ရွေ့ဝါးမြိုလာပြီး
    ပျော်စရာကို တ‌စ်နေ့နေ့၊
    အပန်းဖြေခရီးတွေကို တစ်နေ့နေ့၊
    မြိုမလမ်းနဲ့ တမာတန်းဟာ တစ်နေ့နေ့၊
    မာလာဆောင်နဲ့ ဂစ်တာအိုကို တစ်နေ့နေ့၊
    လက်ဖက်ရည်ဆိုင်က အကျရည်စစ်စစ်ကို တစ်နေ့နေ့၊
    အိပ်ရေးမ၀သေးတဲ့ အိပ်မက်ကို တစ်နေ့နေ့၊
    အိမ်ပြန်ချိန်ဟာ တစ်နေ့နေ့ နဲ့
    တစ်နေ့နေ့အကြောင်းပဲ တစ်နေ့နေ့ နေရတယ်၊
    သက်ဆိုးရှည်နေတဲ့ ခေတ်ကာလကြီးထဲမှာတော့
    ထူးပြီး အသက်ရှည်မနေချင်တော့ပါဘူး၊
    ပိတောက်ပန်းကို ပန်ချင်ရုံနဲ့
    နွေတစ်ခုလုံး ရင်ဘတ်နဲ့ပိုက်ထားရတဲ့
    ကျနော်တို့ဟာ သားပိုက်ကောင်တွေလိုပေါ့၊
    ဒီလိုပါပဲ မခင်ထွေးရီရာ
    ဒီလိုနဲ့ပဲ ပြီးသွားမှာပါလို့
    မခင်ထွေးရီ ထင်နေခဲ့သေးတယ်မလား၊
    တစ်နေ့နေ့ပေါ့ မခင်ထွေးရီရယ်
    အဲဒီ တစ်နေ့နေ့ဟာ
    တစ်နေ့နေ့တော့
    ကျနော်တို့ဆီ ရောက်လာမှာပါ၊
    တစ်နေ့နေ့ ပေါ့ဗျာ ။
    #ရိုးနီ
    မတ်လ ၁၂,၂၀၂၄

ความคิดเห็น • 1

  • @user-we2gs5bo6x
    @user-we2gs5bo6x 2 หลายเดือนก่อน

    အားပေးနေတယ် 😢❤