စစ်ကြီးထဲက ချစ်ခြင်းမေတ္တာတွေ ကဗျာဆရာကျော်သုခမွန်

แชร์
ฝัง
  • เผยแพร่เมื่อ 10 ก.ย. 2024
  • စစ်ကြီးထဲကမေတ္တာတွေ
    -----------------------------------
    ပျော်စရာတွေကိုဖန်တီးနိုင်ဖို့
    စစ်ကြီး ဘယ်တော့ပြီးမလဲဆိုတာကို
    ကျနော် သိလည်း သိချင်တယ်
    မသိလည်း မသိချင်တော့ပါဘူး
    စစ်ကြီးထဲမှာ
    စိတ်မချမ်းသာမှုများကလွဲပြီး
    မြတ်နိုးဧကရီကိုပေးစရာဆိုလို့
    ကျနော့်မှာ
    ချစ်ခြင်းမေတ္တာတွေပဲရှိတယ်
    စစ်ကြီးထဲမှာ သတိရစိတ်ကို
    ကိုယ်နဲ့မကွာချိတ်ဆွဲထားပါတယ်
    အပေါင်းအသင်းတွေက
    ကျနော့်ကိုမေးကြတယ် မြတ်နိုးဧကရီရဲ့
    သတိရတာနဲ့လွမ်းတာဟာ
    ဘာများကွာခြားပါသလဲတဲ့
    ကျနော်မဖြေတတ်ဘူး မြတ်နိုးဧကရီ
    ကျနော် တကယ်မဖြေတတ်ခဲ့ဘူး
    သတိရစိတ်ကိုရင်မှာမျိုသိပ်ပြီး
    ကြိတ်မှိတ်ဆွေးနေရတာလောက်
    ပင်ပန်းတာရှိပါအုံးမလားကွယ်
    မပြီးဆုံးသေးတဲ့
    စစ်ပွဲတွေအကြောင်းပြောတယ်
    တစ်ခါတလေမိုက်ရူးရဲဆန်ရုံကလွဲရင်
    ကျနော်တို့ဟာ
    အသည်းငယ်တဲ့လူငယ်တွေချည်းပဲမဟုတ်လား
    မြတ်နိုးဧကရီရေ
    ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီစစ်စစ်လိုနေတယ်
    ကျနော့်မှာလည်း
    ချစ်ခြင်းမေတ္တာစစ်စစ်လိုနေတယ်
    ဒါကြောင့် စစ်ကြီးထဲမှာ
    ချစ်ခြင်းမေတ္တာတွေ ကျနော်ပျိုးထားပါတယ် ။
    ကျော်သုခမွန်
    ၂၀၂၄၊ ဇူလိုင် ၃၁

ความคิดเห็น • 1