ဘုရားသွား အလွမ်းတက် ကဗျာဆရာရိုးနီ

แชร์
ฝัง
  • เผยแพร่เมื่อ 10 ก.ย. 2024
  • ဘုရားသွား အလွမ်းတက်
    _________________________
    ဘုရားရှေ့ရောက်ပေမယ့်
    တရားမတွေ့တော့တဲ့ နေ့များပါပဲ အချစ်ရယ်
    လွမ်းစရာကို ပန်းအဖြစ်ပြောကပ်ပြီး
    သစ္စာပန်းကိုတော့ မင့်ဖို့ချန်ခဲ့တယ်၊
    ကိုယ်တွေးထားသလိုသာဆို
    လေညှင်းကလေးထဲ
    ကိုယ်တို့အပြိုင်စိမ့်၀င်ကြရင်း
    ကြာပန်းတွေကို ကြာပါတဲ့နေ့နံဘုရားတွေမှာ လှူကြမယ်၊
    ဆီမီးကို သက်စေ့ကပ်ပြီး
    ဒီကပ်ဘေးကြီးအကြောင်းပြောပြီး ရယ်ကြမယ်၊
    မင်းက မင်းပဝါပါးကလေး ပခုံးမှာတင်ပြီး
    ကိုယ်က မင်းအသံဖျားလေးမှာ ပုန်းခိုအိပ်မယ်၊
    နှစ်ကိုယ်ကြား စကားပြောတဲ့အခါ
    နောက်ဘ၀အကြောင်းမပြောဘူး၊
    ဘာသာရေးအကြောင်းမပြောဘူး၊
    ဒီမိုကရေစီအကြောင်းမပြောဘူး၊
    ကဗျာအကြောင်းမပြောဘူး၊
    ပြီးတော့
    ဒီဘ၀အကြောင်းလည်း မပြောတော့ဘူးကွယ်၊
    မင်း ဆံပင်နွဲ့နွဲ့လေးအကြောင်းပြောမယ်၊
    မင်း မျက်ခုံးဖောင်းဖောင်းလေး အကြောင်းပြောမယ်၊
    မင်း အပြုံးနုနုကလေးအကြောင်းပြောမယ်၊
    ဘုရားမရှိတော့တဲ့ကာလထဲ
    ကိုယ့်မှာ မင်းရှိတဲ့အကြောင်းပြောမယ်၊
    သစ္စာပန်းပင်ကလေးတွေ ပျိုးထားတယ် အချစ်ရေ...
    မေတ္တာကမ်းစပ်ကလေးထဲက
    ချစ်စရာ သမီးငယ်လေးအကြောင်းပြောပြီး ပျော်ကြမယ်၊
    ကိုယ်တွေးထားသလိုသာဆို အချစ်ရယ် ၊
    ဘုရားကိုသွားပေမယ့်
    ဘုရားဆီကို ကိုယ်မရောက်ခဲ့ဘူး အချစ်ရေ...
    ဘုရားမဖြစ်မယ့်အတူတော့
    ဘုရားဆုလည်း မပန်တော့ပါဘူးကွယ် ၊
    ကိုယ်ပြန်လာရင်
    မင်းဖို့ ပန်စရာပန်းကလေးပဲ ကိုယ်ခူးခဲ့မယ်၊
    ကိုယ်ရူးခဲ့တဲ့ မျက်ခုံးကိုင်းကိုင်းကလေး ကွေးထားအချစ်ရေ....။
    #ရိုးနီ
    အောက်တိုဘာ ၁၄/၂၀၂၃

ความคิดเห็น •