လုလူလူး ကဗျာဆရာဖိုးသား

แชร์
ฝัง
  • เผยแพร่เมื่อ 10 ก.ย. 2024
  • လု လူ လူး
    ~~~~~~
    လူ့အခွင့်အရေးဆိုတာ
    အာဝုတွေဝိုင်းလုကြတဲ့
    အမဲရိုးတစ်ချောင်းလို ။
    လူညွန့်ခူးစားခံရတာ ကြာလာတော့
    လူလို မရှင်သန်တတ်ကြတော့ ။
    လူဟာ လူလို မနေရတာကြာတော့
    ပြာပုံတွေ့ရင် လူးချင်လာရော
    ပွဲတွေ့ရင် ပလူးချင်လာရော ။
    ပျော်စရာမြေမှာ လူဖြစ်ရတာ
    ကံကောင်းလေစွ ... တဲ့
    ပြာပုံထဲက ဖုန်ထ ။
    လူ့အခွင့်အရေး မရှိတာထက်
    လူဖြစ်ရှုံးလို့ရှုံးမှန်း မသိတာခက် ။
    လူလို မသိတတ်သူတွေကို
    လူမှုရေးပြစ်ဒဏ်ခတ်ပေးဖို့
    လူစစ်စစ်တွေမှ ကျန်သေးရဲ့လား ။
    အဝေးကြီးမှာ လိုက်မရှာနဲ့
    တရားခံအစစ်က မှန်ထဲမှာ ... ။ ။
    ဖိုးသား
    ၄/၇/၂၀၂၄

ความคิดเห็น •