နေ့စဉ်ခွန်အား | ၂၀၂၄ ခုနှစ်၊ ဇန်န၀ါရီလ (၂၂) ရက် ‌

แชร์
ฝัง
  • เผยแพร่เมื่อ 20 ม.ค. 2024
  • မှန်ကန်သည့်အာရုံစူးစိုက်မှု
    myanmar-odb.org/2024/01/22/th...
    / myanmar.odb
    / ourdailybreadmyanmar
    ယနေ့ဖတ်ရန်ကျမ်းချက် - ရှင်လုကာခရစ်ဝင် ၁၀:၁၇-၂၀
    odb-ministries.org/bible/mm/r...
    ထင်ဟပ်ဖော်ပြချက် - ရှင်လုကာခရစ်ဝင် ၁၀း ၂၀တွင် သခင်ယေရှုသည် သူ၏တပည့်တော်များ နတ်ဆိုးများကို နှင်ထုတ် နိုင်ခြင်းအတွက် ဝေဖန်ပြစ်တင်ခြင်းမပြုခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့နှင်ထုတ်နိုင်သောအခါ ဘုရားသခင် ဘုန်းတော်နာမတော် ထင်ရှားခြင်းအကြောင်းဖြစ်သည်။ ထိုအစား သူတို့၏အမည်များ ကောင်းကင်နိုင်ငံတော်စာရင်းတွင် ပါဝင်သောကြောင့် ဝမ်းမြောက်ရန် မိန့်ကြားခဲ့သည်။ အခြား ကျမ်းပိုဒ်များတွင် “အသက်စာစောင်” သို့မဟုတ် “စာစောင်”ဟူသည့်စကားလုံးကို သုံးလျက် မှတ်တမ်း တင်ထားသည်။ ကျမ်းအနက်ဖွင့်ရေးသားသူ ဝီလျှံဟန်ဒရီဆန် (William Hendriksen)က ရေးသားသည်မှာ “ကမ္ဘာမြေပေါ်တွင် အသက်ရှင်မှု အဆုံးသတ်သွားသောအခါ နတ်ဆိုးများကို နှင်ထုတ်ခြင်း ရပ်စဲသွားသည်။ သို့သော် ဘုရားသခင်နှင့် မှန်ကန်စွာ ရပ်တည်ခြင်းသည် ဘယ်သော အခါမျှ မပြီးဆုံးသည့် သူ၏ဘုန်းတော်နာမတော်ထင်ရှားရန် ထာဝရကယ်တင်ခြင်းရလဒ်ကို ဖြစ်စေ သည်။” “ထိုကာလအခါ စာ‌စောင်၌ စာရင်းဝင်သမျှသော သင်၏အမျိုးသားချင်းတို့သည် ကယ်လွှတ်ခြင်း သို့ ရောက်ကြလိမ့်မည်”ဟု ဒံယေလ ပြောထားသည် (ဒံယေလအနာဂတ္တိကျမ်း ၁၂း၁)။ အောင်မြင်သော သူများ သို့မဟုတ် ယုံကြည်ခြင်း၌ ခိုင်မြဲစွာရပ်တည်သောသူတို့သည် “အသက်စာစောင်”မှ ဖျက်ပယ်ခြင်းကို ဘယ်သောအခါမျှ ခံရမည်မဟုတ်ပေ။ (ဗျာဒိတ်ကျမ်း ၃း၅)။ နောက်ဆုံးသော ကာလတွင် “ကွပ်မျက်သော သိုးသူငယ်၏အသက်စာစောင်၌ ကမ္ဘာဦးကပင် စာရင်းမဝင်သော မြေကြီးသားအပေါင်းတို့သည် သားရဲကို ကိုးကွယ်ကြ၏” (ဗျာဒိတ်ကျမ်း ၁၃း၈)ဟု ရှင်ယောဟန်က ပြောထားသည်။ ခရစ်‌တော်တဖန် ကြွလာသောအခါ “အသက်စာစောင်၌ စာရင်းမဝင်သော သူရှိသမျှ တို့ကို မီးအိုင်ထဲသို့ချပစ်” မည်ဖြစ်သည်။ (၂၀း၁၅)။ - Alyson Kieda

ความคิดเห็น •