နေ့စဉ်ခွန်အား | ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၀) ရက်

แชร์
ฝัง
  • เผยแพร่เมื่อ 18 มิ.ย. 2024
  • သစ်လွင်သေချာသော
    myanmar-odb.org/2024/06/20/ne...
    / myanmar.odb
    / ourdailybreadmyanmar
    ယနေ့ဖတ်ရန်ကျမ်းချက် - ယေရမိမြည်တမ်းစကား ၃:၁၉-၂၆
    odb-ministries.org/bible/mm/r...
    ထင်ဟပ်ဖော်ပြချက်
    သစ်လွင်သေချာသော
    ယေရမိမြည်တမ်းစကားသည် သမ္မာကျမ်းစာထဲတွင် စိတ်ပျက်အားလျော့စရာအကောင်းဆုံး ကျမ်းစောင်ဖြစ်သည်။ ၎င်းသည် ကျူးကျော်စော်ကားမှုကို ခံရသည့် သူ့နိုင်ငံအတွက် ယေရမိ၏နှလုံးသားငိုကြွေးသံဖြစ်သည်။ သို့သော် ဤကျမ်း၏အလယ်ဗဟိုတွင် “ထာဝရဘုရားသည် သနားတော်မူ၍ ကရုဏာတော်သည် မကုန်သောကြောင့်” (၃:၂၂) ဟူသည့် စစ်မှန်သောမျှော်လင့်ချက်ကို တွေ့ရသည်။ ဤကျမ်းသည် မျှော်လင့်ချက်ဖြင့် အဆုံးသတ်သော်လည်း ယေရမိ၏သံသယကို ကျွန်ုပ်တို့ ခံစားရသည်။ “အိုထာဝရဘုရား၊ ကိုယ်တော်သည် နိစ္စအမြဲ တည်တော်မူ၏။ ပလ္လင်တော်သည်လည်း ထာဝရပလ္လင်ဖြစ်ပါ၏” (၅:၁၉)ဟု သူကြွေးကြော်ခဲ့သည်။ ထိုသို့ အန္တိမအောင်ပွဲဖြင့် ယေရမိ မြည်တမ်းစကား အဆုံးသတ်ရန် ကျွန်ုပ်တို့ မျှော်လင့်ကောင်း မျှော်လင့်မိမည်။ သို့သော် ပရောဖက်ကြီးက “ကိုယ်တော်သည် အဘယ်ကြောင့် ကျွန်ုပ်တို့ကို အစဥ်မပြတ် မေ့လျော့တော်မူသနည်း။ အဘယ်ကြောင့် ကာလကြာမြင့်စွာ စွန့်ပစ်တော်မူသနည်း” (:၂၀) ဟု ဘုရားသခင်အား စိတ်ထိခိုက်နာကျင်ရသည့် မေးခွန်းနှစ်ခု မေးခဲ့သည်။ “အိုထာဝရဘုရား၊ အကျွန်ုပ်တို့ကို အထံတော်သို့ လှည့်စေတော်မူပါ” (:၂၁)ဟု သူတောင်းလျှောက်ခဲ့သော်လည်း သူ၏စိတ်ချမှုက ယိမ်းယိုင်လျက်ရှိသည်။ “အကယ်၍ ကိုယ်တော်သည် အကျွန်ုပ်တို့ကို ရှင်းရှင်း ပယ်တော်မူမည်လော။ ပြင်းစွာအမျက်ထွက်တော်မူမည်လော” (:၂၂)ဟု ကိုယ်တော်အား ထိုသို့မပြုမီ စဥ်းစားရန် သတိပေးစကားကိုလည်း ထည့်သွင်းဖော်ပြထားသည်။ ပရောဖက်ယေရမိသည် သူတွေ့မြင်ရသည့် ဝမ်းနည်းကြေကွဲမှုများအတွက် အလွန်အမင်း ရုန်းကန်ခံစားခဲ့ရသူဖြစ်သည်။
    စာရေးသူ တင်မ်ဂပ်စ်ထက်ဖ်ဆန်

ความคิดเห็น •