နေ့စဉ်ခွန်အား | ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၉) ရက်

แชร์
ฝัง
  • เผยแพร่เมื่อ 17 มิ.ย. 2024
  • လွတ်မြောက်မှု၏ ဘုရားသခင်
    myanmar-odb.org/2024/06/19/go...
    / myanmar.odb
    / ourdailybreadmyanmar
    ယနေ့ဖတ်ရန်ကျမ်းချက် - ထွက်မြောက်ရာကျမ်း ၃:၁-၁၀
    odb-ministries.org/bible/mm/r...
    ထင်ဟပ်ဖော်ပြချက်
    လွတ်မြောက်မှု၏ ဘုရားသခင်
    သမ္မာကျမ်းစာ၌ မောရှေသည် ထင်ရှားသောခေါင်းဆောင်တစ်ဦးဖြစ်သည်။ သို့သော် ဦးဆောင်မှုပြုနိုင်အောင် သူ့အား ဘုရားသခင်မည်သို့ ပြင်ဆင်ခဲ့ရသည်ကို တစ်ခါတစ်ရံ ကျွန်ုပ်တို့ မျက်စိလျှမ်း ကျော်သွားနိုင်ပါသည်။ သူ့ယောက္ခမ၏သိုးများကို နှစ်ပေါင်း ၄၀ ကြာ (တမန်တော်ဝတ္ထု ၇:၃၀) သိုးထိန်းအဖြစ် ထိန်းကျောင်းခဲ့ရသည် (ထွက်မြောက်ရာကျမ်း ၃:၁၊ ၂:၁၆-၂၂)။ ဒါဝိဒ်ကဲ့သို့ပင် တိရိစ္ဆာန်များကို ထိန်းကျောင်းရာမှ လူကိုဂရုပြုစောင့်ထိန်းရန်အတွက် (ဆာလံကျမ်း ၇၈:၇၀-၇၁) ဘုရားသခင် မောရှေကို ခေါ်တော်မူသည်။ စင်စစ် သိုးထိန်းကြီးမှာ သူ့လူများ၏ ဆင်းရဲဒုက္ခ သောကကိုမြင်သော၊ ၎င်းတို့၏ငိုကြွေးသံကို ကြားသော၊ ၎င်းတို့၏ခံစားရမှုမှန်သမျှကို အလေးထားသောသူဖြစ်သည့် တစ်ချိန်တည်းမှာပင် (ထွက်မြောက်ရာကျမ်း ၃:၇) သူ၏ကယ်နှုတ်ခြင်း အကြံအစည်အတွက် သူ့ကိုယ်စား ကယ်တင်လွတ်မြောက်စေမည့်၊ လှုပ်ရှားပေးမည့် လူသားတစ်ဦးကိုလိုပေသည်။ “မောရှေနှင့်အာရုန်တို့လက်ဖြင့် ကိုယ်တော်၏လူများတို့ကို သိုးစုကဲ့သို့ ပို့ဆောင်တော်မူ၏” (ဆာလံကျမ်း ၇၇:၂၀)။
    စာရေးသူ အာသာဂျက်ဆင်

ความคิดเห็น •