နေ့စဉ်ခွန်အား | ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၇) ရက်

แชร์
ฝัง
  • เผยแพร่เมื่อ 15 มิ.ย. 2024
  • ရက်ရောသော ယုံကြည်ခြင်း
    myanmar-odb.org/2024/06/17/ge...
    / myanmar.odb
    / ourdailybreadmyanmar
    ယနေ့ဖတ်ရန်ကျမ်းချက် - တရားဟောရာကျမ်း ၂၄: ၁၇-၂၂
    odb-ministries.org/bible/mm/r...
    ထင်ဟပ်ဖော်ပြချက်
    ရက်ရောသော ယုံကြည်ခြင်း
    တရားဟောရာကျမ်း ၂၄:၁၇-၂၂ တွင် ဣသရေလလူမျိုးတို့အတွက် ကတိထားတော်မူသောပြည်တွင် ဘဝအသက်ရှင်သန်ရမည့်နည်းလမ်းများကို ကဏ္ဍအလိုက် ပညတ်တော်များချမှတ်ပေးထားသည်။ ဤအပိုင်းတွင် ဆိုလိုရင်းက ရှင်းပါသည်။ ဆင်းရဲသားများ၊ လိုအပ်သူများနှင့် တိုင်းတစ်ပါးသားတို့ကို ကျွေးမွေးထောက်ပံ့ရန်ဖြစ်သည်။ သို့သော် အခန်းကြီး ၂၃ အဆုံး၌ ကြောင်းကျိုးဆက်စပ်နားလည်ရသည့် စိတ်ဝင်စားဖွယ် အချက်တစ်ချက်ကို တွေ့ရသည်။ တရားဟောရာကျမ်း ၂၃:၂၄-၂၅ တွင် ဆင်းရဲသားများသာမဟုတ်ဘဲ မည်သူမဆိုသည် အိမ်နီးချင်း၏လယ်ကွက်မှ မိမိစားလိုသောအရာ မည်သည့်အရာကိုမဆို စားရန် အခွင့်ပေးထားသည်။ တစ်နေ့တွင် သခင်ယေရှုသည် “ဥပုသ်နေ့၌ ဂျုံစပါး လယ်ကွက်တို့ကို လျှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် ဆာမွတ်သောကြောင့် စပါးအသီးအနှံကို ဆွတ်၍ စားကြ၏” (ရှင်မဿဲခရစ်ဝင် ၁၂:၁)။ ချက်ခြင်းပင် ဖာရိရှဲများက ၎င်းတို့အား “ဥပုသ်နေ့၌ မပြုအပ်သောအမှုကို ပြုကြပါသည်တကားဟု လျှောက်ကြ”သည် (:၂)။ ခရစ်တော်က “လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မူ”လျက် (:၈)၊ ၎င်းတို့သည် ဆာလောင်ခြင်းကြောင့်သာ ထိုသို့ ဆွတ်၍စားကြသည်ဟု (:၁) တပည့်တော်များအတွက် ခုခံ ကာကွယ်ပြောဆိုခဲ့သည်။ အဘခမည်းတော်သည် “ယဇ်ပူဇော်ခြင်း”ထက် ဆာလောင်သူကို ကျွေးမွေးခြင်း ဟူသည့် “သနားခြင်းကရုဏာ” အကျင့်ကို အလိုရှိကြောင်း သခင်ယေရှုမှတ်ချက်ပေးခဲ့သည်။ ဖာရိရှဲတို့သည် ပညတ်တော်များကို အနက်ဖွင့် လိုက်လျှောက်ကြရင်းနှင့်ပင် ပညတ်တော်များကို ချမှတ်ပေးသူ ဝိညာဥ်တော်ဘုရား၏ ကြွယ်ဝသောစေတနာစိတ်ကို မမြင်ဘဲ လွတ်သွားခဲ့သည်။
    စာရေးသူ တင်မ်ဂပ်စ်ထက်ဖ်ဆန်

ความคิดเห็น •