နေ့စဉ်ခွန်အား | ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၅) ရက်

แชร์
ฝัง
  • เผยแพร่เมื่อ 13 มิ.ย. 2024
  • အစေခံနှလုံးသား
    myanmar-odb.org/2024/06/15/he...
    / myanmar.odb
    / ourdailybreadmyanmar
    ယနေ့ဖတ်ရန်ကျမ်းချက် - ဂလာတိသြဝါဒစာ ၅:၁၃-၁၈
    odb-ministries.org/bible/mm/r...
    ထင်ဟပ်ဖော်ပြချက်
    အစေခံနှလုံးသား
    ဝိညာဥ်တော်၏ဦးဆောင်မှုအောက်၌ ရှိနေခြင်းဆိုသည်မှာ တာဝန်ရှိသော လွတ်မြောက်ခြင်းအကြောင်း ဖြစ်သည်။ ဂလာတိဩဝါဒစာ ၅:၁၃ တွင် “ညီအကိုတို့၊ သင်တို့သည် လွှတ်ခြင်းအခွင့်ကို ရသောသူဖြစ်ကြ၏။ သို့သော်လည်း ဇာတိပကတိအား အခွင့်ကိုပေး၍ ထိုလွှတ်ခြင်းကို မသုံးကြနှင့်။ အချင်းချင်းချစ်၍ အမှုချင်းကို ဆောင်ရွက်ကြလော့” ဟုဆိုထားသည်။ ခရစ်တော်၌ ကျွန်ုပ်တို့ လွတ်မြောက်ခြင်း ရပါသည်။ သို့သော် အခြားသူများကို ခုတုံးလုပ်ပြီး၊ မိမိကိုယ်ကို ချီးမြှောက်ခြင်းက လွတ်မြောက်ခြင်းမဟုတ်ပါ။ မိမိအလိုဆန္ဒများ၏ကျေးကျွန် မဖြစ်ဘဲ လွတ်မြောက်ခြင်း၊ အခြားသူများကို အစစ်အမှန် ဂရုပြုစောင်မခြင်းဖြင့် လွတ်မြောက်ခြင်းပင်ဖြစ်ပါသည်။ အခန်းငယ် ၁၆ တွင် “ဝိညာဥ်ပကတိအတိုင်း ကျင့်ခြင်း” နှင့် “ဇာတိပကတိအလိုသို့ လိုက်ခြင်း” တို့၏ ကွဲပြားခြားနားမှုကို တွေ့ရပါသည်။ အခန်းငယ် ၁၇ တွင် လက်တွေ့ ထိပ်တိုက်ပြဿနာကို တွေ့ရသည်။ “ဇာတိပကတိနှင့် ဝိညာဥ်ပကတိသည် တစ်ပါးနှင့်တစ်ပါး ဆန့်ကျင်သောအလိုရှိကြ၏။ တစ်ပါးနှင့်တစ်ပါး ဆန့်ကျင်ဘက်ဖြစ်၍ သင်တို့သည် ကျင့်ချင်သောအကျင့်ကို မကျင့်နိုင်ကြ။” ကျွန်ုပ်တို့ ဇာတိကိုအောင်နိုင်စေရေးနှင့် မိမိကိုယ်ကိုမဟုတ်ဘဲ ဘုရားသခင် နှစ်သက်ကျေနပ်သည့်အရာကို လုပ်ဆောင်နိုင်ရေး ဝိညာဥ်တော်သည် မစရန် တတ်စွမ်းပေသည်။
    စာရေးသူ ဘေလ်ခရောက်ဒါ

ความคิดเห็น •