နေ့စဉ်ခွန်အား | ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၃) ရက်

แชร์
ฝัง
  • เผยแพร่เมื่อ 21 มิ.ย. 2024
  • ကောင်းသောအကျင့်၌ ကြွယ်ဝပြည့်စုံခြင်း
    myanmar-odb.org/2024/06/23/ri...
    / myanmar.odb
    / ourdailybreadmyanmar
    ယနေ့ဖတ်ရန်ကျမ်းချက် - တိမောသေသြဝါဒစာပထမစောင် ၆:၆-၁၀, ၁၇-၁၉
    odb-ministries.org/bible/mm/r...
    ထင်ဟပ်ဖော်ပြချက်
    ကောင်းသောအကျင့်၌ ကြွယ်ဝပြည့်စုံခြင်း
    တိမောသေဩဝါဒစာပထမစောင် ၆:၆-၁၉ မှ ရှင်‌ပေါလု၏သွန်သင်ချက်က ရှင်မဿဲခရစ်ဝင် ၆:၁၉-၂၁ တွင် ဖော်ပြပါရှိသည့် “သံချေး ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းပူးကြနှင့်။ သံချေးပိုးရွ မဖျက်ဆီး၍ သူခိုးမထွင်းမဖောက် မခိုးမယူရာ ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ဆည်းပူးကြလော့။ အကြောင်းမူကား အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏။ ထိုအရပ်သို့ သင်တို့၏ စိတ်နှလုံးရောက်တတ်၏” ဟူသော သခင်ယေရှု၏မိန့်မှာချက်များကို ပြန်လည်သတိရစေသည်။ ကျမ်းချက်နှစ်ခုစလုံးမှ “ဘဏ္ဍာသိုမှီးခြင်း” သဘောတရားက အတူတူဖြစ်သည်။ လောက၌ရှိသော ဘဏ္ဍာဆိုသည်မှာ လက်ဆောင်စည်းစိမ် (သို့) ငွေကြေးကဲ့သို့သောအရာများ ဖြစ်ပြီး လောကတန်ဖိုးသာရှိပြီး လောက၌သာ အသုံးဝင် သည့် ရင်းနှီးမြှုတ်နှံမှုကို ဆိုလိုသည်။ ကောင်းကင်ဘဏ္ဍာဆိုသည်မှာ ထာဝရတန်ဖိုးရှိသည့် လောကီအရာ၌ ရင်းနှီးမြှုတ်နှံမှုကို ဆိုလိုသည်။ လောက၌ စေတနာစိတ်နှင့်ပေးကမ်းခြင်းက ကောင်းကင်ဘဏ္ဍာကို သိုမှီးခြင်းဖြစ်သည်။ ထို့ကြောင့် ရောင့်ရဲကျေနပ်မှုကို ပြုစုပျိုးထောင်ရန် လိုအပ်သည်။ ထိုသို့ပြုလျှင် လောဘလွန်ကျူးစရာများနှင့် ထိတွေ့နိုင်မှု လျော့နည်းစေနိုင်ပြီး၊ ကောင်းမှုပြုနိုင်မည့်အနေအထား၌ ကျွန်ုပ်တို့ကို တည်စေသည်။ ထိုသို့ဖြစ်တည်မှုတစ်လျှောက်တွင် ကျွန်ုပ်တို့သည် မိမိကိုယ်ကို စစ်မှန်စွာ တိုးတက်စေနိုင်ပါသည်။
    စာရေးသူ အာသာဂျက်ဆင်

ความคิดเห็น •