ဒီဇင်ဘာလ ၉ ရက်၊ စနေနေ့၊ ၂၀၂၃ ခုနှစ်

แชร์
ฝัง
  • เผยแพร่เมื่อ 7 ธ.ค. 2023
  • သမ္မာတရားရိပ်မြုံ (ဆရာဂျက်)
    နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်းအတွက်သမ္မာတရား
    ဒီဇင်ဘာလ ၉ ရက်၊ စနေနေ့၊ ၂၀၂၃ ခုနှစ်
    အခြေပြုကျမ်းချက် - ဟေဗြဲ ၆:၉-၁၂
    ယုံကြည်ခြင်းနှင့် သည်းခံခြင်းအားဖြင့် ဂတိတော်တို့ကို အမွေခံရသောသူတို့နည်းတူ ကျင့်နိုင်မည်အကြောင်း ထိုသို့သော လုံ့လဝိရိယ ကို ထုတ်၍ အဆုံးတိုင်အောင် ယုံမှားခြင်းနှင့် ကင်းသော မြော်လင့်ခြင်းနှင့် ပြည့်စုံစေ
    ခြင်းငှါ ငါတို့သည် အလိုရှိကြ၏။ (ဟေဗြဲ ၆:၁၂)
    ####### ယုံမှားခြင်းနဲ့ ကင်းတဲ့ မြော်လင့်ခြင်းနဲ့ အသက်ရှင်နေရတဲ့ ကနဦး ယုံကြည်သူတွေရဲ့အသိုင်းအဝိုင်း က အင်မတန်သန့်ရှင်းပါတယ်... သူတို့ကို
    ရှေးသန့်ရှင်းသူများလို့ခေါ်ကြပါတယ်.... နေရာထိုင်ခင်းနဲ့ လူနေမှု အိမ်ယာ ဝတ်စားဆင်ယင် စားသောက်ပုံတွေ သန့်ရှင်းလို့ သူတို့တွေကိုသန့်ရှင်းသူလို့ခေါ်တာမဟုတ်ပါဘူး...
    သူတို့ဟာ ကျွန်တော်တို့လိုသာမာန်လူတွေပါဘဲ....ဒါပေမဲ့ ဘုရားသခင် ကို ယုံကြည်တာကတော့ ထူးခြားတယ်..သာမာန်ယုံကြည်ခြင်းမဟုတ်ပါဘူး...ဘုရားသခင် ကို ယုံကြည်လို့ သူတို့တွေ နှိပ်စက်ညှင်းပန်း ခံရတယ်...တချို့ဆိုအသတ်ခံရတယ်..တချို့ဆိုတောထဲတောင်ထဲမှာ ထွက်ပြေးပုန်းအောင်းနေရတယ်... ဒါဟာ ဘုရားသခင်ကိုယုံကြည်ခြင်းကြောင့် သူတို့ ဒုက္ခခံစားရတာ ဖြစ်ပေမဲ့ သူတို့ သည်းခံနိုင်ကြတယ်... လောကမှာ ဘုရားသခင်ရဲ့ ဂတိတော်တွေကို သူတို့ မခံစားရပေမဲ့ ကောင်းကင်ဘုံမှာ ခံစားရမှာကို သူတို့ယုံကြည်မြော်လင့်လျက် ရှိတယ်...အချင်းချင်းလည်း ကြည့်ရှုစောင်မကြတယ်...ပျင်းရိခြင်း မရှိ.. လုံ့လဝိရိယနဲ့ ဘုရားသခင် ကို ယုံကြည်လျက် လုပ်ဆောင်ကြတယ်🗯️🗯️🗯️🗯️🗯️
    ###### သူတို့လည်း လူတွေဘဲ... အားနည်းပါတယ်..၀န်ထုပ်ဝန်ပိုးတွေ.. အတားအဆီးတွေ.. ပင်ပန်းနွမ်းနယ်မှုတွေ ကျရှုံးမှုတွေ စိတ်ရှုပ်စရာ အခြေအနေတွေ ရှိကြပါတယ်..
    ဒါပေမဲ့ သူတို့ ဘုရားသခင်ကိုဘဲ ဆက်လက် မြော်လင့် တယ် ... အခြေအနေဆိုးတွေက သူတို့ရဲ့ ယုံကြည်ခြင်း ကို သာ၍ကြီးထွားလာစေတယ်... သူတို့ရဲ့ မြှော်လင့်ခြင်း က ပျင်းနေလို့မရဘူး.. အားကစားသမားတွေလိုဘဲ ... ပြိုင်ပွဲမှာ အနိုင်ရဘို့အတွက် ကြိုးစားလေ့ကျင့်ရတယ်...သူများထက်သာဘို့ ပထမ ရဘို့ဆို သူများထက် သာ၍ လေ့ကျင့်ရတယ်.. သာ၍ အချိန်ပေးရပါတယ်.. ခက်ခဲပင်ပန်းပေမဲ့ သူတို့ရှေ့မှာ ဆုလဘ် သရဖူတွေရှိနေတယ်ဆိုတာ သူတို့ သိတယ်⭐⭐⭐⭐⭐⭐
    ####### ယုံကြည်သူတွေအတွက် ဘုရားသခင် ရဲ့ ဂတိတော်ဆိုတာ ဟိုးအတိတ်မှာ ဘဲကျန်ခဲ့တာမဟုတ်..ရှေးသန့်ရှင်းသူတွေအတွက်ဘဲ မဟုတ်ပါဘူး..ယနေ့ ယုံကြည်သူများအတွက်လည်းဟုတ်သလို မနက်ဖြန် ယုံကြည်
    လာမယ့်သူများနဲ့လည်း ဆိုင်ပါတယ်... မြော်လင့်ခြင်းဆိုတာ အချည်းနှီး မဟုတ်ပါဘူး..ဘုရားသခင်နဲ့ဝေးနေပြီး ဘုရားစကား မကြားရဘူးဆိုရင်တော့ မြော်လင့်ရာမဲ့သွားတတ်တယ်... ဒါကြောင့် ဘုရားသခင်နဲ့ အမြဲအတူနေပါ..ယုံကြည်ခြင်: နဲ့ ဆုတောင်းပါ...မြော်လင့်ခြင်းနဲ့ အသက်ရှင်ပါ... စိတ်ရှည်သည်းခံခြင်း ဆိုတာ မြော်လင့်ခြင်းနဲ့ အမြဲ ယှဉ်တွဲလျက်ရှိတယ်ဆိုတာ မမေ့ပါနဲ့..ဂတိပေးတဲ့ ဘုရားသခင် ဟာ ယုံကြည်ခြင်းကိုစမ်းသပ်စစ်ဆေးတတ်တဲ့ ဘုရားလည်း ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့..
    ဒါပေမဲ့ ဘုရားသခင်ဟာ သစ္စာနဲ့ ပြည့်စုံတဲ့ ဘုရားဖြစ်ပါတယ်❤️❤️❤️❤️❤️❤️❤️
    🤔🤔🤔🤔🤔 ထပ်မံဆင်ခြင်ရန်..... ဘုရားသခင် ထံမှ သင်ဘာကို မြော်လင့်နေပါသလဲ?
    🙏🙏🙏🙏🙏🙏 ဆုတောင်းရန်.. အဖဘုရား ရှေးသန့်
    ရှင်းသူများကဲ့သို့ ဂတိတော်များကို မြော်လင့်နေတတ်ဘို့ ခွန်အားပေးပါ အဖ
  • เพลง

ความคิดเห็น • 1