ဒီဇင်ဘာလ ၄ ရက်၊ တနင်္လာနေ့ ၊ ၂၀၂၃ ခုနှစ်

แชร์
ฝัง
  • เผยแพร่เมื่อ 2 ธ.ค. 2023
  • သမ္မာတရားရိပ်မြုံ (ဆရာဂျက်)
    နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်းအတွက် သမ္မာတရား
    ဒီဇင်ဘာလ ၄ ရက်၊ တနင်္လာနေ့ ၊ ၂၀၂၃ ခုနှစ်
    အခြေပြုကျမ်း - ဒေသနာ ၅:၁-၇
    ဘုရားသခင့် အိမ်တော်သို့သွားသောအခါ သင့်ခြေတို့ကို စောင့်လော့၊ လူမိုက်ပြုသောယဇ်ပူဇော်ခြင်းအမှုထက် တရားနာခြင်းအမှုကိုသာ၍ကြိုးစားလော့၊ လူမိုက်တို့သည် ကိုယ်အပြစ်ကို မဆင်ခြင်တတ်ကြ၊သင်၏ နှုတ်သည် သတိမလစ်စေနှင့်၊ ဘုရားသခင့်ရှေ့တော်၌ စကားပြောခြင်းငှါ သင်၏စိတ်နှလုံး မလျင်မမြန်စေနှင့်၊ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ရှိတော်မူ၏၊သင်သည် မြေကြီးအပေါ်မှာရှိ၏။ ( ဒေသနာ ၅:၁-၂)
    ###### ဒီနှုတ်ကပတ်တော်ကို ဆင်ခြင်တဲ့အခါ ဘုရားသခင် ကိုယ်နဲ့အတူ အမြဲရှိနေတယ်ဆိုတာနဲ့ ဘုရားသခင် ရှိခြင်း ဖြစ်ခြင်း လုပ်ခြင်း အနေအထား နောက် ကိုယ့် ရဲ့ ရှိခြင်း ဖြစ်ခြင်း လုပ်ခြင်း အနေအထား တို့ကို အမြဲသတိထားဘို့ဖြစ်တယ်ဆိုတာကိုပါ တွေ့ရပါတယ်..ဘုရားသခင် ရဲ့ အိမ်တော်ကိုသွားတဲ့အခါ သင်၏ ခြေတို့ကို စောင့် လော့ဆိုတာ သတိထားပါလို့ ပြောနေတာဖြစ်ပါတယ်... ဘုရားသခင်ရဲ့ အိမ်တော်ကို သွားတာ ဘာလုပ်ဘို့ သွားတာလဲ ? -ဘုရားသခင်ရဲ့ စကား ကိုနားတောင်ဘို့နဲ့ ဘုရားသခင်ကို နှလုံးသားနဲ့ ဆက်သွယ်ဘို့ သွားတာဖြစ်လို့ စိတ်နှလုံးသားကို ဖွင့်ထားပါ...ဘုရားရဲ့ အိမ်ဆိုတာ မှတ်ထားပါ...ကိုယ့် အိမ်မဟုတ်ပါဘူး...ကိုယ့်စိတ်ထင်တိုင်းကြဲဘို့..လုပ်ချင်တာလုပ်ပြောချင်တာပြောပြီးဘုရားသခင်နဲ့ သူတပါးကို ဝေဖန်စစ်ဆေးဘို့မဟုတ်ဘူးဆိုတာ သတိထားပါ🤔🤔🤔🤔🤔🤔
    ###### အခုဒီကျမ်းပိုဒ်မှာ လူမိုက် ပြုသော ယဇ်ပူဇော်ခြင်း အမှုထက် တရားနာခြင်း အမှုကို သာ၍ ကြိုးစားပါလို့ ပြောထားပါတယ်... တရားနာတယ်ဆိုတာ ဘုရားစကားကို နားထောင်တာဖြစ်ပါတယ်.. ဒါကြောင့် ဒီနေရာမှာ လူမိုက်ဆိုတာ ဘုရားစကားကို နားမထောင်ဘဲ ယဇ်ပူဇော်တဲ့သူကို ဆိုလိုတာဖြစ်ပါတယ်... သခင်ယေရှု ကိုယ်တိုင်ကညီအစ်ကို ချင်း မသင့်မတင့်ဖြစ်နေပြီး သူတပါးကို ချည်နှောင်ထားတယ်ဆိုရင် အဲ့ဒါကို အရင်ဖြေရှင်း..ပြန်လည်သင့်တင့်အောင်လုပ်..ချည်နှောင်ထားခြင်းကို ဖြေလွှတ်ပြီးမှ ဘုရားသခင်ထံ လာယဇ်ပူဇော်ပါလို့ ပြောထားတာဖြစ်ပါတယ်🗯️🗯️🗯️🗯️🗯️🗯️
    ###### လူမိုက်ဆိုတာ ကိုယ့်အပြစ်တို့ကို မဆင်ခြင်တတ်လို့လည်း ဒေသနာဆရာက ပြောပြန်တယ်... ဒီဒေသနာ ဆရာက ဘုရားသခင်ထံမှ ကောင်းကြီး မင်္ဂလာ များစွာ ခံစားခဲ့ရသူဖြစ်တယ် .. ဘုရင်ဖြစ်တယ်..ကမ္ဘာပေါ်မှာသူ့လောက် ပညာရှိသူ သူ့လောက် ချမ်းသာသူ မရှိပါဘူး
    ဒါပေမဲ့ သူ့ရဲ့ တခုတည်းသော အားနည်းချက်က ကိုယ့်အပြစ်ကို မဆင်ခြင်ခြင်းဖြစ်ပါတယ်... များသောအားဖြင့်
    ယနေ့ ယုံကြည်သူတွေကတော့ နှုတ်ကပတ်တော် ဆင်ခြင်တဲ့အခါ တိုင်းပြည်အခြေအနေ လူမှုရေး စီးပွားရေး ကျန်းမာရေးအခြေအနေစတဲ့ အခြေအနေမျိုးစုံအတွက်နဲ့သူတပါးအတွက် ကိုယ်ဘယ်လိုပြောရမလဲဆိုတာကို နှုတ်ကပတ်တော်နဲ့ ချိန်ထိုးဆင်ခြင်ကြတာများပါတယ်.. အမှန်ကတော့ နှုတ်ကပတ်တော် ဆင်ခြင်တဲ့အခါ ဘုရားသခင် ငါ့ကို ဘယ်လိုပြင်မလဲဆိုတာ ဝန်ခံနိုင်ဘို့ ကိုယ့်အပြစ်တွေကိုလည်း ဆင်ခြင်ရမှာဖြစ်ပါတယ်..နို့မို့ဆိုရင် လူမိုက်ဖြစ်သွားနိုင်တယ်😪😪😪😪😪😪
    ###### နောက်တခုကတော့ အပြော ကျွန်တော်ကိုယ်တိုင်က စိတ်ထဲရှိတာ ပြောလိုက်ရမှာ ကျေနပ်သူဖြစ်ပြီး စကားပြော တအားမြန်သူဖြစ်ပါတယ်...ဒါပေမဲ့ အသက်ကြီးလာတဲ့အခါ တဖြေးဖြေးနဲ့ Think First, Say Later.ဆိုတာ ဆင်ခြင်မိပြီး မပြောခင် စဉ်းစားတတ်လာတယ်..မဆင်မခြင် ပြောမိမှာစိုးရိမ်လာတယ်..အမှားပြောမိမှာ အပြစ်ပြောမိမှာ အတင်းပြောမိမှာစိုးရိမ်လာတယ်... ဒီကျမ်းပိုဒ်ကတော့ အပြတ်ပြောပါတယ်..သင်စကားပြောဘို့ စိတ်မလောနဲ့...သင်ရောက်နေတာ ဘုရားသခင်ရှေ့မှာတဲ့ ဘုရားသခင်က ကျွန်တော့စိတ်ထဲမှာ ဖြစ်နေတာကို မပြောလည်း သိနေသူဖြစ်လို့ သူ့ရှေ့ မှာ သူဘဲ ပြောမှာဖြစ်တယ် ..ဒါကြောင့် ဘုရားသခင်ရှေ့မှာ နားသာဖွင့် ထားပါ
    ပါးစပ်တွေ မျက်စိတွေ ပိတ်ထားကြပါစို့..ဘာ့ကြောင့်လဲဆိုတော့ သူက ကောင်းကင်ပေါ်မှာ သင်နဲ့ ကျွန်ုပ်က မြေကြီးပေါ်မှာ ဖြစ်လို့ပါဘဲ❤️❤️❤️❤️❤️
    🤔🤔🤔🤔🤔 ထပ်မံဆင်ခြင်ရန်.... သင်ပြောတာနဲ့ နားထောင်တာ ဘယ်ဟာပိုများပါသလဲ ?
    🙏🙏🙏🙏🙏🙏 ဆုတောင်းရန်...အဖဘုရား..ကျွန်တော့် အသွားအလာ အပြောအဆို အနေအထိုင် မမှားဘို့ ကိုယ်တော်ဘဲ ဦးဆောင်ပါ အဖ
  • เพลง

ความคิดเห็น •