တော့ပိုကီ လုပ်စားမယ်

แชร์
ฝัง
  • เผยแพร่เมื่อ 9 ก.ย. 2024
  • ဒီနေ့မှာတော့ အရသာရှိပြီး လူကြိုက်များတဲ့
    ကိုရီးယား တော့ပိုကီကို အိမ်မှာလွယ်လွယ်လုပ်စားလို့ရအောင် ပြောပြပေးသွားပါမယ်
    တော့ပိုကီ လုပ်ဖို့အတွက် အဓိကလိုတာတွေကတော့
    ဆန်မှုန့်တစ်ခွက် ကောက်ညှင်းမှုန့်တစ်ခွက်မပြည့်တပြည့်ရယ်ရေနဲ့ဆားတို့ဖြစ်ပါတယ်
    အနှစ်အတွက်ကတော့
    ကိုရီးယားငရုပ်နှစ် စားပွဲတင်ဇွန်း၂ဇွန်း
    သကြားတစ်ဇွန်း
    ပဲငံပြာရည်အကျဲတစ်ဇွန်း
    ငရုပ်မှုန့် ဇွန်းဝက်တို့ကို ရောနယ်လိုက်ရုံပါပဲ
    ဆန်ချောင်း လုပ်ဖို့အတွက် ဆန်မှုန့်နဲ့ကောက်ညှင်းမှုန့်ရယ်ဆားနည်းနည်းရယ် ရောပြီး ရေနွေး နည်းနည်းစီ ရောပြီး လိုချင်တဲ့မုန့်သား မပျော့မမာ အခြေအနေရောက်အောင် နယ်ရမှာဖြစ်ပါတယ်
    လိုချင်တဲ့မုန့်သားရရင် လက်ညှိုးဆိုဒ်လေးတွေ လုပ်ပြီး
    လက်နှစ်ဆစ် အရွယ်ဖြတ် ရေနွေးပူပူထဲ ထည့်ပြုတ်ရုံပါပဲ ပြုတ်ပြီးရင်တော့ ရေအေးထဲစိမ်ပေးမှသာ မကပ်ဘဲ ပျော့တွဲတွဲမဖြစ်ဘဲ စားကောင်းမှာပါ
    ပြီးရင်တော့ တော့ပိုကီ စချက်ပါမယ်
    အပူပေးထားတဲ့ ဒယ်ထဲ ဆီနည်းနည်းထည့်ပါမယ်
    ကြက်သွန်နီ၊ဥနီထည့်ပါမယ်
    ပြီးရင်ဆန်ချောင်းတွေထည့်
    ကြက်ဥပြုတ်ရှိလို့ထည့်လိုက်ပါတယ်
    ဆော့စ်အနှစ်ထည့် ရေမြှပ်ရုံထည့်ပြီး
    ကြက်သွန်မြိတ်ဖြူး ရသာအတွက်
    ဒါရှီအစိမ်းမှုန့်ထည့်ပါတယ်
    ငါးသားပြား၊ငါးတိုဖူးရှိရင်ထည့်ပါ
    ခုကတော့အဲ့ဒါတွေမရှိလို့
    တိုဖူးကြော်ပဲထည့်ထားပါတယ်
    ရေစခမ်းပြီး ပျစ်ပြီ အနေအထားစိတ်ကြိုက်ရပြီဆိုရင်
    မီးပေါ်ကချပြီး ကြက်သွန်မြိတ် နဲ့နှမ်းဖြူးပြီး
    အရသာရှိရှိ စားလို့ရပါပြီ
    ချိုချိုစပ်စပ်လေးနဲ့ တကယ်စားလို့ကောင်းပါတယ်
    အားလုံးလွယ်လွယ်လုပ်စားနိုင်ကြပါစေ
    #tteokboki #korean #ricecake #streetfood #myanmar #burmese #homemade #easycooking #easyrecipe #easy #homecook #တော့ပိုကီ

ความคิดเห็น •