ဒီဇင်ဘာလ ၇ ရက်၊ ကြာသပတေးနေ့၊ ၂၀၂၃ ခုနှစ်

แชร์
ฝัง
  • เผยแพร่เมื่อ 5 ธ.ค. 2023
  • သမ္မာတရားရိပ်မြုံ (ဆရာဂျက်)
    နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်းအတွက်သမ္မာတရား
    ဒီဇင်ဘာလ ၇ ရက်၊ ကြာသပတေးနေ့၊ ၂၀၂၃ ခုနှစ်
    အခြေပြုကျမ်း - ကောလောသဲ ၃:၉-၁၅
    ထို့ကြောင့် သင်တို့သည် ဘုရားသခင် ရွေးကောက်သောသူ၊သန့်ရှင်းသောသူ၊ ချစ်အပ်သောသူကဲ့သို့၊ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း နူးညံ့သိမ်မွေ့ခြင်း စိတ်ရှည်ခြင်းတို့ကိုယူတင်ဝတ်ဆောင်ကြလော့၊ တယောက်၌ တယောက် အပြစ်တင်စရာ အခွင့်ရှိလျှင် အချင်းချင်း သည်းခံ၍ အပြစ်ကိုလွှတ်ကြလော့၊ ခရစ်တော်သည် သင်တို့၏ အပြစ်ကိုလွှတ်တော်မူသကဲ့သို့ ထိုနည်းတူ ပြုကြလော့။(ကောလောသဲ ၃: ၁၂-၁၃)
    ####### ဒီအခြေပြုကျမ်းအရ ဆိုရင် ကျွန်တော်တို့ဟာ ခရစ်တော်၌ အသစ်ပြုပြင်တဲ့ လူသစ်တွေဖြစ်တယ်
    ဒါကြောင့် လူဟောင်းရဲ့အကျင့်တွေကို ပယ်ရှားပြီး လူသစ် ကို ယူတင်ဝတ်ဆင်ရမှာဖြစ်ပါတယ်... လူ့သဘောအရ အဟောင်းဆိုရင်မကြိုက်ကြပါဘူး.. အသစ်ကြတော့ လူတိုင်း ကြိုက်နှစ်သက်ကြတယ်..အဟောင်းဆိုရင် ဈေးပေါပြီး အသစ်ကတော့ စျေးကြီးပါတယ်... ဒါကရုပ်ပစ္စည်းဘဲ ရှိသေးတာ....ဝိညာဉ်သဘောအရကတော့ လူဟောင်း က ပျက်စီးမှာဖြစ်ပြီး လူသစ် ကသာ ထာဝရတည်မှာ ဖြစ်တယ် ...ဒါကြောင့် အဖိုးအခ ကလည်း ကြီးမားလှပါတယ်ဘယ်လောက်ထိကြီးလည်း ဆိုရင် သခင်ယေရှုရဲ့ အသက်နဲ့ ရွေးဝယ်ရတဲ့အထိ ဖြစ်ပြီး ဝိညာဉ်က စကြာ၀ဠာကြီးထက် သာ၍ တန်ဘိုးကြီးတယ်လို့ ကျမ်းစာက ပြောပါတယ်💥💥💥💥💥💥
    ####### ရုပ်သဘောအရ လူ့သဘောအရကတော့ အသစ်ကို တန်ဖိုးထား ဂရုစိုက်ကြသလို ကိုယ်အသစ်ဝတ်ထားတယ်ဆိုရင်လည်း လူတွေကို သိစေချင်တယ်..လူတွေကလည်း အသစ်မှန်းသိကြတာများပါတယ်... ဝိညာဉ်သဘောအရကတော့ ဒီထက် ပိုနက်နဲပြီး လူဟောင်းကနေ လူသစ်ဖြစ်သွားလို့ သာ၍ တန်ဘိုးကြီးပြီး လူတွေကလည်း ချက်ခြင်းဆိုသလို သတိထားမိကြပါတယ်..အဲ့ဒီဖြစ်စဉ်ကို ပြောင်းလဲခြင်းလို့ခေါ်ပြီး လူ့ရဲ့ဖြစ်ခြင်း စပြောင်းလဲတယ်
    နောက် စိတ်သဘောထားတွေပြောင်းလဲလာပြီး နောက်ဆုံး အကျင့်တွေပါပြောင်း လဲလာတာ ဖြစ်ပါတယ်🗯️🗯️🗯️🗯️
    ####### အဖြစ် ပြောင်းလဲခြင်းဆိုတာက အပြစ်သား ဖြစ်နေတာကနေ အပြစ် ခွင့်လွှတ်ခြင်း ခံရပြီး ဘုရားသားဖြစ်သွားတာကို ပြောတာဖြစ်ပြီး... စိတ်ပြောင်းလဲခြင်း ဆိုတာကတော့ အရင်လို အတ္တမာန ဇာတိစိတ်သဘောထားတွေ မရှိတော့ဘဲ သနားတဲ့စိတ်၊ ချစ်တတ်တဲ့စိတ်၊ သည်းခံစိတ်ရှည်တဲ့စိတ်သဘောထား စတာတွေ ထားတတ်လာတာကို ပြောတာဖြစ်ပါတယ်.... အကျင့်ပြောင်းလဲခြင်းဆိုတာကတော့ အရင်လူဟောင်း ဘ၀က လိမ်တယ် ... အခု မလိမ်တော့ဘူး..သောက်စားမူးယစ်တာတွေမရှိတော့ဘူး.တယောက်ကိုတယောက် မုန်းတီးပြီး ရန်ဖြစ်တာတွေ မရှိတော့ဘဲ မေတ္တာထားပြီး ခွင့်လွှတ်တတ် ချစ်တတ် ကျေးဇူးပြုလာ ပေးကမ်းလာတာ စတာတွေကို ပြောတာဖြစ်ပါတယ်👏👏👏👏👏👏
    ####### ဒီလို လူသစ် ဘဝအသက်တာ ရှင်သန်ကြီးထွားဘို့အတွက်က မြေကြီးအရာတွေကို မစွဲလမ်းမရှာဖွေဘဲ ကောင်းကင်အရာအထက်အရာတွေကိုဘဲ စွဲလမ်းရမယ်...ရှာဖွေရမယ်လို့ပေါလုက တိုက်တွန်းထားတယ်....ဒါတင်မက နှုတ်ကပတ်တော် သမ္မာတရား ကလည်း စိတ်နှလုံးသားထဲမှာ ကြွယ်ဝစွာ တည်ရှိ ကျိန်းဝပ်နေဘို့ဖြစ်ပါတယ်....ဘာဖြစ်လို့လည်း ဆိုတော့ ဒီပြောင်းလဲခြင်း ဖြစ်စဉ် ရှင်သန်ကြီးထွားဘို့အတွက်က ကိုယ်ကြိုးစားလို့ရတဲ့ ကိစ္စမဟုတ်ဘဲ ဘုရား လုပ်ပေးမှရတာဖြစ်တယ် .. ကိုယ့်ဘက်ကတော့ မိမိရဲ့ နေ့စဉ်အသက်တာ ကို ဘုရားသခင်ထံ နေ့တိုင်း ဆက်ကပ်အပ်နှံပြီး သမ္မာတရား အသိနဲ့ သတိကပ်ပြီး အသက်ရှင်နေထိုင်ဘို့ ဖြစ်ပါတယ်❤️❤️❤️❤️❤️❤️❤️
    🤔🤔🤔🤔🤔 ထပ်မံဆင်ခြင်ရန်... သင် အသစ်သော သဘာဝနဲ့ စစ်မှန်တဲ့ အသိပညာ ကို ရရှိပါပြီလား?
    🙏🙏🙏🙏🙏🙏 ဆုတောင်းရန်.... အဖ အရာခပ်သိမ်းကို ပြုမူလုပ်ဆောင်ပြောဆိုရာ၌ ကိုယ်တော်ဘဲ ထင်ရှားဘို့ဖြစ်စေပါ
  • เพลง

ความคิดเห็น • 1