ပုလဲပနံသင့်

แชร์
ฝัง
  • เผยแพร่เมื่อ 1 ต.ค. 2024
  • ပုလဲပနံသင့်
    ...
    ကမ္ဘာမှာအခွံနှစ်ခုပါသော ခရုကမာကောင် အမျိုးပေါင်း ၈၀၀၀ ခန့်ရှိပေမယ့်
    အမျိုး (၂၀)ခန့်သာ ပုလဲထွက်ရှိနိုင်တာပါ
    ရေချိုမှာရှင်သန်ပြီး ပုလဲ ထုတ်လုပ်နိုင်တဲ့
    ခရုကမာမျိုးကို ခုံးကောင် (Mussel) ဟု ခေါ်ပါတယ်
    ရေငန်မှာ ရှင်သန်ပေါက်ဖွားပြီး ပုလဲ ထုတ်လုပ်နိုင်တဲ့
    ခရုကမာ ကောင်မျိုးကိုတော့ မုတ်ကောင် (Oyster) ဟု ခေါ်ပါတယ်
    ကမာကောင်လေးတွေက သူတို့ကိုယ်ထဲရောက်သွားတဲ့ သဲပွင့်လေးတွေကို
    ခန္ဓာကိုယ်ရဲ့အတွင်းပိုင်းဓါတ်ရည်တွေက အဆင့်ဆင့်ရစ်ပတ်လို့ဖုံးအုပ်ရင်း
    မာကြောလာစေပြီး ပုလဲလုံးလေးတွေကိုဖြစ်ပေါ်လာစေတာပါ
    ပြီးတော့ ကမာကောင်လေးတွေရဲ့ထူးခြားချက်က
    တနှစ်မှာသုံးကြိမ်အထိ အဖို အမ လိင်ပြောင်းလဲတတ်ကြသလို
    မူလကအဖိုအဖြစ်မွေးဖွားလာပေမယ့် အမအဖြစ်ပြောင်းလဲနေထိုင်သွားတာမျိုးဆိုပြီး
    နှစ်မျိုးနှစ်စားရှိပါတယ်
    ပုလဲလုံးဆိုပေမယ့် ဖန်ဂေါ်လီလုံးလိုမျိုး အားလုံး လုံးဝန်းနေတာမျိုးလည်းမဟုတ်သလို
    အားလုံးဖြူစွတ်နေတာမျိုးမဟုတ်ပါဘူး အများစုက နို့နှစ်ရောင်ဆိုပေမယ်
    အရောင်အသွေးအစုံရှိပါတယ်
    ဒီထဲကမှရွှေအိုရောင်အဆင်းရှိတဲ့ ပုလဲကတော့
    ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံတနေရာတည်းမှာသာ တွေ့ရှိနိုင်တယ်လို့ဆိုပါတယ်
    ဗမာ့စာပေမှာတော့ ပုလဲက ရှစ်ဌာနကရနိုင်တယ်လို့ဆိုတယ်
    တိမ်တိုက် ၊ ဆင်ဦးကင်း ၊ ဝက်စွယ် ၊ မြွေခေါင်း၊
    ငါး ၊ ဝါးပင် ၊ခရုကမာ ၊ယောက်သွား တို့ပါ
    ဒီနေရာတွေကလည်းရနိုင်တယ်ဆိုတော့ ဗမာ့ဒဏ္ဍာရီ သမိုင်းတွေမှာပါပါနေတဲ့
    အမြုတေ(အမတေ) နဲ့ တူတူပဲများလားမဆိုနိုင်
    ထားပါတော့
    ဗမာအဘိဓါန်မှာတော့
    ပုလဲ=မုတ်ကောင်မှရသော အနှစ်ရတနာ
    ကမာကောင်မှရသော ရတနာပစ္စည်း
    ပနံ /သင့် / စား/ရ = လိုက်ဖက်တင့်တယ်သည်
    အဆင်ပြေညီညွတ်သည်
    ဒီလိုဆိုရင် ပုလဲ က လိုက်ဖက်တင့်တယ်တယ်
    ဒီလောက်ပဲ ဖွင့်ဆိုလို့ရတယ်
    ဘာကြောင့်လဲ ဘာလို့လဲ အဖြေမပါဘူး အဖြေမရှိဘူး
    အဲ့ဒီတော့ ဗမာစကားပုံမဖြစ်နိုင်ဘူးပေါ့
    မွန်ဘာသာမှာ ပနံ ဆိုတဲ့ ဝေါဟာရရှိတယ်လို့ဆိုတယ်
    အနီရောင်ကြိုးကို ခေါ်တာပါတဲ့
    သေတော့မသေချာဘူးဗျ မွန်သူငယ်ချင်းတွေနဲ့တွေ့မှ မေးကြည့်ရအုံးမယ်
    ဒီလိုဆိုရင် မွန်တို့ရဲ့ရိုးရာ ဆိုရိုးစကားပုံများလား
    ပုလဲ က ပနံ ဆိုတဲ့ ကြိုးနီနဲ့မှ ပိုပြီးလိုက်ဖက်တယ်လို့ ဆိုလိုရင်းလားပေါ့
    သန်းထွန်းလေး ☆ အင်းတဲရွာ

ความคิดเห็น •