ဝမ္မိကသုတ် တရားတော်

แชร์
ฝัง
  • เผยแพร่เมื่อ 18 มิ.ย. 2024
  • ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ တရားတော်များကို ၂၄-နာရီပတ်လုံး လွှင့်ပေးနေသည့် Channel ဖြစ်ပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် က ၂၀၂၃-ခုနှစ် အောက်တိုဘာလ ၂၂-ရက် မှစတင်၍ လွှင့်တင်ထားရှိပါသည်။
    - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
    ဤ “ဝမ္မိကသုတ် တရားတော်” (မူလပဏ္ဏာသပါဠိ၊ စာမျက်နှာ-၁၉၅) ကို ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီးက ၁၃၂၆-ခု၊ တန်ဆောင်မုန်းလဆုတ် ၆၊ ၇၊ ၈-ရက် (၂၅-၂၆-၂၇၊ ၁၁၊ ၁၉၆၄) နေ့များတွင် မုံရွာမြို့၊ စန်းမြရောင်ခြည် သာသနာ့ရိပ်သာ၌ ဟောကြားခဲ့ပါတယ်။
    အမှန်မှာ ဤ ဝမ္မိက သုတ္တန်တရားတော်ကို ရန်ကုန်မြို့၊ သာသနာ့ရိပ်သာနှင့်တကွ မော်လမြိုင်၊ ပဲခူး၊ အိမ်မဲ၊ ဝါးခယ်မ၊ ဘိုကလေး၊ ဒိုက်ဦး၊ အောင်လံ၊ ရေနံချောင်း၊ နတ်မောက်၊ မြင်းခြံ၊ မိတ္ထိလာ၊ တောင်ကြီး၊ လွိုင်ကော်၊ ရွှေဘို၊ မုံရွာ စတဲ့ နေရာများစွာမှာ ဟောကြားခဲ့ပါတယ်။
    ဤတရားတော်၌_
    ဇေတဝန်ကျောင်းတော်ရဲ့ မြောက်ဘက်မှာရှိတဲ့ အန္ဓတောမှာ အရှင်ကုမာရကဿပ သီတင်းသုံးကြောင်း၊ တစ်နေ့ အရှင်ကုမာရကဿပ-ထံ ဗြဟ္မာကြီးတစ်ဦး လာရောက်ပြီး နက်နဲတဲ့ပြဿနာ ၁၅-ခုကို မေးလျှောက်ကြောင်း၊ ထိုမေးခွန်းတွေကို ဗုဒ္ဓ၊ ဗုဒ္ဓရဲ့ သာဝကနှင့် အဲဒီ ဗြဟ္မာကြီးထံမှ နည်းရသူ ၃-ဦးသာ ဖြေဆိုနိုင်မှာ ဖြစ်ကြောင်း စသည်ဖြင့် ဟောထားပါတယ်။ မေးခွန်း ၁၅-ခုကို တရားနာပရိသတ်များ လွယ်ကူစွာ မှတ်သားနိုင်ရန် ဆရာတော်ဘုရားကြီးက ဆောင်ပုဒ်စီထားပါတယ်။ ကြည်ညို မှတ်သားဖွယ် ဖော်ပြပါတယ်။
    “မီးခိုး ညဉ့်ခါ၊ နေ့မှာ မီးပျို့၊ တောင်ပို့ မြင်လတ်၊ ဆရာမြတ်က၊ တပည့်လှအား၊ ပေါက်တူးသွားဖြင့်၊ ခွဲခြားစေရာ၊ ပေါ်လာ မင်းဒုတ် (မင်းတုတ်)၊ ဖားယုတ် တွေ့ရ၊ လမ်းခွ နှစ်ဖြာ၊ ဆပ်ပြာ ရေစစ်၊ လိပ်ညစ် တလီ၊ ဓား စင်းတီနှင့်၊ တွေ့ပြီ အသား၊ နတ် နဂါး၊ ဆဲ့ငါး ဝှက်စာ အစဉ်တည်း။”
    (အကျယ်ကို သိနားလည်ရန် တရားတော်ကို ဆက်လက်နာယူပါ။)
    ဤ “ဝမ္မိကသုတ် တရားတော်” ကို နာယူမှတ်သားပြီး ထိုတရားတော်အတိုင်း ကျင့်ကြံပွားများကာ လောကီ၊ လောကုတ္တရာ အကျိုးများ ပွားတိုးနိုင်ကြပါစေ။
    - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
    ကမ္ဘာအရပ်ရပ်မှ တရားချစ်ခင်သူတော်စင်များ လွယ်ကူစွာနာယူနိုင်ရန် မဟာစည်တရားတော်များ ၂၄/၇ ပြန့်ပွားရေးကုသိုလ် ပါဝင်လိုပါက မဟာစည်ကျမ်းစာအုပ် အရောင်းဆိုင် ဖုန်း- ၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com သို့ ဆက်သွယ်နိုင်စုံစမ်းနိုင်ပါကြောင်း အသိပေးပါသည်။

ความคิดเห็น •