ဓမ္မစကြာ တရားတော် (၁၃၁၉-ခု၊ အသံလွှင့် တရားတေ်)

แชร์
ฝัง
  • เผยแพร่เมื่อ 21 ส.ค. 2024
  • ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ တရားတော်များကို ၂၄-နာရီပတ်လုံး လွှင့်ပေးနေသည့် Channel ဖြစ်ပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် က ၂၀၂၃-ခုနှစ် အောက်တိုဘာလ ၂၂-ရက် မှစတင်၍ လွှင့်တင်ထားရှိပါသည်။
    - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
    *မဟာစည် ဆရာတော်ဘုရားကြီး ဟောကြားသော ဤ “ဓမ္မစကြာ တရားတော်” ကို သာသနာနှစ်၂၅၀၀-ပြည့်၊ ၁၃၁၉-ခု၊ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ (၁၁၊ ၀၇၊ ၁၉၅၇) တွင် မြန်မာ့အသံမှ ထုတ်လွှင့်ခဲ့သည်။
    “မြတ်စွာဘုရားဟာ အလောင်းတော်ဘဝက သက်တော် ၂၉-နှစ်တိုင်အောင် ကာမသုခလ္လိကလမ်းကို လိုက်ခဲ့တယ်။ ဒုက္ကရစရိယအကျင့်ကို ကျင့်နေတုန်းကလဲ အတ္တကိလမထလမ်းကို လိုက်ခဲ့တယ်။ နောက်ကာလမှာတော့ ထိုလမ်းမှား ၂-ခုလုံးကို ပယ်စွန့်ပြီး မဇ္ဈိမပဋိပဒါ ခေါ်တဲ့ အလယ်လမ်းမှန်အတိုင်း ကျင့်ပြီးတော့ သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့တယ်။ ဒါကို ရည်ရွယ်ပြီးတော့ “ဧတေ ခေါ ဘိက္ခဝေ ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ” လို့ ဒီလို ဟောထားပါတယ်။”
    “မြတ်စွာဘုရား သိလာတဲ့ မဇ္ဈိမပဋိပဒါ-အလယ်အလတ်အကျင့်ဆိုတာ မဂ္ဂင် ၈-ပါးပဲ ဖြစ်ပါတယ်။ မဂ္ဂင် ၈-ပါးထဲက သမ္မာဒိဋ္ဌိ တစ်ခုကို ပြောလိုက်ရင် သူ့ရဲ့ နောက်ပါအခြံအရံဖြစ်တဲ့ မဂ္ဂင် ၇-ပါးကိုလဲ ပြောပြီးသား ဖြစ်သွားပါတယ်။ ဒါ့ကြောင့် သမ္မာဒိဋ္ဌိတစ်ခုကိုပဲ အနည်းငယ် ထုတ်ဖော်ပြီး ပြောပြပါမယ်။”
    “အဋ္ဌကထာများမှာ ဒီ သမ္မာဒိဋ္ဌိကို ၆-မျိုး ဝေဖန်ပြထားပါတယ်။ ၁-ကမ္မဿကတာသမ္မာဒိဋ္ဌိ၊ ၂-ဈာနသမ္မာဒိဋ္ဌိ၊ ၃-ဝိပဿနာသမ္မာဋ္ဌိ၊ ၄-မဂ္ဂသမ္မာဋ္ဌိ၊ ၅-ဖလသမ္မာဒိဋ္ဌိ၊ ၆-ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိ-တဲ့။ ဒီ ၆-ပါး ပြထားပါတယ်။ ဒီထဲမှာ ဖလသမ္မာဒိဋ္ဌိနဲ့ ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိ-ဆိုတာကတော့ အရိယမဂ်ရဲ့ အကျိုးတရားများ ဖြစ်နေတဲ့အတွက် ဒီ မဇ္ဈိမပဋိပဒါအကျင့်ထဲမှာ ထည့်သွင်းပြောဖို့ မလိုပါဘူး။”
    “ကမ္မဿကတာသမ္မာဒိဋ္ဌိ” ဆိုတာ မိမိကိုယ်တိုင် ပြုထားတဲ့ ကောင်းမှုကံ၊ မကောင်းမှုကံအားလျော်စွာ ကောင်းကျိုး၊ ဆိုးကျိုးကို ခံစားရတယ်-လို့ ယုံကြည်သိမြင်တာကိုပဲ ဆိုလိုပါတယ်။ ဒီ ကံ၊ ကံ၏အကျိုးကို ယုံကြည်တဲ့ သမ္မာဒိဋ္ဌိဟာ အရေးကြီးပါတယ်။ ဒီသမ္မာဒိဋ္ဌိအယူ ရှိပါမှ ဒါန၊ သီလစသော ကောင်းမှုတွေ ကောင်းကောင်း ဖြစ်ပွားနိုင်ပါတယ်။ ဘာဝနာကိုလဲ အားထုတ်ပြီးတော့ မဂ်ဖိုလ်ကို ရနိုင်ပါတယ်။"
    "ဒါ့ကြောင့် နိဗ္ဗာန် မဂ်ဖိုလ်ကို ရည်မှန်းပြီး ဒါန၊ သီလစသော ကုသိုလ်ကို ပြုတိုင်းပြုတိုင်း ဒီကမ္မဿကတာသမ္မာဒိဋ္ဌိဟာ သမ္မာသင်္ကပ္ပစသော သူ့အခြံအရံ မဂ္ဂင်များနှင့်တကွ ဖြစ်ပွားနေပါတယ်။ ဒီမဂ္ဂင်တရားများရဲ့ အစွမ်းကြောင့် အဲဒီ ဒါန၊ သီလကုသိုလ်များက ယခုဘဝလို မဂ်ဖိုလ်ရနိုင်တဲ့ ဘဝကောင်းကို ပို့ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဒီကမ္မဿကတာသမ္မာဒိဋ္ဌိလဲ နိဗ္ဗာန်ရောက်ကြောင်းတရား-လို့ မှတ်ယူရပါတယ်။"
    ဤတရားကို နာကြားပြီး ဓမ္မမိတ်ဆွေတို့သည် အန္တရာယ်အမျိုးမျိုးမှ ကင်းစင်ပပြီး လိုရာဆန္ဒ အဝဝ ပြည့်စုံကြပါစေ။
    - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
    မဟာစည်သာသနာ့ရိပ်သာ မိုဘိုင်းအက်(ပ်)
    ____________________________________
    မဟာစည် ဆရာတော်ဘုရားကြီး၏ ဓမ္မရတနာများကို တည်တံ့ပြန့်ပွားစေရန်၊ မဟာစည် သာသနာရိပ်သာ၌ နေ့စဉ်ပြုနေသည့် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တရားတို့ကို ကြည်ညိုသဒ္ဓါတိုးပွားနိုင်ရန်၊ မဟာစည် သာသနာ့ရိပ်သာနှင့် ဆက်သွယ်ရာ၌ ပိုမိုလွယ်ကူစွာစေရန် ရည်ရွယ်ချက်များဖြင့် “မဟာစည် သာသနာ့ရိပ်သာ မိုဘိုင်းအက်(ပ်)” “Mahasi Meditation Center App” ကို ဇူလိုင်လ ၁-ရက်၊ ၂၀၂၄-ခုနှစ်တွင် Google Play Store ပေါ်၌ စတင်ထုတ်လွှင့်ထားကြောင်း ဓမ္မမိတ်ဆွေတို့အား လေးစားစွာ အသိပေးပါသည်။
    “မဟာစည် သာသနာ့ရိပ်သာ မိုဘိုင်းအက်(ပ်)” ကို Google Play Store မှ ရယူရန်အောက်ပါလင့်ကို နှိပ်ပါ။
    play.google.co...
    “မဟာစည် သာသနာ့ရိပ်သာ မိုဘိုင်းအက်(ပ်)” “Mahasi Meditation Center App” ရယူပုံ၊ အကောင့်ဖွင့်ပုံ နှင့် အသုံးပြုပုံတို့ကို အောက်ပါလမ်းညွှန်ဗီဒီယိုတွင် ကြည့်ရှုပါ။
    • Mahasi Meditation Cent...
    - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
    ကမ္ဘာအရပ်ရပ်မှ တရားချစ်ခင်သူတော်စင်များ လွယ်ကူစွာနာယူနိုင်ရန် မဟာစည်တရားတော်များ ၂၄/၇ ပြန့်ပွားရေးကုသိုလ် ပါဝင်လိုပါက မဟာစည်ကျမ်းစာအုပ် အရောင်းဆိုင် ဖုန်း- ၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com သို့ ဆက်သွယ်နိုင်စုံစမ်းနိုင်ပါကြောင်း အသိပေးပါသည်။

ความคิดเห็น •