ဒီဇင်ဘာလ ၅ ရက်၊ အင်္ဂါနေ့ ၊ ၂၀၂၃ ခုနှစ်

แชร์
ฝัง
  • เผยแพร่เมื่อ 3 ธ.ค. 2023
  • သမ္မာတရားရိပ်မြုံ (ဆရာဂျက်)
    နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်းအတွက် သမ္မာတရား
    ဒီဇင်ဘာလ ၅ ရက်၊ အင်္ဂါနေ့ ၊ ၂၀၂၃ ခုနှစ်
    အခြေပြုကျမ်း - ထွက် ၁၃း၁၇-၂၂
    သူတို့သည် နေ့ည သွားနိင်အောင် ထာဝရဘုရားသည် နေ့၌ကား လမ်းပြဘို့ မိုဃ်းတိမ်တိုင်အားဖြင့်၎င်း၊ ညဉ့်၌ကား အလင်းပေးဘို့ မီးတိုင်အားဖြင့်၎င်း၊ သူတို့ရှေ့က ကြွတော်မူ၏။ (ထွက် ၁၃:၂၁)
    ###### ဘုရားသခင် က က္ကုသရလလူမျိုးတွေကိုကျွန်ခံရာ အဲဂုတ္တုပြည်ကနေ နို့နဲ့ ပျားရည်စီးရာ ခါနန်ပြည်သို့ ခေါ်ဆောင်လာတဲ့အခါမှာ နေ့အချိန်မှာ မိုဃ်းတိမ်တိုင် ညအချိန်မှာ မီးတိုင်အားဖြင့် ဦးဆောင်လာပါတယ်..မိုဃ်းတိမ်တိုင်က နေ့အခါလမ်းပြဘို့ မီးတိုင်က ညဉ့်အခါ အလင်းပေးဘို့ဖြစ်တယ် ... အဓိကကတော့ က္ကုသရေလလူတွေနဲ့အတူ သူရှိနေကြောင်းနဲ့ သူ ဦးဆောင်နေကြောင်းကိုလူတွေ သိဘို့ဘဲဖြစ်ပါတယ်... ဒါဟာ က္ကုသရေလလူမျိုးတွေ စိုးရိမ်ပူပန်ခြင်းမရှိဘို့နဲ့ လိုအပ်ရင်နေ့ရောညပါ ခရီးသွားနိုင်ဘို့နဲ့ ညအခါအေးဆေးစွာအနားယူနိုင်ဘို့လည်း ဖြစ်ပါတယ်👏👏👏👏👏👏
    ####### ဒါဟာ ဘုရားသခင် သူတို့နဲ့အတူ ရှိခြင်းရဲ့ အမှတ်လက္ခဏာ သက်သေတခုဖြစ်သလို အံ့ဖွယ် ဖြစ်ရပ်ဆန်း တခုလည်းဖြစ်ပါတယ်... ဒါက တညတရက် တလ တနှစ် မကပါဘူး...နှစ်ပေါင်း လေးဆယ်ကြာခဲ့ပြီး ဂတိထားရာခါနန်ပြည်ရောက်တဲ့အထိ ဖြစ်ပါတယ်... ဒါဟာ ဘုရားသခင်ရဲ့ သစ္စာရှိခြင်းကို ဖေါ်ပြနေသလို ဘုရားသခင်က သူ့လူတွေကိုဘယ်တော့မှမစွန့်ပစ်ဘူးဆိုတာကိုလည်း ခိုင်မာသေချာစွာ သိစေတာဖြစ်ပါတယ်..
    ဒါ့ကြောင့် ဘုရားရဲ့ လူတွေအနေနဲ့ ဘယ်သူ့ကိုမှ နောက် ဘာကိုမှ ကြောက်စရာမလိုပါဘူး...နောက်ပြီးတော့ ဘုရားကို မသိသေးတဲ့ တပါးအမျိုးသားတွေကိုလည်း ဘုရားသခင် ရှိကြောင်း သက်သေခံဘို့လည်း ဖြစ်ပါတယ်
    နောက်တခုက ဘုရားသခင် ဟာ လူတွေ အကောင်းဆုံးလို့ ယူဆတဲ့ နည်းလမ်းများနဲ့လည်း အလုပ်လုပ်လေ့မရှိပါဘူး
    အဲဂုတ္တကနေ ဂတိထားရာ ခါနန်ပြည်ကို အဖြောင့်ဆုံးလမ်းနဲ့ အမြန်ဆုံးရောက်တဲ့ လမ်းကနေ သွားလို့ရပေမဲ့ ဘုရားသခင်က သူတို့ကို အဲ့ဒီလမ်းကနေ ခေါ်မသွားပါဘူး
    အဲ့ဒီလမ်းကနေသွားရင် သူတို့တွေကို ရန်သူတွေ တိုက်ခိုက်မယ်.. သူ့လူတွေကို ဘုရားသခင်က စစ်မတိုက်စေချင်ဘူး သူနဲ့ အတူတူအေးအေးဆေးဆေး ခရီးသွားစေပြီး သူ့ရဲ့ အလေ့အလာ သူ့ရဲ့ အလိုတော်နဲ့ မေတ္တာတော်ကို သာ၍ သိစေ ခံစားစေချင်လို့လည်း ဖြစ်ပါတယ် ဒါ့ကြောင့် ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို မရောက်သေးတဲ့အချိန်မျိုးမှာ အရင် မလိုပါနဲ့..သင်နဲ့အတူ ဘုရားသခင်ရှိနေတာကို စိတ်ချပြီး ဘုရားနဲ့ ပို၍ အချိန်ယူပါ🗯️🗯️🗯️🗯️🗯️
    ###### နောက်ပြီးတော့ ဒီ မိုဃ်းတိမ်တိုင်နဲ့မီးတိုင်ဟာ မြောက်များလှစွာသော လူသန်းပေါင်းများစွာရဲ့အပေါ်မှာ လွမ်းမိုးလျက် ရှိတယ်ဆိုတာ လမ်းပြယုံအလင်းပေးယုံသာမက နေ့အချိန်မှာ အပူဒဏ်မှ ကာကွယ်ပေးသလို ညအချိန်မှာလည်း နွေးထွေးစေတာ ဖြစ်ပါတယ်... ဒါကြောင့် ဘုရားလူဆိုတာ ပူတဲ့ အရှိန်ရောက်ရင်လည်း ပူကြောင်း မသိရသလို နွေးထွေးမှုလိုအပ်ရင်လည်း နွေးထွေးမှု ကို ခံစားရတယ်... ဒါဟာ ဘုရားသခင် အတူရှိခြင်းရဲ့ အံ့သြဖွယ်ရာ သက်သေတခုလည်းဖြစ်ပါတယ်💥💥💥💥💥💥
    ###### ကျွန်တော်တို့ရဲ့ ဘုရားသခင်ဟာ က္ကုသရေလလူမျိုးတွေကို အဲဂုတ္တုကျွန်ဘ၀ကနေ ခါနန်ပြည်သို့ ဦးဆောင် ခေါ်လာခဲ့တာတင်မကပါဘူး... ယနေ့လည်း သူ့ကို ယုံကြည်သူများအား အပြစ်ကျွန်ဘဝမှကယ်နှုတ်ပြီး
    ထာဝရ ကောင်းကင်ဘုံသို့သွားရာ ဝိညာဉ်ခရီးလမ်းမှာ ကျွန်တော်တို့နဲ့အတူ ရှိ၍ ကျွန်တော်တို့ကို ဦးဆောင် လမ်းပြခေါ် သွားလျက်ရှိပါတယ်.. က္ကုသရေလတွေကို
    မိုဃ်းတိမ်တိုင်နဲ့ မီးတိုင်အားဖြင့် လမ်းပြ အလင်းပေး ကွယ်ကာခဲ့သလို ယနေ့ ကျွန်တော်တို့ကိုလည်း သမ္မာတရားနဲ့ဝိညာဉ်တော်နဲ့ ဦးဆောင်ခေါ် သွားလျက်ရှိပါတယ်
    ဒါ့ကြောင့် နေ့ရက်စဉ်တိုင်း ကျမ်းစာဖတ်ခြင်းဆုတောင်းခြင်း အားဖြင့် ဘုရားသခင် နောက်လိုက်ကြပါစို့❤️❤️❤️
    🤔🤔🤔🤔🤔 ထပ်မံဆင်ခြင်ရန်.... သင့်ကို ဘုရားသခင် ဦးဆောင်နေတာ သေချာရဲ့လား?
    🙏🙏🙏🙏🙏🙏 ဆုတောင်းရန်... အဖဘုရား...ကျွန်တော့်ကိုနေ့စဉ် ကွယ်ကာမစလမ်းပြပို့ဆောင်နေသောကြောင့် ကျေးဇူးတင်ပါတယ်အဖ
  • เพลง

ความคิดเห็น • 2