နေ့စဉ်ခွန်အား | ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၄) ရက်

แชร์
ฝัง
  • เผยแพร่เมื่อ 22 มิ.ย. 2024
  • ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်း
    myanmar-odb.or...
    / myanmar.odb
    / ourdailybreadmyanmar
    ယနေ့ဖတ်ရန်ကျမ်းချက် - ထွက်မြောက်ရာကျမ်း ၂၀:၁၈-၂၁
    odb-ministries...
    ထင်ဟပ်ဖော်ပြချက်
    ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်း
    အဲဂုတ္တုပြည်မှ ဣသရေလလူမျိုးတို့ ထွက်ခွာပြီး နှစ်လအကြာတွင် ၎င်းတို့သည် သိနတောသို့ရောက်လာသည် (ထွက်မြောက်ရာကျမ်း ၁၉:၁-၂)။ ဟောရတောင် (၃:၁၊ ၃၃:၆) ဟုလည်းခေါ်သည့် သိနတောင်သည် ဘုရားသခင်အား မောရှေ စတင်သိရှိခဲ့သည့် မီးလောင်သော်လည်း ချုံမကျွမ်းသည့် နေရာ (၃:၁-၁၂) ဖြစ်သည်။ ယခုတွင် လူမျိုးတော်တစ်စုလုံးသည် “ငါဖြစ်သည်” (:၁၄-၁၅) ဆိုသောဘုရားကို သိခွင့်ရတော့မည် ဖြစ်သည်။ ထိုနေရာသို့ ၎င်းတို့ရောက်ရှိခြင်းသည် အခန်းငယ် ၁၂ မှ “ထိုလူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ပြီးလျှင် ဤတောင်ပေါ်မှာ ဘုရားသခင်အား ဝတ်ပြုရကြလိမ့်မည်” ဟူသည့်ကျမ်းချက်ကို ပြည့်စုံစေခြင်းပင်ဖြစ်သည်။ ၎င်းသည် ဘုရားသခင်၏ပဍိညာဥ်နှင့် သက်ဆိုင်သူများ “မင်းစည်းစိမ်ရှိသော ယဇ်ပရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး” အဖြစ် (၁၉:၆) ၎င်းတို့၏အခွင့်ထူးခံအဆင့် အစပြုခြင်း အမှတ်လက္ခဏာဖြစ်သည်။ ဤနေရာတွင် ဘုရားသခင်သည် ၎င်းတို့အား ပညတ်တော်ကိုပေးသနားပြီး ဘုရားသခင်နှင့် မည်သို့ဆက်သွယ်ကာ သူ့အား ကိုးကွယ်ရမည် (၂၀:၁-၁၁)၊ ဘုရားရှင်၏ သန့်ရှင်းသောလူများအဖြစ် မည်သို့အသက်ရှင်ရမည်ကို (:၁၂-၁၇) လမ်းညွှန်ထားသည်။ ၎င်းတို့သည် သိနတောင်ခြေ၌ တစ်နှစ်ကြာမျှ စခန်းချနေထိုင်ခဲ့ကြသည် (တောလည်ရာကျမ်း ၁၀:၁၁)။ သိနတော၌ ၎င်းတို့လှည့်လည်သွားလာ နေထိုင်ခြင်းအကြောင်းကို ထွက်မြောက်ရာကျမ်း ၁၉ မှ တောလည်ရာကျမ်း ၁၀ အထိတွင် ဖော်ပြထားပါသည်။
    စာရေးသူ K. T. Sim

ความคิดเห็น •