နေ့စဉ်ခွန်အား | ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၅) ရက်

แชร์
ฝัง
  • เผยแพร่เมื่อ 23 มิ.ย. 2024
  • နှိမ့်ချသော ယော(န်)
    myanmar-odb.or...
    / myanmar.odb
    / ourdailybreadmyanmar
    ယနေ့ဖတ်ရန်ကျမ်းချက် - ဧဖက်သြဝါဒစာ ၁:၁၅-၂၃
    odb-ministries...
    ထင်ဟပ်ဖော်ပြချက်
    နှိမ့်ချသော ယော(န်)
    အင်္ဂလိပ်ကျမ်းစာ၌ ယနေ့ဖတ်ရန်ကျမ်းပိုဒ်အစတွင် “ထို့ကြောင့်” ဟူသည့် ကြောင်းကျိုးပြစကားဆက်ဖြင့် အစပြုထားရာ (ဧဖက်ဩဝါဒစာ ၁:၁၅)၊ မည်သည့် အကြောင်းအကျိုးကို ဖော်ပြနေသနည်း။ အခန်းငယ် ၃ မှ ၁၄ ထိတွင် ရှင်ပေါလုက (မူလဂရိဘာသာတွင်) အကြောင်းချင်းရာမျိုးစုံအတွက် “ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်” ကိုချီးမွမ်းလျက် (:၄) ဝါကျဆက်စာသားကို ရေးသားထားသည်။ ထိုအကြောင်းချင်းရာများမှာ ဘုရားသခင်သည် “ခပ်သိမ်းသောဓမ္မမင်္ဂလာ”များဖြင့် ကျွန်ုပ်တို့ကို ကောင်းချီးပေးသည် (:၄)။ ရွေးကောက်သည် (:၄)။ ရှေးမဆွက ခွဲခန့်မှတ်သားသည် (:၆)။ အပြစ်လွတ်တော်မူခြင်းနှင့် ရွေးနှုတ်တော်မူခြင်းကျေးဇူးကို ပေးသနားသည် (:၈)။ အလိုတော်၏နက်နဲသောအရာကို ကျွန်ုပ်တို့အား ပြသည် (:၉)။ ကျွန်ုပ်တို့သည် “ကတိတော်နှင့်ယှဥ်သော သန့်ရှင်းသောဝိညာဥ်တော်၏ တံဆိပ်ခတ်ခြင်းကို ခံရ”ကြောင်း (:၁၃-၁၄) ရှင်ပေါလုက မှတ်သားဖော်ပြပါသေးသည်။ ဤအချက်များအားလုံးကို စုပေါင်းလိုက်လျှင် ဤကျမ်းပိုဒ်သည် ကျွန်ုပ်တို့အား သုံးပါးတစ်ဆူဘုရားဆိုင်ရာ ဩဝါဒသွန်သင်ချက်ကို အရှင်းလင်းဆုံး ဖော်ပြနေတော့သည်။ ရှင်ပေါလုက “ငါတို့သခင် ယေရှုခရစ်၏ဘုရားသခင် ဖြစ်တော်မူသော ဘုန်းကြီးသောအဘခမည်းတော်သည် ကိုယ်တော်မြတ်ကို သိခြင်းအလိုငှာ ပညာကိုလည်းကောင်း၊ ထိုးထွင်းသောဉာဏ်ကိုလည်းကောင်း သင်တို့အား ပေးပါမည်အကြောင်း” ဆုတောင်းပတ္ထနာပြုခဲ့သည် (:၁၇)။
    စာရေးသူ တင်မ်ဂပ်စ်ထက်ဖ်ဆန်

ความคิดเห็น •