မောင်တော၄ မိုင်စစ်ကောင်စီ၏နခခ၂နယ်ခြားစောင့်တပ်ရင်းကိုအာရက္ခတပ်တော်AAမှသိမ်းပိုက်သည်ဟုသတင်းထွက်ပေါ်လာ
ฝัง
- เผยแพร่เมื่อ 8 ก.พ. 2025
- မောင်တော ၄ မိုင် စစ်ကောင်စီ၏ နခခ ၂ နယ်ခြားစောင့်တပ်ရင်းကို အာရက္ခတပ်တော်AA မှ သိမ်းပိုက်သည်ဟု သတင်းထွက်ပေါ်လာ
၂၂ မေလ ၂၀၂၄
ရက္ခိုင်ပြည် မောင်တောခရိုင် မောင်တောမြို့နယ်က စစ်ကောင်စီ၏ အမှတ်( ၂ )နယ်ခြားစောင့် တပ်ရင်းကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်သည်ဟုသိရသည်။
မောင်တောမြို့နယ် ၄မိုင်က စစ်ကောင်စီ၏ နခခ ၂ တပ်ရင်းကို ယမန်နေ့မေလ ၂၁ ရက်က အာရက္ခတပ်တော်သည် ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်နေပြီး ယနေ့ မေလ ၂၂ ရက်တွင် သိမ်းပိုက်လိုက်ပြီးဟု AA နှင့် နီးစပ်တဲ့ သတင်းအရင်းအမြစ်ထံမှသိရသည်။
မောင်တောမြို့နယ်တွင် စစ်ကောင်စီ၏ နခခ-၄ မောရဝတီ၊ နခခ၅ မြို့သူကြီး၊ နခခ-၆ အင်ဒင်းနဲ့ နခခ-၉ မြင်းလွှတ်တပ်စခန်း စုစုပေါင်း ၄ခုကျန်ရှိနေသေးသည်။
#law_wadi_media #Rakhine #အကြမ်းဖက်စစ်ကောင်စီ #Maunhdaw #စစ်ကောင်စီ