မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်က စဉ့်ကူးမြို့ သိမ်း စစ်ဆင်ရေး ဗီဒီယို မှတ်တမ်း ထုတ်ပြန်(ရုပ်/သံ)

แชร์
ฝัง
  • เผยแพร่เมื่อ 29 ก.ย. 2024
  • မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်က စဉ့်ကူးမြို့ သိမ်း စစ်ဆင်ရေး ဗီဒီယို မှတ်တမ်း ထုတ်ပြန်(ရုပ်/သံ)
    ရန်ကုန်၊ ဇူလိုင် ၂၉
    ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က စဉ့်ကူးမြို့သိမ်း စစ်ဆင်ရေး ဗီဒီယို မှတ်တမ်းကို ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
    ဇူလိုင်လ ၁၇ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က စဉ်ကူးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ် စခန်းများ အားလုံးနှင့် စဉ့်ကူးမြို့ကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
    လက်ရှိချိန်တွင် စဉ့်ကူးမြို့နယ်သည် စစ်ကောင်စီတပ်သား ကင်းစင်သော မြို့နယ်တစ်ခုဖြစ်လာပြီး စဉ့်ကူးမြို့သည်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ မန္တလေးတိုင်းအတွင်း ပထမဆုံး သိမ်းယူနိုင်ခဲ့သော မြို့အဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ခဲ့သည်။
    စဉ့်ကူးမြို့နယ်အတွင်း စစ်ဆင်ရေးများတွင် စစ်သုံ့ပန်း အများအပြား ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်ရမိခဲ့ကြောင်း၊ ထို့ပြင် စစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဘက်မှ ထိုက်သင့်သော ပေးဆပ်မှုအချို့ရှိခဲ့ပြီး အသက်ပေးလှူသွားခဲ့သော ရဲဘော်များကို ဦးညွှတ် အလေးပြု မှတ်တမ်းတင်အပ်ကြောင်း မန္တလေး PDF က ပြောဆိုသည်။
    စစ်တပ်က စဉ့်ကူး စစ်ဆင်ရေးများတွင် လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်ခဲ့သောကြောင့် မြို့နေဧရိယာများ ၊ အရပ်သား ပြည်သူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်

ความคิดเห็น •