စာလေ့လာနိုင်စွမ်း၊ စိတ်အာရုံနှစ်မြှုပ်ခြင်း -ဟွမ်းနုံးမွန်း

แชร์
ฝัง
  • เผยแพร่เมื่อ 9 มิ.ย. 2023
  • ✻ ဗီဒီယိုကို မြန်မာစာတန်းထိုးဖြင့် ကြည့်ရှုနိုင်ရန်အတွက် ဗီဒီယိုညာဘက်ထောင့်ရှိ CC အကွက်ကို နှိပ်ပြီး Setting ရှိ Captions တွင် Burmese ကို ရွေးချယ်၍ မြန်မာစာတန်းထိုးဖြင့် ကြည့်ရှုနိုင်ပါသည်။
    ✻ ဟောပြောပို့ချသူ၏ ဟောပြောပွဲ မိတ်ဆက် : စိတ်အာရုံ အပြည့်နှစ်မြှုပ်ခြင်းဆိုတာ ဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှုနဲ့ ပတ်သက်ပြီး ကိုယ် လုပ်နိုင်တဲ့ “ အကြွင်းမဲ့ အကောင်းဆုံး ” ရင်ဆိုင်တိုက်ခိုက်တဲ့ အခြေအနေဖြစ်ပါတယ်။ စိန်ခေါ်မှုက ဘယ်လောက်ပဲ ခက်ခဲတယ်လို့ ဆိုပါစေ ကိုယ်လုပ်နိုင်တဲ့ အကောင်းဆုံး အကန့်အသတ်ကတော့ စိတ်အာရုံ အပြည့်နှစ်မြှုပ်ခြင်းပဲဖြစ်ပါတယ်။ အဲဒီရဲ့ ရလဒ်ကတော့ စိန်ခေါ်မှုကို ရင်ဆိုင်တိုက်ခိုက်နိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားရင်းနဲ့လည်း အပြုသဘောဆောင်တဲ့ ခံစားချက်တွေ အတူတူဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် အကောင်းဆုံး အခြေအနေကို အချိန်အကြာကြီး ဆက်လက်ထိန်းသိမ်းသွားနိုင်ပါတယ်။ ဒီလိုစိတ်အာရုံ အပြည့်နှစ်မြှုပ်ခြင်းရဲ့ သဘောတရားကို စာလေ့လာတဲ့အခါ လက်တွေ့အသုံးချစေတာကတော့ အာရုံနှစ်မြှုပ်ခြင်း လေ့လာမှုဖြစ်ပါတယ်။ အာရုံနှစ်မြှုပ်ခြင်း လေ့လာမှုကနေတစ်ဆင့် ရှင်သန်ဖြစ်တည်မှု ၊ ပျော်ရွှင်မှုနဲ့ ကိုယ့်ကိုယ်ကို နားလည်သဘောပေါက်မှုတို့ကို တစ်ပြိုင်နက်တည်း ရှာဖွေသွားနိုင်ရုံသာမက ဘဝမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုအကြီးအသေးအားလုံးကို ဘဝအတွက် အကျိုးအရှိဆုံး အတွေ့အကြုံအဖြစ် ပြောင်းလဲသွားအောင် လုပ်နိုင်ပါတယ်။ ဒီနေ့ ဟောပြောပို့ချတဲ့အခါ ဒီလိုဖြစ်ရပ်မှန်တွေကို နမူနာအနေနဲ့ မိတ်ဆက်ပြောပြသွားပါမယ်။
    ✻ ဗီဒီယို တက်လာတဲ့အခါတိုင်း ကြည့်ရှုချင်တယ်ဆိုရင် အခုပဲ click နှိပ်လိုက်ပါ (alarm setting)!
    👉 bit.ly/35YdDeQ
    ✻ အလုပ်ရှုပ်လှတဲ့ တစ်နေ့တာကြောင့် ဟောပြောပွဲ အနှစ်ချုပ် ဗီဒီယိုကို စိတ်ဝင်စားတယ်ဆိုရင် !
    👉 / sebasimyanmar
    ✻ ဘာသာပြန်သူ - Khin Su Su San
    ✻ဆယ်ဘာရှီ မြန်မာ [TH-cam Channel နှင့် Facebook Page] သည် ကိုရီးယားနိုင်ငံ၏ နာမည်ကြီး ချန်နယ်တစ်ခုဖြစ်သည့် 세바시 강연 Korea Sebasi Talk နှင့် တရားဝင်စာချုပ်ချုပ်ဆိုပြီး မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် တရားဝင် ချန်နယ် ပူးတွဲလုပ်ဆောင်ခွင့် ရရှိထားကာ သုတ ရသ ပညာပေးဗီဒီယိုများနှင့် စာတန်းထိုး ဗီဒီယိုများကို တင်ဆက်ပေးလျက်ရှိပါသည်။
    ထို့ကြောင့် Sebasi Myanmar (TH-cam, Facebook Page) တို့မှ တင်ဆက်ပေးနေသော ဗီဒီယိုများကို အစအဆုံးဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ Download ဆွဲယူပြီး မိမိတို့၏ Personal Account ၊ Social Media Page တွင် ပြန်လည်ကူးယူပြီး တင်ခြင်းမျိုး မပြုလုပ်ကြပါရန် အသိပေးကြေညာအပ်ပါသည်။
    ထိုအစား မူရင်း ဗီဒီယို၏ TH-cam Link ကိုဖြစ်စေ Facebook Link ကိုဖြစ်စေ Copy Paste ပြုလုပ်ပြီး မိမိတို့၏ Personal Account ၊ Social Media Page တွင် ပြန်လည် Share ခြင်း၊ မူရင်း Post ကို တိုက်ရိုက် Share ခြင်းမျိုးကိုသာ ခွင့်ပြုထားပါသည်။ မူပိုင်ခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းကို သွေဖည်သော မည်သည့် အပြုအမူမျိုးကိုမဆို ကျူးလွန်မိပါက မူပိုင်ခွင့်ဥပဒေနှင့်အညီ တရားဝင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
    #sebasimyanmar
    #copyright

ความคิดเห็น • 10

  • @user-xi4rz2ku4d
    @user-xi4rz2ku4d หลายเดือนก่อน

    Thank you

  • @user-sq5ho7ib7b
    @user-sq5ho7ib7b 7 หลายเดือนก่อน

    ဒီvideoကိုကြည့်ချင်းအားဖြင့်အလုပ်တစ်ခုကို လုပ်ပီးမှအခြားတစ်ခုရမယ် နေ့တိုင်းအချိန်မှန်မှန်လုပ်ရင်ရလဒ်ကောင်းများရရှိနိုင်မယ် စာလုပ်တဲ့အချိန်မှာလည်းစာကိုလည်းအာရုံစိုက်ပို နိုင်မဲ့နည်းလမ်းကိုသိခဲ့ရပါတယ် စိတ်ပင်ပန်းမဲ့အရာတွေကိုလွတ်ချနိုင်သလောက်လွတ်ချနိုင်ပီး စိန်ခေါ်တွေကိုရင်ဆိုင်ရမယ်လို့သင်ခန်းစာရရှိပါတယ်

  • @sawjoshua8009
    @sawjoshua8009 11 หลายเดือนก่อน

    ကျွန်တော့်ကိုယ့်တိုင်လည်း ဒီရက်ပိုင်းထဲ စာလုပ်ခြင်းစိတ်တွေ ပျောက်ဆုံးက ကိုယ့်ဘာကြောင့် လုပ်နေရတဲ့ဆိုတဲ့အတွေးတွေ ဝင်မိကာ ကိုယ်လုပ်နေတဲ့ အလုပ်ကို ရပ်တန့်ပစ်ချင်းစိတ်တွေပါ ဖြစ်လာခဲ့ပါသည်။ ဒီသင်ခန်းစာကို နားထောင်ပီးနောက် ကိုယ့်လုပ်နေတဲ့အရာပေါ်မှာ စိတ်နစ်ပြီး လုပ်ဆောင်ကာ အလေးနက်ထားဖို့ လိုအပ်ကြောင်းကို သိရှိခဲ့ရပါတယ်။ ကိုယ့်လုပ်နေတဲ့အရာက ပင်ပန်းတယ်၊ ခက်ခဲတယ်လို့မတွေးပဲ ကိုယ့်ဘဝအတွက် ကြိုးစားနေတယ်ဆိုပြီး စိတ်ကို ပြင်ဆင်ပြီး ကြိုးစားသင်ယူပြီး စိန်ခေါ်မှုတိုင်းကို ရင်ဆိုင်မှ လိုချင်းသော နေရာတစ်ခုကို ရရှိလာမှာပဲဖြစ်တယ်ဆိုတာကို ဒီဗီဒီယိုကြည်ပြီး သင်ယူရရှိခဲ့ရပါတယ်။ ဒီလိုအကျိုးအရှိ သင်ခန်းစာများကို တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

  • @nyeenoesar1802
    @nyeenoesar1802 ปีที่แล้ว

    ဒီသင်ကြားဟောပြောချမှုကို နားဆင်ပြီးတော့ စာလုပ်တဲ့နေရာမှာ အာရုံစိုက်နိုင်ဖို့ ကိုယ့်ကိုယ်ကို challenge တစ်ခုအမြဲထားပြီး အောင်မြင်တဲ့အခါ အဲ့အတွေ့အကြုံကနေ ခံစားရတဲ့ ခံစားချက်ကနေ ပြီးတော့ နောက်ထပ်လုပ်စ ရာတွေကို challengeတွေထားရင်းနဲ့ အာရုံပိုစိုက်နိုင်အောင်လုပ်ရနိုင်မယ်ဆိုတဲ့နည်းကို သင်ယူခဲ့ရပြီး စွမ်းရည်ဆိုတဲ့အရာကို ကြိုးစားရင်းနဲ့ရယူ၊ လုပ်ယူနိုင်တယ်ဆိုတာသင်ယူခဲ့ရပါတယ်။

  • @user-sh9zk5ju6h
    @user-sh9zk5ju6h 8 หลายเดือนก่อน

    အကြံပေးလိုပါတယ် ကိုရီးယားsubနဲ့မြန်မာsubကိုတွဲလုပ်ပေးစေလိုပါတယ် ကိုရီးယားစာလေ့လာချင်တဲ့သူများအတွက်ပါ

    • @sebasimyanmar2188
      @sebasimyanmar2188  7 หลายเดือนก่อน

      အကြံပေးတာ ကျေးဇူးတင်ပါတယ်

  • @myintmyatthu4962
    @myintmyatthu4962 ปีที่แล้ว

    ဤ video ကိုကြည့်ခြင်းအားဖြင့်အလုပ်တစ်ခုလုပ်လျှင်စိတ်နှစ်မြုပ်ပီးလုပ်ရမည်ဆိုသောသင်ခန်းစာရရှိခဲ့တယ်။လူတိုင်းအလုပ်တစ်ခုကိုလုပ်လျှင်စိတ်ကိုနှစ်ပီးလုပ်နိုင်တဲ့သူကနည်းပါးပါတယ်။stress အမျိုးမျိုး အကြောင်းအမျိုးမျိုးကြောင့်မိမိတို့လုပ်ရမည့်အလုပ်ကိုသေချာမလုပ်နိုင်ကြပါဘူး။အဓိကအချက်ကတော့အာရုံမစိုက်နိုင်စိတ်နှစ်မြုပ်ပြီးမလုပ်နိုင်တာကြောင့်ဖြစ်ပါတယ်။ video ထဲမှ professor ပြောသလိုတစ်ခါလောက်ပဲစိတ်နှစ်လုပ်ကြည့်လျှင်ရလဒ်သည်လည်းအလွန်ကွဲပြားစွာရနိုင်ပါတယ်။ နောက်ပိုင်းတွင်လည်းလုပ်ရမည့်အလုပ်အပေါ်စိတ်ပျက်ခြင်းမရှိပဲပျော်ပျော်ရွှင်ရွှင်လုပ်နိုင်မည်ဖြစ်ကြောင်းဤ video မှခွန်အားများစွာရရှိလိုက်ပါတယ်။ ဗဟုသုတများစွာတိုးပွားစေလိုသောရည်ချက်ဖြင့်တင်ပေးသော video များအတွက်ကျေးဇူးအထူးတင်ရှိပါတယ်❤

  • @ruthcaroljoy6515
    @ruthcaroljoy6515 ปีที่แล้ว

    ကျွန်မသည် လတ်တလော စာလုပ်ချင်စိတ်ကင်းမဲ့ပြီး အာရုံမစိုက်နိုင်သောသူတစ်ယောက်ဖြစ်သော်လည်း ဒီ‌ပို့ချမှုလေးက ကျွန်မကို နည်းလမ်းကောင်းလေးတွေကို မျှဝေပေးသွားခဲ့ပါတယ်။ အာရုံစိုက်ခြင်းဆိုတာပြီး လုပ်ဆောင်တဲ့အရာရဲ့နောက်ကွယ်မှာ ပျော်ရွင် ခြင်းဆိုတာ လိုက်ပါလာပါတယ်။ သတိထားရပါက ရလဒ်ကို အရမ်းအလေးမထားဘဲ မိမိလုပ်ရဲ့မယ့် အလုပ်အပေါ်််မှာဘဲ ‌အလေးထားရပါမယ်။ နောက်တစ်ခုကို ဘာသာတစ်ခုခုလုပ်ရင် စွဲစွဲမြဲမြဲ လုပ်ပြီး အဖြေရှာဖို့ ခက်ရင်လည်း စဉ်းစားပေးရပါမယ်။ ဒါကြောင့် တေ်ခြင်း မတော် ခြင်းက ဥာဏ်စွမ်းရည်ထက် မှန်ကန်တဲ့ လေ့လာမှု ကို အသုံးချမယ်ဆိုရင် မိမိကိုယ်ကို တိုးတက်စေနိုင်ပါတယ်လို့ လေ့လာခဲ့ရပါသည်။

  • @kabyarcho5297
    @kabyarcho5297 ปีที่แล้ว

    ကျွန်မကအမဲြတမ်း အာရုံစိုက်ဖို့ခက်ခဲနေတဲ့ ကျောင်းသူတစ်ယောက်ပါ။အခု သင်ယူခဲ့ရတဲ့နည်းလမ်းတွေကိုကောင်းကောင်းအသုံးချပြီး လုပ်ဆောင်မယ်ဆိရင် အာရုံစိုက်နိုင်စွမ်းတိုးတက်လာမယ်ထင်မိပါတယ်။စိတ်ပင်ပန်းတဲ့အရာတွေကိုလည်းလျွတ်ချနိုင်သလောက်လွှတ်ချပြီး မိမိကိုယ်ကို စိန်ခေါ်မှုအသစ်စမ်းတွေလုပ်ဆောင်ကြည့်ရပါမယ်လို့သင်ခန်းစာရပါတယ်။

  • @hinnlay388
    @hinnlay388 ปีที่แล้ว

    ဤဗီဒီယိုကိုကြည့်ပြီးတဲ့နောက်မှာ သင်ခန်းစာရခဲ့တာ‌က‌ေတာ့ ကျွန်တော်တို့ကဘဝမှာကိုယ်ဖြစ်ချင်တာကိုပဲရှေ့တန်းတင်တတ်ကြတယ် ဒါပေမယ့်ဖြစ်ချင်တာထက်ဖြစ်အောင်လုပ်ဖို့ကိုတော့မေ့လျော့နေကြတယ်ဆိုတာပါပဲ။တစ်ခုခုကိုလုပ်တော့မယ်ဆိုရင်အရေးကြီးဆုံးကကိုယ့်စိတ်အာရုံကိုသေချာနှစ်မြှုပ်ထားဖို့လိုတယ် ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာစိတ်မနှစ်ထားရင်အာရုံစူးစိုက်မှုမရှိရင်ကိုယ်လိုချင်တဲ့အောင်မြင်မှုကိုရမှာမဟုတ်သလိုပျော်ရွှင်စရာတွေလဲမရရှိနိုင်တော့ဘူး ကြိုးစားထားသမျှတွေအရာမထင်တဲ့အပြင်ပင်ပန်းလို့ဆိုပြီးလက်လျော့သွားတာမျိုးတွေထိပါဖြစ်သွားတတ်ပါတယ် ဒါကြောင့်ကိုယ်ဘာပဲလုပ်လုပ် ငါဒါကိုလုပ်တော့မယ်လို့ဆုံးဖြတ်ပြီးတာနဲ့လိုချင်တဲ့ပန်းတိုင်မရောက်မချင်းစိတ်အာရုံကိုအပြည့်အဝနှစ်မြှုပ်ပြီးလုပ်ဆောင်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။