အံ့ဖွယ်ဘဝမှာ နေထိုင်နည်း - ဘက်ဝီ

แชร์
ฝัง
  • เผยแพร่เมื่อ 16 ต.ค. 2024
  • ✻ ဗီဒီယိုကို မြန်မာစာတန်းထိုးဖြင့် ကြည့်ရှုနိုင်ရန်အတွက် ဗီဒီယိုညာဘက်ထောင့်ရှိ CC အကွက်ကို နှိပ်ပြီး Setting ရှိ Captions တွင် Burmese ကို ရွေးချယ်၍ မြန်မာစာတန်းထိုးဖြင့် ကြည့်ရှုနိုင်ပါသည်။
    ✻ ဟောပြောပို့ချသူ၏ ဟောပြောပွဲ မိတ်ဆက် : အခု သင်တို့ရဲ့ ဘဝကို အံ့ဖွယ်လို့ တွေးကြပါသလား။ ကျွန်တော် မတော်တဆ ထိခိုက်မှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး အကြောသေသွားခဲ့ရတဲ့အခါမှာတော့ အရင်တုန်းက ကျွန်တော့်ဘဝမှာ မထူးခြားခဲ့တဲ့ “သာမန်လုပ်ရိုးလုပ်စဉ်” အရာတွေကို မလုပ်နိုင်တော့ပါဘူး။ ကျွန်တော်တို့ရဲ့ သာမန်ရိုးရှင်းတဲ့ ဘဝဟာ “အံ့ဖွယ်” အခိုက်အတန့်တွေရဲ့ ကွင်းဆက်တွေဖြစ်ခဲ့ပြီးတော့ ကျွန်တော်တို့ဟာ “အံ့သြဖွယ်ကောင်းလောက်အောင်” နေထိုင်နေခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော့်အကြောင်းကနေတစ်ဆင့် အံ့ဖွယ်ဘဝမှာ နေထိုင်နိုင်မယ့် နည်းလမ်းကို အတူတူ မျှဝေပေးချင်ပါတယ်။
    ✻ ဗီဒီယို တက်လာတဲ့အခါတိုင်း ကြည့်ရှုချင်တယ်ဆိုရင် အခုပဲ click နှိပ်လိုက်ပါ (alarm setting)!
    👉 bit.ly/35YdDeQ
    ✻ အလုပ်ရှုပ်လှတဲ့ တစ်နေ့တာကြောင့် ဟောပြောပွဲ အနှစ်ချုပ် ဗီဒီယိုကို စိတ်ဝင်စားတယ်ဆိုရင် !
    👉 / sebasimyanmar
    ✻ ဘာသာပြန်သူ - Khin Su Su San
    ✻ဆယ်ဘာရှီ မြန်မာ [TH-cam Channel နှင့် Facebook Page] သည် ကိုရီးယားနိုင်ငံ၏ နာမည်ကြီး ချန်နယ်တစ်ခုဖြစ်သည့် 세바시 강연 Korea Sebasi Talk နှင့် တရားဝင်စာချုပ်ချုပ်ဆိုပြီး မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် တရားဝင် ချန်နယ် ပူးတွဲလုပ်ဆောင်ခွင့် ရရှိထားကာ သုတ ရသ ပညာပေးဗီဒီယိုများနှင့် စာတန်းထိုး ဗီဒီယိုများကို တင်ဆက်ပေးလျက်ရှိပါသည်။
    ထို့ကြောင့် Sebasi Myanmar (TH-cam, Facebook Page) တို့မှ တင်ဆက်ပေးနေသော ဗီဒီယိုများကို အစအဆုံးဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ Download ဆွဲယူပြီး မိမိတို့၏ Personal Account ၊ Social Media Page တွင် ပြန်လည်ကူးယူပြီး တင်ခြင်းမျိုး မပြုလုပ်ကြပါရန် အသိပေးကြေညာအပ်ပါသည်။
    ထိုအစား မူရင်း ဗီဒီယို၏ TH-cam Link ကိုဖြစ်စေ Facebook Link ကိုဖြစ်စေ Copy Paste ပြုလုပ်ပြီး မိမိတို့၏ Personal Account ၊ Social Media Page တွင် ပြန်လည် Share ခြင်း၊ မူရင်း Post ကို တိုက်ရိုက် Share ခြင်းမျိုးကိုသာ ခွင့်ပြုထားပါသည်။ မူပိုင်ခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းကို သွေဖည်သော မည်သည့် အပြုအမူမျိုးကိုမဆို ကျူးလွန်မိပါက မူပိုင်ခွင့်ဥပဒေနှင့်အညီ တရားဝင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
    #sebasimyanmar
    #copyright

ความคิดเห็น • 13

  • @oaklay8773
    @oaklay8773 3 หลายเดือนก่อน

    ပို၍ကျန်းမာပါစေ🙏🙏🙏

  • @nankhinsawmon__kimli3997
    @nankhinsawmon__kimli3997 2 ปีที่แล้ว

    မှန်ပါတယ်၊ ကျွန်ုပ်တို့ဟာ ခဏနေ/မနက်ဖြန်/အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာကိုမသိနိုင်ပါဘူး၊ ခန့်မှန်းလို့လည်းမရပါဘူး။ ကျွန်ုပ်တို့အခုလိုကျန်းကျန်းမာမာနဲ့အသက်ရှင်နေရခြင်းဟာ ဘုရား သခင်ရဲ့ကျေးဇူးတော်ကြောင့်ပဲဖြစ်တယ်။ ဒီဗီဒီယိုလေးမှာ သူဟာထိခိုက်ဒဏ်ရာရပြီးတဲ့နောက်မှာလည်း အပြုံးလေးနဲ့ ဆက်လက်အသက်ရှင်နေထိုင်နိုင်တဲ့ဘဝအသက်သာလေးကိုလေးစားမိပါတယ်။ ဒီလိုအဖြစ်အပျက်လေးတွေ့ကြုံပြီးတဲ့နောက်မှာလည်း ဘုရားနဲ့ပိုပြီးရင်းနှီးလာပြီး သူတစ်ပါးကိုလည်းချစ်ခင်ရမယ့်သင်ခန်းစာလေးကိုဘုရားသခင်ပေးခဲ့ပြီး သင်ယူခဲ့ရတဲ့အတွက်လည်းကျေးဇူးတော်ချီးမွမ်းပါတယ်။ ကျွန်ုပ်တို့ဟာကိုယ့်ဘဝမှာအခက်အခဲအမျိုးမျိုး‌ကြုံတွေ့နိုင်သော်လည်းပဲ အားမလျှော့ပဲရှေ့‌ဆက်လျှောက်သွားပြီး ဘဝကိုအကျိုးရှိရှိနဲ့ ဘုရားရဲ့အလိုတော်အတိုင်းအသက်ရှင်နေထိုင်သွားဖို့အတွက်ဒီဗီဒီယိုလေးနဲ့ ခွန်အားယူမိပါတယ်။ ကျေးဇူးတင်ပါတယ်❣️

  • @kothet4509
    @kothet4509 2 ปีที่แล้ว

    ဘဝမှာလူတော်တော်များများဟာဆိုရင်ချို့တဲ့မူကြောင့်ဒီအတိုင်နေသွားကြပါတယ်မည်သူမှဘယ်လို့ရှင်သန်ရမလဲဆိုတာကိုမစဉ်စားတော့ပါဘူကြိုးစားမူလဲမရှိတော့ပါဘူအဲ့ဒါဟာဆိုရင်ဘဝအစစ်အမှန်မဟုတ်ဘူလို့ခံစားရပါတယ်ဘဝမှာကိုယ်တတ်နိုင်တတ်ဘက်ကနေကြိုးစားနေရမယ်လို့လဲခွန်းအားရပါတယ်

  • @Sarah-xk7ce
    @Sarah-xk7ce 2 ปีที่แล้ว

    I like this phrase very much “ the problem is the string for the family to be more stable and more cooperative”. I agree that sometimes we only remember our family when we are in a bad situation but we should look for our family either in a good situation or a bad situation. Also, the speaker teaches us how to do big things with small things. Thanks for this video.

  • @kabyarcho5297
    @kabyarcho5297 2 ปีที่แล้ว

    မိမိရဲ့လက်ရှိရှင်‌သန်နေမှုကိုကျေးဇူးတင်ပြီး ကြုံတွေ့လာမဲ့အခက်ခဲတွေကို ကျန်းကျန်းမာမာနဲ့ လက်လျော့လိုက်ခြင်းမရှိပဲ အရှုံးမပေးသောစိတ်နှင့် အသက်ရှင်နေထိုင်သင့်ကြောင်း မေတ္တာတရားထားကာ လူတိုင်းကိုဖေးမကူညီသင့်ကြောင်း သင်ခန်းစာရပါတယ်

  • @mohmohkhing4877
    @mohmohkhing4877 2 ปีที่แล้ว

    Nobody is perfect but caring and love other people can success both. Even we're not same appereance, we can try the serveal ways to get happiness and success. Thanks for your video💕💕

  • @charliyet03
    @charliyet03 2 ปีที่แล้ว

    ဒီ ဗီဒီယိုကို ကြည့်ခြင်းအားဖြင့် မိမိရဲ့နေစဥ်နေထိုင် အသက်ရှင်မှု ကို ကျေးဇူးတင်ပြီး အကျိုးရှိရှိ အသက်ရှင်နေထိုင်သင့်ကြောင်း၊ ဘဝမှာ အခက်ခဲ ပြဿနာကြုံတွေ့ရသော်လည်းပဲ အရှုံးမပေးပဲ အသက်ရှင်နေထိုင်သင့်ကြောင်းနဲ့ သူတစ်ပါးအား မေတ္တာပြကာ ဖေးမကူညီရင်း ဘဝကို ပျော်ရွှင်စွာ နေထိုင်သွားသင့်ကြောင်း သင်ခန်းစာရရှိပါတယ်။ ကျေးဇူးတင်ပါတယ်။

  • @nyeenoesar1802
    @nyeenoesar1802 2 ปีที่แล้ว

    သေးငယ်တဲ့အောင်မြင်မှုတွေက ရှေ့ဆက်ဖို့အတွက် ယုံကြည်မှုတွေကို ပေးတယ်။ ကျွန်ုပ်တို့နေ့စဉ်အသက်ရှင်နေရတာ၊ ကျန်းမာစွာ သွားလာနိုင်တာကို ကျေးဇူးတင်တတ်ရမယ် ဆိုတာကို သူ့ရဲ့ဖြစ်စဉ်ကို ပြောပြခြင်းအား နေ့စဉ်အသက်ရှင်နေရခြင်းက အံ့ဖွယ်ဖြစ်ပြီး နေ့စဉ်ဘဝကို ပျော်ရွှင်စွာ၊ ကျေနပ်စွာ၊ သူတစ်ပါးအပေါ်မေတ္တာထားပြီးအသက်ရှင်ခြင်းက အံ့ဖွယ်ဘဝမှာနေထိုင်ခြင်းဖြစ်တယ်ဆိုတာ သင်ယူဖြစ်ခဲ့ပါတယ်။

  • @sawjoshua8009
    @sawjoshua8009 2 ปีที่แล้ว

    ဒီ video ကနေ ဘဝကဘယ်လောက်တောင်တန်ဖိုးရှိပြီး တန်ဖိုးထားသင့်သလဲဆိုတာကိုလဲသိရှိရပါတယ်။ ဒီလိုမျိူးကိုယ့်ကကောင်းမွန်စွာ အသက်ရှင်နေထိုင်နိုင်တာ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ဆိုတာသိရှိနားလည်ခဲ့ပါတယ်။ ကိုယ့်ဘဝမှာ ဘယ်လို ဒုက္ခ မျိုးတွေဘဲကြုံတွေ့နေရပါစေ စိတ်ဓာတ်မကျဘဲ အကောင်းမွန်ဆုံး အသက်ရှင်သွားနိုင်ဖို့အရေးကြီးတာကိုလဲသိရှိခဲ့ရပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ် ။နောက်ထက်လဲ ဒီလိုမျိုး ကောင်းမွန်တဲ့ Video တွေဆက်လက်တင်နိုင်ပါစေ။

  • @eimyatmoe2002
    @eimyatmoe2002 2 ปีที่แล้ว +1

    အဓိကတော့ ချစ်ခြင်းမေတ္တာနဲ့ ဆုတောင်းခြင်းဖြစ်တယ်လို့ ခွန်အားရပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်ုပ်တို့ရဲ့ ချစ်ခြင်းမေတ္တာအားဖြင့် တစ်ပါးသူကိုလည်း စိတ်ခွန်အားဖြစ်စေပြီ ဘုရားသခင်က ကျွန်ုပ်တို့ကို ဘာကို အလိုရှိလဲဆိုတာကို သိဖို့လဲ ဆုတောင်းဖို့ လိုတယ်ဆိုတာကို ခွန်အားရပါတယ်။

  • @ruthcaroljoy1444
    @ruthcaroljoy1444 2 ปีที่แล้ว

    ကျွန်ုပ်တို့ နေ့စဥ်ဘဝမှာ လုပ်နိုင်ခဲ့တဲ့ အရာ တစ်ခုစီတိုင်းက အံ့ဖွယ်အမှုပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေ မှာတော့ ထိုအရာ ကို လုပ်ရိုးလုပ်စင် အတိုင်းပဲ သတ်မှတ်ပြီး သတိမမူခဲ့ကြပါဘူး။ တစ်ချို့သူတွေ အတွက်ကျတော့ နေ့တိုင်းလုပ်တဲ့ လုပ်ရိုးလုပ်စင် တွေဟာ အလွန်ခက်ခဲတဲ့အရာတွေပဲဖြစ်တယ်။ ဒါကြောင့် ကျွန်ုပ်တို့နေ့စဥ် ဘဝမှာ လုပ်နိုင်ခဲ့တဲ့ အရာတစ်ခုစီတိုင်း သာမာန်လို့မတွေးဘဲ ထိုအရာအတွက် ကျေးဇူးတင်သင့်ပြီး ကိုယ့်ဘဝကိုလဲ ရောင့်ရဲ တင့်တိမ်သင့်ကြောင်း ခွန်အားရပါသည်။