အမာရွတ်က တောက်ပတဲ့ ကြယ်ပွင့်အဖြစ် ပြောင်းလဲသွားတဲ့အခါ - ဘတ်ဆန်းမီ

แชร์
ฝัง
  • เผยแพร่เมื่อ 16 ต.ค. 2024
  • ✻ ဗီဒီယိုကို မြန်မာစာတန်းထိုးဖြင့် ကြည့်ရှုနိုင်ရန်အတွက် ဗီဒီယိုညာဘက်ထောင့်ရှိ CC အကွက်ကို နှိပ်ပြီး Setting ရှိ Captions တွင် Burmese ကို ရွေးချယ်၍ မြန်မာစာတန်းထိုးဖြင့် ကြည့်ရှုနိုင်ပါသည်။
    ✻ ဟောပြောပို့ချသူ၏ ဟောပြောပွဲ မိတ်ဆက် : ဘယ်လိုလုပ်ရင် ဒုက္ခအခက်အခဲတွေကို အနိုင်ယူကျော်ဖြတ်ပြီးတော့ အိမ်မက်ပန်းတိုင်ကို အကောင်အထည်ဖော်နိုင်မလဲ။
    “ ကိုယ့်ကို ယုံကြည်ပေးတဲ့ လူတစ်ယောက် ” က အနားမှာ အားပေးနေမယ်ဆိုရင် ကိုယ်မှာ ရှိနေတဲ့ စွမ်းရည်ကို အစွမ်းကုန် ဖော်ထုတ်နိုင်ပြီးတော့ နောက်ဆုံးမှာ အိမ်မက်ကို အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။ အဲဒီလိုပဲ “ ပြီးခဲ့တဲ့ အချိန်ကာလရဲ့ ဒုက္ခအခက်အခဲတွေဟာ လက်ရှိအချိန်မှာ ပိုင်ဆိုင်ထားတဲ့ အရည်အချင်း ” လည်း ဖြစ်လာနိုင်ပါတယ်။ ဒုက္ခလှိုဏ်ခေါင်းကို ကောင်းကောင်း ဖြတ်သန်းသွားပြီးပြီဆိုရင်တော့ လောကကြီးမှာ ကောင်းမွန်တဲ့ လွှမ်းမိုးမှုတွေကို ပေးစွမ်းပြီး နေနိုင်သွားပါပြီ။ ကိုယ့်ကို ယုံကြည်ပေးတဲ့ လူတစ်ယောက် အခု ကိုယ့်အနားမှာ ရှိနေပါသလား။ ကိုယ်ကရော တစ်စုံတစ်ယောက်အတွက် အဲဒီလိုလူတစ်ယောက်အဖြစ် ရှိပေးနေပါသလား။ အခု ဒုက္ခလှိုဏ်ခေါင်းရှည်ကြီးကို ဖြတ်သန်းနေကြတဲ့သူတွေ ရှိပါသလား။ ဒီနေ့ အားလုံး ကြုံတွေ့နေရတဲ့ ခက်ထန်ကြမ်းတမ်းလှတဲ့ အခက်အခဲဒုက္ခတွေဟာ တစ်စုံတစ်ယောက်အတွက် နွေးထွေးတဲ့ မျှော်လင့်ချက်ရောင်ခြည်ဖြစ်လာမယ့် နေ့ရက်တွေ ရောက်ရှိလာဖို့ အားပေးနေပါမယ်။
    ✻ ဗီဒီယို တက်လာတဲ့အခါတိုင်း ကြည့်ရှုချင်တယ်ဆိုရင် အခုပဲ click နှိပ်လိုက်ပါ (alarm setting)!
    👉 bit.ly/35YdDeQ
    ✻ အလုပ်ရှုပ်လှတဲ့ တစ်နေ့တာကြောင့် ဟောပြောပွဲ အနှစ်ချုပ် ဗီဒီယိုကို စိတ်ဝင်စားတယ်ဆိုရင် !
    👉 / sebasimyanmar
    ✻ ဘာသာပြန်သူ - Khin Su Su San
    ✻ဆယ်ဘာရှီ မြန်မာ [TH-cam Channel နှင့် Facebook Page] သည် ကိုရီးယားနိုင်ငံ၏ နာမည်ကြီး ချန်နယ်တစ်ခုဖြစ်သည့် 세바시 강연 Korea Sebasi Talk နှင့် တရားဝင်စာချုပ်ချုပ်ဆိုပြီး မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် တရားဝင် ချန်နယ် ပူးတွဲလုပ်ဆောင်ခွင့် ရရှိထားကာ သုတ ရသ ပညာပေးဗီဒီယိုများနှင့် စာတန်းထိုး ဗီဒီယိုများကို တင်ဆက်ပေးလျက်ရှိပါသည်။
    ထို့ကြောင့် Sebasi Myanmar (TH-cam, Facebook Page) တို့မှ တင်ဆက်ပေးနေသော ဗီဒီယိုများကို အစအဆုံးဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ Download ဆွဲယူပြီး မိမိတို့၏ Personal Account ၊ Social Media Page တွင် ပြန်လည်ကူးယူပြီး တင်ခြင်းမျိုး မပြုလုပ်ကြပါရန် အသိပေးကြေညာအပ်ပါသည်။
    ထိုအစား မူရင်း ဗီဒီယို၏ TH-cam Link ကိုဖြစ်စေ Facebook Link ကိုဖြစ်စေ Copy Paste ပြုလုပ်ပြီး မိမိတို့၏ Personal Account ၊ Social Media Page တွင် ပြန်လည် Share ခြင်း၊ မူရင်း Post ကို တိုက်ရိုက် Share ခြင်းမျိုးကိုသာ ခွင့်ပြုထားပါသည်။ မူပိုင်ခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းကို သွေဖည်သော မည်သည့် အပြုအမူမျိုးကိုမဆို ကျူးလွန်မိပါက မူပိုင်ခွင့်ဥပဒေနှင့်အညီ တရားဝင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
    #sebasimyanmar
    #copyright

ความคิดเห็น • 11

  • @myatshwesinoo871
    @myatshwesinoo871 ปีที่แล้ว +1

    ဤ video အားဖြင့် သင်ယူခဲ့ရသည်မှာ အမြဲကို့ကိုအားပေးပြီးယုံကြည်ပေးသူအားဖြင့် အဆုံးတိုင်အခက်အခဲများကိုကျော်ဖြတ်နိုင်ပြီး မိမိအလိုရှိရာထိ သွားနိုင်ကြောင်း၊ မိမိအတွက် ခါးသီးပီးပြန်မတွေးနိုင်သောအရာများဖြစ်နိုင်သော်လည်း ထိုအရာအားဖြင့် အခြားလူများအတွက်တော့ အကူအညီဖြစ်နိုင်ကြောင်း၊ စကားပြောရာ၌လည်းသတိထားသင့်ကြောင်းတို့ကိုသင်ယူခဲ့ရပါသည်။

  • @deparxd7121
    @deparxd7121 ปีที่แล้ว +1

    Yes, It's true. We have been doing mistake in the past and also we're still feeling odd for our mistakes. We have to learn from our mistakes instead of blaming ourselves. Most of the teenagers are facing with chequered like as family situation, friendship and their study therefore they are not able to put effort to their passion but since I've watching this video I've learned a lot that can help to gain my emotion. I decided to put more effort to get to my destination even I met many challenging. Thanks so much for uploading this precious video.

  • @ElizabethHtoo
    @ElizabethHtoo ปีที่แล้ว

    What I have learned from this video is the importance of using the right words when interacting with people because people can be affected physically and emotionally by our words that we throw to them. Moreover, we need to accept or emphasize the encourage words more than criticized words to cultivate our positive mind through our life. Finally, I am also motivated by the star that was explained as an example by the speaker because it is not an easy journey to get to my goal but I am have to try my best for my better version.

  • @sawjoshua8009
    @sawjoshua8009 ปีที่แล้ว

    ကျွန်တော်ဒီဗီဒီယိုလေးကို ကြည်ပြီးတဲ့နောက်မှာ ဘဝမှာ အမြဲတိုင်းကိုယ့်လိုအပ်နေချိန် လူတစ်ယောက်အမြဲ ရှိနေတက်တတ်ပါတယ်။ ပြီးတော့ အဲ့လိုလူတွေ ကိုယ့်အနားမှာမရှိပင်မဲ့လည်း အကောင်းမွန်ဆုံးကြိုးစားပြီး အောင်မြင်တော့ လူတစ်ယောက်ဖြစ်အောင် ကြိုးစားသွားကြတဲ့လူတွေလည်း ရှိကြတယ်။ ပြီးတော့လည်း ကိုယ့် အိမ်မက်ပန်းတိုင်က ဘယ်လောက်ပဲ အဝေးကြီးမှာ ရှိနေပါစေ လုံးဝ လက်မလျှော့လိုက်ဘဲနဲ့ ကြိုးစားသွားနော်လို့ စကားလဲက ကျွန်တော်အတွက် အရမ်းကို အားဖြစ်စေခဲ့ပါတယ်။ ကျွန်တော်တို့ ဘဝမှာ အခက်အခဲတွေ ပင်ပန်းမှုတွေ ကြုံတွေ့နေရပင်မဲ့ အဲ့ဒီကနေ ဘယ်လိုမျိုး ရုန်းကန်းပြီး အောင်မြင်ကြိုးစားရမလဲဆိုတာကို သေချာ စဉ်းစားဆုံးဖြတ်ပြီး ကိုယ့်လိုချင်းသော အောင်မြင်မှု ပန်းတိုင်ကို ရရှိမှာဖြစ်တာကို ကျွန်တော်သင်ယူရရှိခဲ့ရပါတယ်။ ကျွန်တော်အတွက် ဒီ speech လည်းက အရမ်းကို ခွန်အားဖြစ်စေခဲ့ပြီး ကျွန်တော်လည်း အကောင်းမွန်ဆုံးကြိုးစားရုန်းကန်ပြီး အောင်မြင်စွာ လုပ်ဆောင်သွားပါမယ်။ ကျေးဇူးတင်ပါတယ်။ ဒီလိုမျိုး ဟောပြောချက်တွေနောက်လည်း အများကြီးတင်နိုင်ပါစေ။

  • @ruthcaroljoy6515
    @ruthcaroljoy6515 ปีที่แล้ว

    တစ်ခါတစ်ရံမှာ ကျွန်ုပ်တို့အတွက် ဆိုးဝါးသော အတွေ့အကြုံလို့ ထင်မှတ်ပြီး ‌ဖြတ်ကျော်လာရတဲ့အချိန်တွေဟာ တစ်စုံတစ်ယောက်အတွက် ခွန်အားယူနိုင်တဲ့ မျှော်လင့်ချက်လေးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ယခုအချိန်ကိုယ်တွေ့ကြုံရသော အခက်အခဲတွေကို အရှုံးမပေးဘဲနေပါက နောင် အနာဂတ်အတွက် အမာရွတ်ကောင်းတစ်ခုတည်ရှိပြီး ဘ၀အတွက် သင်ယူစရာအချို့ကို အောင်မြင်သူအဖြစ် လက်မထောင်နိုင်မည်ဖြစ်သည်။

  • @nawmary445
    @nawmary445 ปีที่แล้ว

    ကျွန်မဒီဗီဒီယို ကနေသင်ယူရတာက‌ေတာ့တခါတလေကိုယ့်အတွက်နှစ်သိမ့်ပေးမ့ဲ သူကော ကိုယ့်ကို ယုံကြည်မူတေါရှိနေခြင်းဟာ ကိုယ့်ရ့ဲအင်အားတစ်ခုလိုဖြစ်ပြီး တော့ တစ်ခါတစ်လေကျပြန်တော့ ကိုယ့်ရ့ဲအခက်ခဲတွေက ကို့ယ့်စိတ်ကို သေခြင်နိုင်လာတ့ဲ အခါလည်းရှိပါတယ် ဒါပေမ့ဲ ဒီအရာတွေကို ဘဝလို့ခေါ်ပြီးတော့ ဒါဟာနောင်တစ်ချိန်ကျရင်တော့ ကိုယ်တွေလိုငယ်ရွယ်တ့ဲအချိန်မှာဖြစ်လာမ့ဲ စိတ်ဓာတ်ကျမှုတွေကို ပြန်လည်အားပေးနိုင်မ့ဲ ခွန်အားပေးချက်တစ်ခုဖြစ်လာနိုင်တယ်လို့မြင်မိပါတယ်။

  • @charliyet03
    @charliyet03 ปีที่แล้ว

    ကျွန်ုပ်တို့ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ နာကျည်းစရာကောင်းတဲ့ အတိတ်ဖြစ်ရပ်တွေက တစ်ချို့သော သူတွေအတွက် ခွန်အားဖြစ်စေနိုင်ပြီး တောက်ပတဲ့ ဘဝကို အကောင်အထည်ဖော်နိုင်ပါတယ်။ ထို့ကြောင့်ယခုချိန်မှာ ကြုံတွေ့နေရတဲ့ အခက်ခဲ ပြဿနာတွေ၊ နာကျည်းမှုတွေကို တစ်ချိန်ချိန်မှာ တောက်ပတဲ့ ကြယ်ကလေးအဖြစ် ရပ်တည်နိုင်အောင် ကြိုးစားရှင်သန်ရင်း နေထိုင်ရမည်ဖြစ်ကြောင်းနှင့် အားနည်းနေသောသူများ၊ လမ်းပျောက်ဆုံးနေသောသူများအား ယုံကြည်မှုပေးခြင်းအားဖြင့် လှပတဲ့ အနာဂတ်ပိုင်ဆိုင်နိုင်အောင် ဖေးမကူညီသင့်ကြောင်း သင်ခန်းစာရရှိပါတယ်။ ကျေးဇူးတင်ပါတယ်။ (For February)

  • @eitone9252
    @eitone9252 ปีที่แล้ว

    လူတွေဟာ ကြီးမားတဲ့အခက်ခဲတစ်ခုနဲ့ရင်ဆိုင်ရလာပြီဆို ပထမဦးစွာဖြေရှင်းဖို့နည်းလမ်းကို စဉ်းစားဖို့ထက် ပြဿနာကနေရှောင်ပြေးဖို့ကို ကြိုးစားကြတာကို သိခဲ့ရပါတယ်။ ဟောပြောသူကိုယ်တိုင်ကလဲ သူ့ရဲ့ပြဿနာတွေကို ဖြေရှင်းဖို့ထက် သတ်သေလိုက်ဖို့ကို အရင်ဆုံးစဉ်းစားမိရာကနေ စကားလေးတစ်ခွန်းကြောင့်ပဲ ပြန်လည်အားတင်းနိုင်ခဲ့ပြီး လှပတဲ့ဘဝကိုရှေ့ဆက်နိုင်ခဲ့တာကြောင့် အတုယူသင့်တယ်လို့ထင်မိပါတယ်။ စကားလေးတစ်ခွန်းကပဲ ခွန်အားဖြစ်စေခဲ့သလို စကားတစ်ခွန်းကပဲ လူတစ်ယောက်ကိုပြိုလဲနိုင်စေတယ်ဆိုတာကိုလည်း လေ့လာခဲ့ရပါတယ်။ ဘယ်လိုကြီးမားတဲ့အခက်ခဲဖြစ်နေပါစေ နည်းလမ်းတကျနဲ့သာဖြတ်ကျော်နိုင်ပြီဆို နောင်တစ်ချိန်မှာ အဲ့ဒီအရာကပဲ ကိုယ့်ရဲ့အောင်မြင်မှုကို အထောက်အပံ့ဖြစ်စေတဲ့ အရာဖြစ်နိုင်တာကြောင့် အရှုံးမပေးပဲကြိုးစားမယ်ဆို လှပတဲ့အနာဂတ်ကစောင့်ကြိုနေမယ်ဆိုတာ သေချာကြောင်း လေ့လာခဲ့ရပါတယ်။🤍

  • @samuelkyaw5819
    @samuelkyaw5819 6 หลายเดือนก่อน

    ကျတော်တို့ဟာ ဘဝမှာ ကျရှုံးမှု ပင်ပန်းမှု အခက်ခဲတွေတွေ့ကြုံရနိုင်ပါတယ် အဲဒီချိန်မှာလူနှစ်မျိုးကွဲထွက်သွားပါတယ် လုံးဝလက်လျှော့လိုက်တဲသူနဲ့ ဇွဲလုံ့လမလျှော့တဲ့သူဆိုပြီးတော့ ပါ။ ကျတော်တို့ဟာ ဘာပဲကြုံကြုံ မိမိကိုကိုယ်ယုံကြည့်ပြီး ရှေ့ဆက်ရပါမယ် ။ မိမိကိုကိုယ်ယုံကြည်မှုရှိခြင်းက အလွန်အရေးကြီးကြောင်း သင်ယူမိပါတယ်