တာချီလိတ်မြို့ပေါ်က အွန်လိုင်းလောင်းကစားလုပ်ငန်းကို စစ်တပ်ဝင်စီး

แชร์
ฝัง
  • เผยแพร่เมื่อ 5 ต.ค. 2024
  • တာချီလိတ်မြို့ပေါ်က အွန်လိုင်းလောင်းကစားလုပ်ငန်းကို စစ်တပ်ဝင်စီး (ရုပ်/သံ)
    ဧရာဝတီ၊ ဖေဖော်ဝါရီ ၂၃၊ ၂၀၂၄
    ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက်၊ 1G1 ဟိုတယ်ရဲ့ နောက်ဘက်မှာ ဖွင့်လှစ်ထားတဲ့ အွန်လိုင်း လောင်းကစားရုံကို ဖေဖော်ဝါရီ ၂၃ ရက်နေ့မနက် အစောပိုင်းမှာ စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပါတယ်။
    အဲဒီအွန်လိုင်း လောင်းကစားရုံဟာ ထိုင်း-မြန်မာ နယ်စပ် မယ်ဆိုင်ချောင်း ကမ်းနဖူးပေါ်မှာတည်ရှိပြီး ထိုင်း၊ မြန်မာနဲ့ တရုတ်နိုင်ငံသား ဝန်ထမ်း စုစုပေါင်း ၈၀၀ ကျော် ဝန်းကျင်ရှိပြီး ဖမ်းဆီးချိန်မှာတော့ ညပိုင်းဆင်းတဲ့ ဝန်ထမ်း ၃၀၀ ဝန်းကျင်း ပါသွားတယ်လို့ သိရပါတယ်။
    ထိုင်းနိုင်ငံကတော့ ဖမ်းဆီးခံရတဲ့ အထဲမှာ သူတို့ရဲ့နိုင်ငံသားတွေလည်း ပါဝင်တာမို့ စောင့်ကြည့် စုံစမ်းနေတယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေဆီကနေသိရပါတယ်။ အဖမ်းခံရသူတွေထဲမှာ မြန်မာနဲ့ ထိုင်းနိုင်ငံသား အများဆုံး ပါတယ်လို့ သိရပေမယ့် စုစုပေါင်း အရေအတွက် အတိအကျကိုတော့ မရရှိသေးပါဘူး။ ဒီစီးနင်းဖမ်းဆီးမှုကို ရဲတပ်ဖွဲ့တောင် မသိလိုက်ဘဲ တြိဂံတိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ် အောင်ခိုင်ဝင်း ရဲ့ညွန်ကြားချက်နဲ့ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
    တာချီလိတ်မြို့ပေါ်မှာ အွန်လိုင်း လောင်းကစား၊ မူးယစ်ဆေးဝါးနဲ့ အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေ ရှိနေတဲ့ အထဲကမှ ဒီတခုထဲကို ရွေးထုတ်ဖမ်းပြတာလဲဆိုတာကိုတော့ မသိရသေးပါဘူး။ ဖမ်းဆီးမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး သိရှိနိုင်ဖို့ အတွက် ဒီသတင်းကို အဆက်မပြတ်ဖော်ပြနေတဲ့ Tachileik News Agency ရဲ့ အယ်ဒီတာ ကိုဇောင်း ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

ความคิดเห็น • 80