ဒီဇင်ဘာလ ၂၁ ရက်၊ ကြာသပတေးနေ့၊ ၂၀၂၃ ခုနှစ်

แชร์
ฝัง
  • เผยแพร่เมื่อ 19 ธ.ค. 2023
  • သမ္မာတရားရိပ်မြုံ (ဆရာဂျက်)
    နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်းအတွက်သမ္မာတရား
    ဒီဇင်ဘာလ ၂၁ ရက်၊ ကြာသပတေးနေ့၊ ၂၀၂၃ ခုနှစ်
    အခြေပြုကျမ်း - ယာကုပ် ၁:၁၂-၁၅
    စုံစမ်းနှောင့်ယှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။အကြောင်းမူကား စစ်ကြောစုံစမ်းခြင်းကိုခံပြီးမှ သခင်ဘုရားကို ချစ်သောသူတို့အား ဂတိထားတော်မူသော အသက် သရဖူကို ရလိမ့်မည်။ (ယာကုပ် ၁:၁၂)
    ####### ကျွန်တော်တို့ယုံကြည်သူတွေလောကမှာနေထိုင် အသက်ရှင်စဉ်မှာ ခံရတဲ့ စုံစမ်းခြင်း သုံးမျိုးရှိပါတယ်..စုံစမ်းသွေးဆောင်ခြင်း နဲ. စုံစမ်းနှောင့်ယှက်ခြင်း နောက် စုံစမ်းစစ်ဆေးခြင်းတို့ ဖြစ်ပါတယ်... စုံစမ်းသွေးဆောင်ခြင်းဆိုတာ ကျွန်တော်တို့အပြစ်လုပ်ဘို့ စာတန် သွေးဆောင်တာဖြစ်တယ်...အဲ့ဒါက ကျွန်တော်တို့ရဲ့ ဇာတိစိတ်ထဲကလာတယ်..အဲ့ဒါကို ဘုရားသခင် ဘယ်တော့မှမလုပ်ပါဘူး... စုံစမ်းနှောင့်ယှက်ခြင်း နဲ့စုံစမ်းစစ်ဆေးခြင်းကတော့ စာတန်ကိုဘုရားသခင် အခွင့်ပေးလိုက်တာဖြစ်ပြီး ယောဘ ခံစားရတဲ့ ကိစ္စမျိုးပေါ့...သူ့ကို ဘယ်လောက်ဘဲ စာတန်နှောင့်ယှက်ပါစေ...ဘုရားသခင် စစ်ဆေးပါစေ....ဘုရားသခင်ကို ယုံကြည်တဲ့စိတ်နဲ့ ချစ်တဲ့စိတ် လုံးဝမပျောက်သွားဘူး ...အဲ့ဒီလိုလူမျိုးက အသက် သရဖူကို ရမှာဖြစ်ပြီး ထာ၀ရ ခံစားရမှာဖြစ်ပါတယ်💥💥💥💥💥💥💥💥
    ###### ဒါပေမဲ့ အဲ့ဒီသရဖူကို ဘုရားသခင် က ဒီလောကမှာပေးမှာမဟုတ်သေးဘူး.... ကောင်းကင်ဘုံရောက်မှပေးမှာဖြစ်တယ် .... စုံစမ်းခြင်းများကို သည်းခံရတာ မလွယ်ပါဘူး...အထူးသဖြင့် မကောင်းတဲ့စိတ်တွေ ကိုယ့်အထဲမှာ ဖြစ်လာရင် အဲ့ဒါကို လက်တွေ့ အကောင်အထည် မဖေါ်ခင်မှာ အချိန်မှီ တားဆီးရမှာဖြစ်ပါတယ်... ဥပမာ အနေနဲ့ သခင်ယေရှုကို စာတန် လာရောက်သွေးဆောင်ခြင်းကို ကြည့်ပါ.. ကိုယ်ခန္ဓာပိုင်းဆိုင်ရာ .. စိတ်ပိုင်းဆိုင်ရာ ဝိညာဉ်ပိုင်းဆိုင်ရာ သွေးဆောင်ခြင်းခံရပေမဲ့ စာတန်ခိုင်းတာကို သခင်ယေရှု လုံးဝမလုပ်ခဲ့ပါဘူး🗯️🗯️🗯️🗯️🗯️🗯️🗯️
    ######## သခင်ယေရှု စာတန်ကို အနိုင်ယူခဲ့တာ ဘုရားစကားနဲ့ဖြစ်တယ် ... စာတန်ကို သူက ဘုရားစကားဘဲ ပြန်ပြောတယ်...ဘုရားစကား နှုတ်ကပတ်တော် က စာတန်ကို အောင်နိုင်တဲ့ လက်နက်ဖြစ်လို့ ကျွန်တော်တို့နှလုံးသားထဲမှာ အမြဲရှိရမှာဖြစ်ပါတယ်... စုံစမ်းတဲ့သူကို လက်ခံတွေ့ဆုံပြီး နှုတ်ကပတ်တော်နဲ့အနိုင်ယူခဲ့တဲ့ သခင်ယေရှုနဲ့အတူ ကျွန်တော်တို့ ရပ်တည်ရမှာဖြစ်တယ် ...စုံစမ်းခြင်းတွေကို တွန်းလှန်နိုင်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ အသက်တာ စုံလင်လာမယ်...ရင့်ကျက်ကြီးထွားလာမှာဖြစ်ပါတယ်❤️❤️❤️❤️❤️
    🤔🤔🤔🤔🤔 ထပ်မံဆင်ခြင်ရန်... သွေးဆောင်မှုများအားဖြင့် သင့်ဘဝတိုးတက်လာပါသလား?
    🙏🙏🙏🙏🙏🙏 ဆုတောင်းရန်... အဖဘုရား..စုံစမ်းခြင်းများနဲ့ ရင်ဆိုင်ရတဲ့အခါတိုင်းသည်းခံနိုင်ဘို့ ခွန်အားပေးပါ အဖ
  • เพลง

ความคิดเห็น • 2