ဖြူဖြူကျော်သိန်း - ဖေဖေ့စကား (Daddy's Words) [Official MV]
ฝัง
- เผยแพร่เมื่อ 8 ก.พ. 2025
- Song - Phay Phay Sa Kar (Daddy's Words) (ဖေဖေ့စကား (Daddy's Words))
Artist - Phyu Phyu Kyaw Thein (ဖြူဖြူကျော်သိန်း)
Composer - Phyu Phyu Kyaw Thein (ဖြူဖြူကျော်သိန်း)
Band - Art of Diva
#PhyuPhyuKyawThein #ဖြူဖြူကျော်သိန်း #ဖေဖေ့စကား #DaddysWords #Legacy_Music
----------------------------------------------------
👉🏼 Subscribe to our TH-cam channel - / legacymusicofficialcha...
👉🏼 Our website link - www.legacy.com.mm/
👉🏼 Follow Our Legacy Music Facebook Page Link - / legacymusicvideo
👉🏼 Follow Our Legacy Music Tik Tok Link - vt.tiktok.com/...
👉🏼 Follow Our Legacy Music Instagram Link - / legacymusic.mm
----------------------------------------------------
ဖေဖေ့စကား ~ Daddy's Words
ရေး+ဆို ~ ဖြူဖြူကျော်သိန်း
Verse 1:
ဖေဖေသွန်သင်တာတွေ ခံယူခဲ့တဲ့ ငါ့ရဲ့အသက်တာမှာ
အမှန်တရားဆိုတာသာ ဘဝရဲ့ဘာသာတရား...
အချိန်တွေကြာလေ ငါလေကြုံနေရတဲ့ လူအားလုံးရဲ့အလယ်မှာ
ရှာမတွေ့နိုင်တာဟာ ရိုးသားတဲ့စိတ်ထား...
Chorus 1:
ဖေဖေပြောခဲ့ဖူးတဲ့ ရိုးသားမှုဆိုတာ ပုံပြင်တစ်ပုဒ်လား?
အနှစ်လေးဆယ်ကြာတောင် ဘဝမှာမကြုံပါလား?
ဖေဖေပြောခဲ့ဖူးတဲ့ ဖြောင့်မတ်မှုဆိုတာ ဒဏ်ရာတစ်ခုလား?
ကိုယ်ပဲနာကျင်အောင် ကိုယ့်မှာချည်နှောင်ထား။
Verse 2:
ဖေဖေယုံကြည်တာတွေ နာခံခဲ့တဲ့ ငါ့ရဲ့နေ့ရက်များ
ကိုယ်ချင်းစာတာသာ လူ့ရဲ့သိက္ခာတရား...
အနေကြာလာလေ လူတွေ အရောင်တွေပြောင်းတဲ့ လောကကြီးအလယ်မှာ
ပျောက်ဆုံးလာတာဟာ အဆုံးထိ တည်ကြည်တာ...
Chorus 1:
Bridge:
ဖေဖေ အမြဲသွန်သင်တယ်
ဘဝမှာကျင်လည်
အမှားရယ် အမှန်ရယ်
သေချာပြန်စဉ်းစား
လူညံ့တွေခေါ်ရာ အမှားဝင်္ကပါကိုရှောင်သွား...
ဖေဖေ သက်သေထူတယ်
ရပ်တည်မယ်ဆို အသက်ပင်သေပါစေ
အို...ဟိုတဆုံးသွား
အမှန်တရားသာနိုင်မှာ ချွင်းချက်မရှိ ယုံထား။
Chorus 2:
ဖေဖေပြောခဲ့ဖူးတဲ့ ရိုးသားမှုဆိုတာ ပုံပြင်တစ်ပုဒ်လား?
အခုထိမတွေ့နိုင်ပါ...တကယ်ရှိတာ သေချာလား?
ဖေဖေပြောခဲ့ဖူးတဲ့ ဖြောင့်မတ်မှုဆိုတာ ဒဏ်ရာတစ်ခုလား?
ကိုယ်ပဲနာကျင်အောင် ကိုယ့်မှာချည်နှောင်ထား။
Ending:
ဖေဖေသွန်သင်တာတွေ ယုံကြည်ခဲ့တဲ့ ငါ့ရဲ့အသက်တာမှာ
အမှန်တရားဆိုတာသာ ဘဝရဲ့ဘာသာတရား...။ - เพลง
သီချင်းစာသားရော။ သီဆိုတဲ့ idol ရော။ အရမ်းနှစ်သက်တယ် ❤❤
သီးချင်လေးနားထောင်လိုက်ရတဲ့ခံစားချက် 💙💙💙💙
Be healthy Phyu Phyu💪💪💪
ကြိုက်တယ် ဘေးကင်းပါစေ idol 💗
Nice song.
I love it.
I miss u my idol.🥰
သူပြောတဲ့စကားတိုင်း၊ဆိုတဲ့သီချင်းတိုင်းသိပ်အဓိပ္ပါယ်ရှိတယ်ချစ်တယ်ဖြူလေး❤️
❤အိုက်❤😂
အဓိပ္ပါယ်တွေ ပြည့်နှက်နေတဲ့ သီချင်းတစ်ပုဒ်ပါ။
ဘေးကင်းပါစေ မဖြူ …
အားပေးနေပါတယ်
နားထောင်ရတာအရမ်းကြိုက်ပါတယ် အားပေးရကျိုးနပ်ပါတယ်ဖြူဖြူရေ အစစအဆင်ပြေပါစေကွယ်
ခွန်အားပေးစေတဲ့ သီချင်းလေးမို့ အထူးကျေးဇူးတင်ပါတယ် 🙏
good song
၂၇ နှစ်ကြာခဲ့ပီ
အလွန်နှစ်သက်ပါတယ်။ သီချင်းကောင်းလေးတွေအမြဲတင်ပေးတဲ့အတွက်။ ကျေးဇူးကမ္ဘာ👍😘🙏
အနှစ်လေးဆယ် ကြာတောင် ဘဝမှာ မကြုံပါလားးးး
သီချင်းထဲမှာ အဓိပ္ပါယ်တွေအများကြီးပါတယ်
Thanks nice song 👍👍👍💖💖💖God bless you families 🙏🙏🙏🙏🙏
ေကာင်းတယ်
😍😘👏👏
❤❤❤❤❤❤
အရမ်းကောင်းတဲ့ သီချင်းတစ်ပုဒ်ပါ
ဒီလို artist မျိုးကို အားပါရတာ အား ပေးရကျိုးနပ်ပါတယ်ခဗျာ....support လုပ်ပေးကြပါ🥰
ကိုယ်ပဲနာကျင်အောင်ကိုယ့်မှာခြည်နှောင်ထား💞💞💞
😍😍
အရမ်းကောင်းမွန်နေမှု့ မဖြူရေ။
စကားစုတစ်ခုချင်းစီကအစ အနှစ်သာရအပြည့်။
စာသားတစ်ကြောင်းစီက အဓိပ္ပါယ်အပြည့်။
ခံစားချက်နဲ့ကွက်တိပါပဲဗျာ။
❤️❤️❤️
😥💗
🌷🌷🌷🌷🌷🌷🌼🌼🌼🌼🌼🌼🌼
နားထောင်ပီးမျက်ရည်လည်မိပါတယ်မဖြူလည်းအဆင်ပြေပါစေ
😍😍